Chapter 21

4K 808 28
                                    

UNICODE

နှစ်ဝက်စာမေးပွဲပြီးသည်နှင့်အတူ ရဲ့ကျိုး၏ခြေထောက်ကလည်း လုံးဝသက်သာပျောက်ကင်းသွား၏။

သူသည် အခန်းတစ်ခုစီကလေထုမှာ ကွာခြားသလားမသိသော်ငြား ရဲ့ကျိုး၏မူလအခန်းထဲရှိ လူလေးယောက်မှာ အချိန်အများစုတွင် တပူးပူးတတွဲတွဲရှိကြသည်။လေးယောက်တူတူမရှိလျှင်တောင် အနည်းဆုံးနှစ်ယောက်တူတူရှိကြသည်။အခန်း405တွင် လျှိုယုထျန်းသည် ဝမ်ရန်ရွှီနှင့်အတူ မကြာခဏသွားလေ့ရှိပြီး ရဲ့ကျိုးသည် ကျန်းရှင်းကဘာနှင့်တူကြောင်းကိုမူ သတိမမူမိခဲ့။ဘယ်လိုပဲဖြစ်ဖြစ် ပြန်တွေးကြည့်လျှင် သူစာအုပ်များသယ်လာပြီး အတန်းထဲသို့ခြေလှမ်းလိုက်သည့်အချိန်တိုင်းတွင် ရှန်းဂျင်သည် တစ်ယောက်တည်းသာဖြစ်နေ၏။

ရှန်းဂျင်ကို ဘယ်သူကမှ အပြင်သွားဖို့ မခေါ်တာဖြစ်နိုင်လား?

ရဲ့ကျိုးသည် ကျောင်းလွယ်အိတ်အားလွယ်ထားရင်း အစကအခန်းဖော်ဟောင်းများကို တွေ့ချင်ခဲ့တာဖြစ်သော်လည်း ရှန်းဂျင်သည်တစ်ယောက်တည်း သူ့ဘာသာထိုင်နေသည်ကို ကြည့်ရခြင်းသည် အနည်းငယ်…သနားစရာကောင်းတယ်လို့ထင်ရတယ်မလား?

နောက်ပြီး သူ၏ခြေထောက်ကပြင်းပြင်းထန်ထန်ထိခိုက်ထားသည့် ရက်များတွင် ရှန်းဂျင်နှင့်သူသည် လျှပ်စစ်သုံးဘီးကားစီး၍ သာမန်စိတ်သဘောထားပြုပြင်ရေးတစ်ခုအား အခြေခိုင်ခဲ့၏။ဤအချိန်တွင် သေဖော်သေဖက်အား စွန့်ပစ်ခြင်းက အနည်းငယ်မသင့်တော်သယောင် ထင်ရသည်မဟုတ်လား?

တံခါးလက်ကိုင်အားကိုင်ထားရင်း နေ့တစ်ဝက်လောက် တွေဝေနေခဲ့ပြီး လုပ်သင့်သည်ကိုလုပ်လိုက်၏။

ရဲ့ကျိုးသည် ကျောပိုးအိတ်လွယ်လိုက်ပြီး ကျိုးဝမ်သောင်ထံ messageတစ်စောင်ပို့လိုက်၏။သူသည် ထိုင်ခုံတွင်ထိုင်းရင်း ရှန်းဂျင်အားစောင့်လိုက်၏။ရေချိုးခန်းလော့ဖွင့်သည့်အသံအားကြားလိုက်သည့်အခါ ရုတ်တရက်ထရပ်လိုက်ပြီး အိတ်ထဲသို့လက်နှစ်ဖက်လုံးထည့်ကာ ပစ္စည်းရာနေသယောင် ဟန်ဆောင်လိုက်၏။

ရှန်းဂျင်သည် ရေချိုးခန်းမှထွက်လာပြီးသည်နှင့် သူ့အားကြည့်လိုက်ကာ
“ခါတိုင်းဆို မင်းကတအားလျင်တာပါ။စာအုပ်လေးနှစ်အုပ်ထုတ်တာကို ဘယ်လိုတောင်တအားကြာနေတာလဲ”

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now