Chapter-61🚨

8.3K 837 35
                                    

[Unicode]🚨Mature Warning!!အသက်ပြည့်မှဖတ်ပါ!!🚨

ဂျူလိုင်လအစတွင် စာမေးပွဲအားလုံးပြီးစီးသွားသည့်အတွက် အဆောင်မှကျောင်းသားအများစုသည် အိမ်ပြန်ကြ၏။နောက်ဆုံးတွင် အခန်း၌ ရဲ့ကျိုးနှင့်ရှန်းဂျင်သာလျှင် ကျန်ခဲ့၏။

အဆောင်သည် နောက်ရက်တွင်ပိတ်မည်ဖြစ်ကာ ရဲ့ကျိုးသည် ပစ္စည်းထုတ်ပိုးမည့်အရိပ်အယောင်မရှိ။
ရှန်းဂျင်ကမေးလိုက်ရ၏။
"ဒီတစ်ခေါက်အိမ်ကိုဘယ်အချိန်ပြန်မှာလဲ?"

"လက်မှတ်မဝယ်ရသေးဘူး။အိမ်ပြန်ဖို့ပျင်းလွန်းနေတယ်။ဒီမှာပဲအချိန်ပိုင်းအလုပ်တစ်ခုရှာလိုက်မယ်"
ရဲ့ကျိုးသည် အိပ်ရာထဲမှ ခရီးသွားလမ်းညွှန်ကိုကြည့်ကာ
"ဒါမှမဟုတ် ခရီးထွက်လို့လည်းရတာပဲ။ဘယ်လိုပဲဖြစ်ဖြစ် ငါ အိမ်မပြန်ချင်ဘူး"

ရှန်းဂျင်သည် အလွန်အံ့ဩသွား၏။
"အဆောင်က နက်ဖြန် ပိတ်တော့မှာ။မင်းက အခုထိ အကုန်လုံးကို သာမန်ကာလျှံကာပြောနေတုန်းလား။ဘယ်အချိန်မှ အဲ့လိုအစီအစဉ်မရှိတဲ့သူဖြစ်လာမှာလဲ"

"တစ်ခါတစ်လေတော့ ငါလည်း ဇွတ်တရွတ်လုပ်ချင်တာပဲ စိတ်ရှင်းရှင်းထားပြီး လုပ်ချင်တာမှန်သမျှလုပ်တာမျိုး"
ရဲ့ကျိုးသည် ဖုန်းကိုချလိုက်ပြီး
"ဒါပေမယ့် ဒီလောက်ပူနေတော့ ခရီးသွားချင်စိတ်ပေါက်မလာဘူး။ပြောကြည့် မြို့စာကြည့်တိုက်ကိုသွားပြီး နေ့တိုင်းစာပဲဖတ်နေရင်ရော ဘယ်လိုလဲ။စိတ်ချမ်းချမ်းသာသာနေလို့ရတယ်။စာကြည့်တိုက်က စာကြည့်တိုက်မှုးတို့ဘာတို့ လူသစ်မ‌ခေါ်ဘူးလားမသိဘူး။ငါ စာအုပ်တွေကို အလကားစီ‌ပေးနိုင်တယ်"
T/N-ရှန်းဂျင်ရဲ့ကိုယ်ပိုင်စာအုပ်စီသမားပဲလုပ်နေပါ အစ်ကိုရယ်

"အဲ့လိုဆို ဘယ်မှာနေမှာလဲ?"

"ဟိုတယ်လို့တော့ထင်တာပဲ"

"ပိုက်ဆံမပြတ်သေးဘူးဆိုရင်တောင် အဲ့လိုတော့မဖြုန်းတီးသင့်ဘူး"
ရှန်းဂျင်သည် ရဲ့ကျိုး၏အိပ်ရာဆီသို့လျှောက်လာပြီး နှစ်ဦးသား၏အကြည့်က တန်းတူဖြစ်သွား၏။
"ငါ့အိမ်ကိုသွားရင်ရော?"

ရဲ့ကျိုးသည် ရုတ်တရက်ထထိုင်ကာ အသည်းအသန်လက်ခါယမ်းလိုက်၏။
"မသွားဘူး မသွားဘူး မသွားဘူး!"

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Où les histoires vivent. Découvrez maintenant