Chapter-60

3.8K 691 36
                                    

Unicode]
ရှန်းယို့ယို့ကိစ္စအဆင်ပြေသွားပြီးသည့်နောက်ရက်တွင် ရှန်းဂျင်သည် အဆောင်သို့ပြန်လာ၏။

ပြန်ရောက်သည့်အခါ အခန်းထဲမှတခြားလူအားလုံးသည် စာကြည့်တိုက်တွင် စာပြန်ကြည့်နေကြသော်လည်း စာကြည့်တိုက်တွင် တစ်အိုးတစ်အိမ်တည်နေကျ ရဲ့ကျိုးကမူ အခန်းထဲတွင်ရှိနေ၏။

“စာကြည့်တိုက်ကိုမသွားဘူးလား?”
ရှန်းဂျင်သည် ဖတ်စာအုပ်များကို လွယ်အိတ်ထဲမှ တစ်အုပ်ပြီးတစ်အုပ်ထုတ်လိုက်ပြီး ထွက်မသွားခင်က ရှင်းလင်းထားခဲ့သော စားပွဲသည် မြန်မြန်ဆန်ဆန် ပြန်ရှုပ်ထွေးလာ၏။

“စာပြန်ကြည့်တာဖြစ်နေသရွေ့ ဘယ်မှာကြည့်ကြည့် ကိစ္စမရှိဘူးရယ်။ဘာမှမကွာဘူး”
ရဲ့ကျိုးသည် ထိုင်ခုံတွင် ကျောမှီလိုက်ရင်း ရှန်းဂျင်အား မကြာမကြာကြည့်ကာ 
“ယို့ယို့ကောဘယ်လိုနေလဲ? သူ့မောင်‌လေးနဲ့ပက်သက်ပြီးအမြင်ပြောင်းသွားပြီလား?”

ရှန်းဂျင်သည် ကိုယ်ကိုလှည့်လိုက်ပြီး ရဲ့ကျိုး၏စားပွဲပေါ်မှီကာ
“မနေ့ကပြန်ရောက်တော့ ကျိလေးက ယို့ယို့ရဲ့ လက်ချောင်းကိုဆွဲဖမ်းလိုက်တော့ ကျိလေးက သူ့ကိုတအားချစ်တယ်လို့ ယို့ယို့ကထင်သွားတယ်။'တွန့်ဆုတ်တွန့်ဆုတ်'နဲ့ ကျိလေးနဲ့သူငယ်ချင်းဖြစ်သွားတယ်။မင်းရဲ့ပေါက်တတ်ကရက တကယ်အလုပ်ဖြစ်တယ်”

“ငါအမှန်ကိုပြောခဲ့တာ။မနေ့က ပေါက်တတ်ကရပြောတာက မင်း! ငါလုပ်ခဲ့တာက အဖြူရောင်မုသားဆိုတာ မင်းနားလည်တယ်မလား ဒီဖြူစင်ပြီး ကြင်နာတတ်တဲ့ ကလေးမလေး ယို့ယို့က ဒါကိုယုံမှာပဲ”

ရှန်းဂျင်သည် ရဲ့ကျိုး၏ နဖူးကို တောက်၍ ထိုင်ခုံတွင်ပြန်ထိုင်လိုက်၏။စာအုပ်တစ်အုပ်ကိုရှာကာ စာပြန်ကြည့်နေလိုက်၏။ရဲ့ကျိုးသည်လည်း စာအုပ်ကိုဆက်ဖတ်နေ၏။

အခန်းသည် ခဏတာတိတ်ဆိတ်နေ၏။

သို့သော် မကြာခင် ဖုန်းမြည်သံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

ရှန်းဂျင်သည် ဖုန်းပေါ်မှ ခေါ်ဆိုသူIDကို ကြည့်ပြီးမျက်မှောင်ကြုတ်လိုက်၏။
 
လျန်ကျင်းမင်။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now