Chapter-67

2.8K 546 7
                                    

[Unicode]တစ်ယောက်ကမေးကောင်းမေးနိုင်၏။:
ညီအစ်ကိုတွေ “ပြေလည်”ပြီးတဲ့နောက်မှာ စိတ်အခြေအနေကဘယ်လိုဖြစ်နေသင့်လဲ?

ပျော်ပျော်ရွှင်ရွှင်နဲ့အတိတ်ကိုပြန်ပြောင်းအမှတ်ရနေရမလား အနာဂတ်ကိုရွှန်းရွှန်းဝေအောင်ရှေ့ဆက်ရမလား?

မဟုတ်ဘူး! တစ်ခုမှမဟုတ်ဘူး!

ရဲ့ကျိုး၏စိတ်ကအားအနည်းဆုံးအချိန်တွင် ရဲ့ဟန်းသည်ရုတ်တရက်ပြုံး၍ သူ့အားလုံးဝမတုံ့ပြန်နိုင်စေသည့် သူအစိုးရိမ်ဆုံးကိစ္စအားမေးလိုက်ခြင်းဖြစ်သည်!

ရဲ့ကျိုးသည် ကော်ဖီတစ်ငုံသောက်၍ ဂရုမစိုက်စွာမေးသယောင်ဆောင်လိုက်၏။
“ရှန်းဂျင်ရဲ့ဘာအကြောင်းလဲ?”

“လမ်းပေါ်မှာတုန်းက အစ်ကိုတို့တွေ့တဲ့လူတိုင်းက မင်းကို ရှန်းဂျင်အကြောင်းမေးကြတယ်။မင်းတို့နှစ်ယောက်ကသာမန်သူငယ်ချင်းတော့မဟုတ်ဘူးမလား?”

ရဲ့ကျိုး၏မျက်ခွံများတွန့်သွား၏။
နှစ်ယောက်ကြားကဆက်ဆံရေးကိုပေါ်သွားမှာစိုးလို့ ရှန်းဂျင်ကိုတမင်တကာမလာခိုင်းတာ။ဒါပေမယ့် ခုတော့ အစ်ကိုကရှန်းဂျင်ကိုမြင်တောင်မမြင်ရသေးဘူး ဒါတောင် ဘယ်လိုလုပ်စပြီးသံသယဝင်လာတာလဲ? ဒါကသိပ္ပံနည်းမကျဘူးလေ!

စကားလုံးများကိုဂရုတစိုက်စုစည်းလိုက်၏။
“ကျွန်တော်တို့ဆက်ဆံရေးက…တော်တော်လေးကောင်းတယ်”

ရဲ့ဟန်းသည် သူ၏အမူအရာကိုကြည့်၍ ထောက်စမ်းလိုက်၏။
“ကောင်းလွန်းလို့တူတူနေတဲ့အထိလား?”

ရဲ့ကျိုးသည်အလွန်ထိတ်လန့်သွားသဖြင့် ဇွန်းကိုပင်ကိုင်မထားနိုင်တော့ဘဲ ကော်ဖီခွက်ထဲသို့ မတော်တဆလွှတ်ချမိလိုက်၏။များများစားစားမသောက်ရသေးသဖြင့် ကော်ဖီစက်များ လက်ပေါ်လာစင်၏။

ရဲ့ဟန်းသည် မူလက သူ့အားစနောက်ခြင်းသာဖြစ်ပြီး ရဲ့ကျိုးအား ဤသို့ပြင်းပြင်းထန်ထန်တုံ့ပြန်လိမ့်မည်ဟုထင်မထားခဲ့ပေ။စိတ်ထဲတွင်ရှင်းရှင်းလင်းလင်းနားလည်လိုက်ပြီး ပဝါတစ်ခုထုတ်ကာ ရဲ့ကျိုးလက်ပေါ်မှကော်ဖီအားရှင်းလင်းကာ ဆူပူ၏
“ကော်ဖီသောက်တဲ့အချိန် တအားလက်လွတ်စပယ်နိုင်တာပဲ”

ဖြူလျော်နေသောမျက်နှာဖြင့်ရဲ့ကျိုးသည် သူဘယ်နားတွင်ပေါ်သွားသည်ကိုနားမလည်ပေ။

ရဲ့ဟန်းသည်သက်ပြင်းချ၍ပြော၏။
“တက္ကသိုလ်မှာ ကိုယ်ချင်းဆက်အမွှာတွေလို အရမ်းကောင်းတဲ့သူငယ်ချင်းတွေရှိတာ အစ်ကိုနားလည်ပါတယ်။ဒါပေမယ့် ဒါကိုဘာရှက်စရာလိုလို့လဲ?”

ရဲ့ကျိုးသည်နောက်ဆုံးအကြိမ်အဖြစ်အလဟဿရုန်းကန်ချင်နေ၏။
“ကျွန်…ကျွန်တော်တို့ကဒီတိုင်း…”

“မင်းနဲ့ရှန်းဂျင်ကသာမန်ညီအစ်ကိုကောင်းတွေဆိုရင် မင်းအခန်းဖော်တွေက အစ်ကိုက မင်းအစ်ကိုဆိုတာသိတာနဲ့ ဖုံးဖိပေးဖို့ကူညီမှာမဟုတ်ဘူး”
ရဲ့ဟန်းသည် မှန်းဆချက်များအားထောက်ပြရင်း ဖြတ်ပြောလိုက်၏။ “တစ်ခန်းလုံးမှာ မင်းစားပွဲနဲ့ မျက်နှာချင်းဆိုင်ကစားပွဲက မတူတာနည်းနည်းပဲရှိတယ်။ဘေးကရှုပ်ပွနေတဲ့စားပွဲတွေနဲ့တော်တော်ကွာတယ်
ပြီးတော့ ဒီနေ့အဆောင်ကိုပြန်လာတော့ အစ်ကို့ဘေးမှာထိုင်ခုံတစ်ခုံရှိပြီးသား ဒါပေမယ့် ခြေလှမ်းနှစ်လှမ်းထပ်လှမ်းပြီး မင်းနဲ့ရင်းနှီးတဲ့မျက်နှာချင်းဆိုင်ကခုံဆီကိုမသိစိတ်ကသွားပြီး တအားရင်းရင်းနှီးနှီးဆွဲယူလိုက်တယ်။အစ်ကိုမမှားရင် မျက်နှာချင်းဆိုင်ကစားပွဲက ရှန်းဂျင်ရဲ့စားပွဲမလား?”

အကြိမ်ပေါင်းတစ်ထောင်၊တစ်သောင်းတွက်ချက်သော်လည်း ရဲ့ကျိုးသည် ရဲ့ဟန်းက ဤသို့သောအချက်အလက်သေးသေးလေးများမှတဆင့် သူဖုံးကွယ်ချင်သောလျှို့ဝှက်ချက်အား ထိုးထွင်းမြင်လိမ့်မည်ဟု မမှန်းဆနိုင်ခဲ့။

ရဲ့ကျိုးသည် ရဲ့ဟန်းကို အမြန်တစ်ချက်ကြည့်၍ စိတ်ကရှုပ်ထွေးနေသလိုခံစားရ၏။
ရဲ့ဟန်းက ဤစကားများအားပြောနေသည့်ရည်ရွယ်ချက်နှင့်ဆက်လုပ်မည့်အရာကိုသေချာမသိပေ။

“ဘာလို့ကမ္ဘာပျက်တော့မယ့်ပုံစံဖြစ်နေတာလဲ?”
ရဲ့ဟန်းသည် အသာစနောက်၏။
“အစ်ကို အကျိုးအကြောင်းမညီညွတ်တဲ့လူပုံပေါက်နေလို့လား?”

ရဲ့ကျိုးသည် စကားမပြောရဲဘဲ သူ့အားမရေမရာကြည့်၏။သူ့ကိုယ်သူလုံးလုံးလျားလျားမဖော်ထုတ်မိလိုက်ခင်က စကားနှစ်ခွန်းပင်မပြောရသေး။ယခု ဘာကိုမှထပ်မပြောရဲတော့ဘဲ ဆွံ့အနေသလိုလုပ်နေ၏။

“အစ်ကို့ကိုရှင်းမပြတော့ဘူးလား?”

ရဲ့ကျိုးသည်ခေါင်းငုံ့၍ ငြိမ်သက်နေသောကော်ဖီမျက်နှာပြင်ကိုကြည့်လိုက်၏။အရှုံးပေးလိုက်ပြီး
“ရှင်းပြစရာမရှိဘူး”

“ကျိုးကျိုး မွေးကတည်းကအဲ့လိုလား ဒါမှမဟုတ်ー”

“အဲ့တာကကျွန်တော့်တစ်ယောက်တည်းကိစ္စပါ”
ရဲ့ကျိုးသည်အမြန်ပြောလိုက်၏။
“အစောတည်းက သူများတွေနဲ့မတူတာသိခဲ့ပြီးသား”

ရဲ့ကျိုးသည်သက်ပြင်းချ၍ ရဲ့ကျိုးအားအမြတ်တနိုးကြည့်ကာ
“နှစ်တွေအကြာကြီး ခက်ခဲခဲ့မှာပဲ”

ရဲ့ကျိုးသည်ခေါင်းယမ်း၍
“အစက ဒီလမ်းကအရမ်းခက်ခဲတယ်လို့ထင်ခဲ့တယ်။ဒါပေမယ့် အခုတော့အဲ့လိုမဟုတ်တော့ဘူး။ကျွန်တော့်မှာ ကျွန်တော်ကြိုက်တဲ့သူနဲ့ နားလည်ပေးတဲ့သူငယ်ချင်းတွေရှိတယ် …”
ရဲ့ကျိုးသည်ရဲ့ဟန်းနှင့်အကြည့်ချင်းဆိုင်၍
“ပြီးတော့အစ်ကိုရော။အရမ်းကံကောင်းတယ်”

ရဲ့ကျိုးက နောက်ဆုံးတွင်သူ့အားထည့်လိုက်သည်ကိုကြားရသည့်အခါ ရဲ့ဟန်း၏မူလက ဖိနှိပ်ထားရသောလေထုက ပြေလျော့သွား၏။သို့သော် ရဲ့ကျိုးက တစ်ယောက်ယောက်အားသဘောကျသည်ဟုပြောသည့်အတွက်ကိုမူ ရဲ့ဟန်းသည်အလွတ်မပေးလိုသေး။အချိန်ကိုကြည့်၍ပြောလိုက်၏။
“တစ်နေ့လုံးလျှောက်သွားနေတာ နည်းနည်းပင်ပန်းပြီ”

ရဲ့ကျိုးသည်စိတ်သက်သာရာရစွာ တိတ်တဆိတ်သက်ပြင်းချလိုက်ပြီး
“ဟိုတယ်ဘိုကင်လုပ်ထားတယ်။အဲ့ဒီကို နားဖို့အရင်ခေါ်သွားပေးမယ်”

“ဘယ်တုန်းကဘိုကင်တင်လိုက်တာလဲ?”

ရဲ့ကျိုးသည် ရှန်းဂျင်အတွက်နှစ်သက်ဖွယ်အထင်အမြင်အားကြိုတင်၍တိုးထားချင်သည့်အတွက် ခရက်ဒစ်ပေးလိုက်၏။
“ဒီကိုလာတုန်းက ရှန်းဂျင်ကိုဒီတိုင်းပြောလိုက်တာ သူကဟိုတယ်ကောင်းကောင်းတစ်ခုကိုဘိုတင်တင်ထားတယ် ကျောင်းနဲ့သိပ်မဝေးဘူး”

ရဲ့ဟန်းသည်ခြေလှမ်းများအားရပ်လိုက်၏။
ဘာလုပ်ရပါ့။ရုတ်တရက်ကြီး မသွားချင်တော့ဘူး။

“အစ်ကို?”

ရဲ့ဟန်းသည် သူ၏ချစ်မြတ်နိုးဖွယ်ညီလေးအားကြည့်ကာ စိတ်မပျက်စေလိုသည့်အတွက် အတင်းရယ်၍ ဟိုတယ်သို့သွားလိုက်၏။

တွေ့ပင်မတွေ့ရသေးသောရှန်းဂျင်အားသဘောမကျသော်လည်း တစ်ဖက်လူဘိုကင်တင်ထားသည့်ဟိုတယ်သို့ရောက်သည့်အခါ တစ်ဖက်လူကမည်သို့နေရာရွေးရမည်ကိုတကယ်သိလှသည့်အတွက် ချီးကျုးရတော့၏။

သက်တောင့်သက်သာလည်းရှိ လမ်းပန်းဆက်သွယ်ရေးလည်းအဆင်ပြေ အထပ်မြင့်ဟိုတယ်၏ပြင်သစ်စတိုင်ပြတင်းပေါက်များမှတဆင့် ညရှုခင်းကိုလည်း ရှုစားနိုင်၏။

နှစ်ယောက်အိပ်ကုတင်ကသာသူ့အားတစ်မျိုးတစ်မည်ဖြစ်စေ၏။အသုံးအဆောင်များရှိပါက ညီငယ်လေးအား ညရေးညတာခေါ်ထားလိမ့်ဦးမည်။

ရဲ့ကျိုးသည် သူနှင့်အတူညစာစားပြီး အနီးတစ်ဝိုက်အားလျှောက်လည်ကြ၏။ကိုးနာရီထိုးတွင် ပြန်ရန်ပြောလိုက်၏။
“အစ်ကို နက်ဖြန်ဘာအစီအစဥ်ရှိလဲ?”
ရဲ့ကျိုးသည် ရဲ့ဟန်းက အလုပ်လုပ်ရန်လာခြင်းဖြစ်ကြောင်းပြောထားသည်ကိုမမေ့သေး။

“နက်ဖြန်ရုံးခွဲမှာနည်းနည်းအလုပ်များလောက်တယ်။ဒါပေမယ့် အဲ့လိုဆိုရင်တောင် အစ်ကိုမပြန်ခင် ရှန်းဂျင်နဲ့တွေ့ကိုတွေ့ရမယ်”
ရဲ့ဟန်း၏အသံသည်ငြင်းပယ်ခြင်းကိုလက်မခံပေ။
“အချိန်နဲ့နေရာကိုမင်းတို့ရွေးကြ”

ရဲ့ကျိုးသည်အသံနိမ့်နိမ့်ဖြင်ပြောလိုက်၏။
“အဲ့လိုဆို သူ့နဲ့ဒီညပြောလိုက်ပါ့မယ်…”

ရှန်းဂျင်ရဲ့ခွင့်ပြချက်မပါဘဲဘယ်လိုလုပ်သဘောတူရဲမှာလဲ! ဒီလိုကိစ္စမျိုးကိုငြင်းချင်ပေမယ့် ငြင်းလည်းမငြင်းနိုင်ဘူး။

အပြန်လမ်းတွင် ရဲ့ကျိုးသည်သက်ပြင်းသာချနေ၏။ယနေ့အတွေ့အကြုံသည်ရိုလာကိုစတာစီးရသလိုပင်။တစ်ခါတွင်မြောက်တက်သွားပြီး နောက်တစ်ခါတွင်ပြန်ကျလာ၏။လုံခြုံကြောင်းတွေးမိလိုက်သည့်အခါတိုင်း အစ်ကိုဖြစ်သူက ဗုံးတစ်လုံးပစ်၍ဦးနှောက်အားဖောက်ခွဲကာဗလာဖြစ်စေလိမ့်မည်။ပြီးလျှင် ရှန်းဂျင်…
ခဏတွင်းချင်း အစ်ကိုနဲ့တွေ့ဖို့ ရှန်းဂျင်ကိုဘယ်လိုစည်းရုံးရမှာလဲ? သိသိသာသာကြီးကို သူသာစကားကောင်းကောင်းပြောခဲ့ရင် ကိုယ့်အကြောင်းကိုယ်ထုတ်ပြောဖို့လိုမှာမဟုတ်ဘူး ဒါပေမယ့် ရလဒ်ကတော့ ပြောင်းပြန်ပဲ။

ရဲ့ကျိုးသည် ရှန်းဂျင်အား ဖုန်းခေါ်လိုက်သည့်အခါ ရှန်းဂျင်ကကျောင်းတွင်ရောက်နေပြီးဖြစ်ကြောင်းသိလိုက်ရ၏။ဂရုတစိုက်တောင်းပန်၍အိမ်ပြန်လာရန်ပြောလိုက်ရ၏။

ယနေ့သည်သူ့ကိုသာနှိပ်စက်သည်မဟုတ် ရှန်းဂျင်ကိုလည်းနည်းနည်းမှအလွတ်မပေး။

ရှန်းဂျင်သည်စိတ်ထဲမထားပေ။ရဲ့ကျိုးကပြန်လာရန်ပြောသည့်အခါ ငြင်းဆိုခြင်းမရှိသဘောတူလိုက်၏။

“အဲ့လိုဆို…”
ရဲ့ကျိုးသည်ရှန်းဂျင်အားမှီကာနမ်းလိုက်၏။
“ငါတို့ကိစ္စတစ်ခုဆွေးနွေးလို့ရမလား?”

ရှန်းဂျင်ကမေး၏။
“နက်ဖြန်မင်းနဲ့ဝေးဝေးနေဖို့လား?”

“အဲ့လိုဆိုကောင်းဦးမယ်”
ရဲ့ကျိုးသည်မှုန်ကုပ်ကုပ်ပြော၏။
“ဒါကပိုပြီးလေးနက်တယ်”

ရှန်းဂျင်သည်ခဏတာတွေးတာပြီး
“မင်းအစ်ကိုငါတို့အကြောင်းသိသွားတာလား?”

ရဲ့ကျိုးသည်အံ့သြဘနန်းပြော၏။
“မင်းဘယ်လိုသိလဲ?”

“ခန့်မှန်းကြည့်တာ”

ရဲ့ကျိုးသည်ဒေါသတကြီးပြော၏။
“မင်းတို့တွေ မင်းရော တစ်ခြားတစ်ယောက်ရော ဘယ်လိုလုပ်ကွက်တိခန့်မှန်းနိုင်ရတာလဲ!”

“မင်းအစ်ကိုကဘယ်လိုသိသွားတာလဲ?”

ရဲ့ကျိုးသည် ရဲ့ဟန်း၏မှတ်ချက်များကို ရှန်းဂျင်အားအင်တင်တင်ဖြင့်ထပ်ပြောလိုက်၏။
“မင်းပြောကြည့် သူဘယ်လိုလုပ်တိတိကျကျခန့်မှန်းနိုင်တာလဲ?”

ရှန်းဂျင်သည်ရဲ့ကျိုး၏နဖူးကိုတောက်၍
“ဒါကိုဘယ်လိုလုပ်တိကျတဲ့ခန့်မှန်းချက်လို့ခေါ်မှာလဲ? သိသိသာသာကို မင်းကအရမ်းသိသာလွန်းနေတာ။မင်းနဲ့ငါ့အကြားမှာလျှို့ဝှက်ဆက်ဆံရေးတစ်ခုရှိပါတယ်ဆိုပြီး နဖူးပေါ်မှာရေးထားတာလေ”

ရဲ့ကျိုးသည်ရှန်းဂျင်၏ခေါင်းကိုရိုက်လိုက်၏။
“အခုကငါ့ကိုအပြစ်တင်ရမယ့်အချိန်လား? အစ်ကိုက မင်းကို မနက်ဖြန်တွေ့ချင်တယ်တဲ့။ဘယ်လိုလုပ်ကြမလဲ!”

“အဲ့လိုဆိုလည်းတွေ့လိုက်ရုံပေါ့။အနှေးနဲ့အမြန်ဖြစ်လာမှာပဲဟာကို။စောစောတွေ့တော့ သူနဲ့ဆက်ဆံရေးကောင်းအောင်ကြိုပြီးလုပ်ထားလို့ရတာပေ့ါ”

ရဲ့ကျိုးသည်နားလည်ရန်ကျရှုံးခဲ့၏။

ရှန်းဂျင်သည်ပဟေဠိဆန်စွာပြုံး၍
“အိမ်မှာ မင်းအစ်ကိုက လွှမ်းမိုးနိုင်တယ်မလား?”

ရဲ့ကျိုးသည်မျက်တောင်ခတ်၍
“အင်းလေ ငါ့မိဘတွေကအစ်ကို့ရဲ့အမြင်ဆို တအားဂရုစိုက်တယ်”

“လူသိရှင်ကြားကြေညာမယ်ဆိုရင် မဟာမိတ်တစ်ယောက်လောက်တော့ရှာဖို့လိုတယ်”
ရှန်းဂျင်သည်ရဲ့ကျိုး၏ပုခုံးကိုဆုပ်ကိုင်၍
“ဒါကရယ်ဒီမိတ်မဟာမိတ်မဟုတ်ဘူးလား?”

ရဲ့ကျိုးသည် ရှန်းဂျင်အားတစ်ဘဝလုံးမကျော်ဖြတ်နိုင်ကြောင်း ရုတ်တရက်ခံစားလိုက်ရ၏။သူကစိတ်လှုပ်ရှားပြီးတုန်လှုပ်နေချိန်တွင် ရှန်းဂျင်ကအမှန်တကယ် စောစီးစွာကြိုတင်စဥ်းစားထားပြီးဖြစ်၏၊

နောက်ရက်ကျောင်းဆင်းပြီးညနေခင်းတွင် ရှန်းဂျင်နှင့်ရဲ့ကျိုးသည် ရဲ့ဟန်းနေသည့်ဟိုတယ်၏အောက်ထပ်ရှိစားသောက်ဆိုင်တွေ့ကြ၏။

“ကျိုးကျိုး”
ရဲ့ဟန်းသည်သူတို့အားလက်ပြ၏။

“အစ်ကို”
ရဲ့ကျိုးသည် ရဲ့ဟန်းနှင့်မျက်နှာချင်းဆိုင်တွင် ရှန်းဂျင်နှင့်အတူထိုင်တော့မည်ဖြစ်သော်လည်း သူမထိုင်ရသေးခင် ရှန်းဂျင်က သူ့အားရဲ့ဟန်း၏ဘေးသို့တွန်းပို့လိမ့်မည်ဟု ဘယ်သူကထင်လိမ့်မည်လဲ

ရှန်းဂျင်သည်သူတို့နှင့်မျက်နှာချင်းဆိုင်တွင်တစ်ယောက်တည်းထိုင်ကာ မောက်မာခြင်းလည်းမရှိ၊ခယခြင်းလည်းမရှိဘဲ ရဲ့ဟန်းနှင့်ရင်ဆိုင်၏။ယဥ်ယဥ်ကျေးကျေးဖော်ရွေစွာပြောလိုက်၏။
“အစ်ကိုကြီးရဲ့ နောက်ဆုံးတော့ကျွန်တော်တို့တွေ့ကြပြီ”

ရဲ့ဟန်းသည်ရှန်းဂျင်အားတစ်ချက်ကြည့်၍တွက်ချက်၏။ရှန်းဂျင်ကရဲ့ကျိုးအားသူ့ဆီတွန်းပို့လိမ့်မည်ဟုထင်မထားခဲ့။မကျေနပ်မှုက ခုနှစ်ဆယ်ရာခိုင်နှုန်းအထိ ဖြည်းဖြည်းချင်းကျဆင်းသွား၏။

ရှန်းဂျင်သည်ရဲ့ဟန်းအားမျက်လုံးထောင့်မှအကဲခတ်၍ သူ့ယူဆချက်အားအတည်ပြုလိုက်၏။

အချိန်ကအကန့်အသတ်ရှိသဖြင့် ရဲ့ဟန်းသည် အာလာပသလ္လာပမပြောလို။မေးချင်သည့်အရာကိုတိုက်ရိုက်မေးလိုက်၏။
“ရှန်းဂျင် မင်းကဘယ်ကလဲ?”

“ကျွန်တော်ကနယ်ခံပါ”
ရှန်းဂျင်သည်စားပွဲပေါ်မှဆေးဖက်ဝင်လက်ဖက်ရည်ကိုကောက်ကိုင်၍ ခွက်များထဲလောင်းထည့်လိုက်၏။အပြုအမူကရည်မွန်ကြော့ရှင်းပြီးညင်သာလှကာ ဤသို့သောအရာများအား ကျင့်သားရနေပုံနှင့်တူ၏။
“ကျွန်တော့်မိသားစုကအိမ်ထောင်ကွဲပါ။ကျွန်တော်ကအဖေနဲ့လိုက်ပြီး အငယ်လေးနှစ်ယောက်ရှိပါတယ်”

ရဲ့ဟန်းသည်အစကမျက်မှောင်ကြုတ်လိုက်ပြီး နောက်ဆုံးစကားကိုကြားမှ မျက်ခုံးများကပြန်လည်ဖြောင့်တန်းသွား၏။
“အဲ့လိုဆိုမင်းနဲ့ရဲ့ကျိုး…”

“တွဲတွဲချင်း အမေရင်းကိုပြောပြတော့ သူကအဖေ့ကိုပြောလိုက်တယ်။အကြမ်းဖျင်းပြောရရင် တစ်မိသားစုလုံးသိပါတယ်”

“မင်းမှာရလဒ်ကောင်းတွေရှိပြီးတော့အနာဂတ်ကလည်းအကန့်အသတ်မဲ့တယ်ဆို။မင်းရဲ့မိသားစုက မင်းလမ်းမှားလျှောက်မှာကိုခွင့်ပြုပါ့မလား?”

“ဒါကဘယ်လိုလုပ်လမ်းမှားဖြစ်ရမှာလဲ?”
ရှန်းဂျင်သည်တုံ့ပြန်သည့်အနေနှင့်မေးခွန်းတစ်ခုမေးလိုက်၏။
“အစ်ကိုကြီးရဲ့ ရဲ့ကျိုးကလမ်းမှားလျှောက်နေတယ်လို့ထင်လား?”

ရဲ့ဟန်းသည်ရဲ့ကျိုးအားကြည့်၍ကတိုက်ကရိုက်ရှင်းပြ၏။
“မထင်ဘူးပေါ့။ကျိုးကျိုး ဒါက… အစ်ကိုပေါ့ဆတာပါ”

ရှန်းဂျင်သည်ခွက်ကိုပင့်၍လက်ဖက်ရည်တစ်ငုံသောက်လိုက်၏။
“ကျွန်တော့်မိသားစုကအတော်လေးထူးခြားတယ်။ဒီလိုပုံမှန်မဟုတ်တဲ့သဘာဝကြောင့်ဖြစ်မယ် မိသားစုရဲ့ပိုင်ဆိုင်မှုကိုသိပ်အာရုံမထားဘူး။ရဲ့ကျိုးနဲ့ကျ ကျွန်တော့်လိုလူကိုတွေ့လိုက်ရတယ်”

ရှန်းဂျင်သည်အတိအကျမပြောသော်လည်း ရဲ့ဟန်းသည် မိသားစုတစ်ခုအားတောင့်တခြင်းကိုပြောခြင်းဖြစ်ကြောင်းနားလည်၏။

သိသိသာသာပင် ညီငယ်လေးတွင်အိမ်ရှိသော်လည်း အိမ်တစ်အိမ်၏နွေးထွေးမှုကိုမခံစားခဲ့ရ။ရှန်းဂျင်၏အိမ်ထောင်ကွဲမိသားစုကဲ့သို့ပင်။ရဲ့ဟန်းသည် သူရောက်လာတကည်းက ဂနာမငြိမ်သောရဲ့ကျိုးကို နူးညံ့စွာကြည့်လိုက်၏။ရှန်းဂျင်အပေါ်သဘောထားမှာတဖြည်းဖြည်းပိုကောင်းလာပြီး ရဲ့ကျိုးအား “မန်ဒရင်းဘဲမောင်နှံအားဖြတ်တောက်ခွဲ”သည့်ခံစားချက်မျိုး ခံစားရမည်စိုးသဖြင့် မျက်ခုံးများကလည်းတင်းတင်းကြုံ့မနေတော့ပေ။

“ဒါပေမယ့် ရဲ့ကျိုးကကျွန်တော့်ထက်ပိုကံကောင်းတယ် S
ရှန်းဂျင်သည်ရိုးရိုးသားသားပြောလိုက်၏။
“ဘာလို့လဲဆိုတော့ သူ့မှာအစ်ကိုကြီးရဲ့ရှိတယ်လေ။အစ်ကိုကြီးရဲ့က သူ့ကိုသံသယမထားဘဲတကယ်ဂရုစိုက်ပေးပြီး ရဲ့ကျိုးအတွက်စိတ်ရင်းအမှန်နဲ့စဥ်းစားပေးတယ်”

ရဲ့ဟန်းသည်ရဲ့ကျိုး၏ခေါင်းကိုထိ၍
“ဘယ်သူကသူ့ကိုငါ့ညီလေးဖြစ်စေခဲ့တာလဲ? သူ့ကိုငါမှဂရုမစိုက်ရင် ဘယ်သူကစိုက်မှာလဲ?”

ရှန်းဂျင်သည်ခံစားချက်ဖြင့်သက်ပြင်းချ၏။
“အစ်ကိုကြီးရှိနေမှတော့ ရဲ့ကျိုးလည်းအနိုင်ကျင့်ခံရမှာမဟုတ်လောက်ပါဘူး”

“ဒါပေါ့”

သင့်မြတ်သောတွေ့ဆုံမှုတစ်ခုအဖြစ်သတ်မှတ်နိုင်ပြီး ရဲ့ဟန်းက ရှန်းဂျင်အားပြဿနာရှာချင်လျှင်တောင် အမှားရှာမတွေ့ပေ။

ညစာစားပြီးသည့်နောက် ရှန်းဂျင်သည်ပါးနပ်စွာဖြင့်ထွက်ခွာရန်ဆို၏။
“အစ်ကိုကြီး ဒီညကျွန်တော့်မှာကိစ္စလေးတစ်ခုရှိလို့ လိုက်မပို့တော့ဘူး”

ဤသည်မှာရဲ့ဟန်းလိုချင်သည်နှင့်ကွက်တိပင်။
ရဲ့ကျိုးအားပြောစရာရှိလာသည့်ပုံရ၏။

“အစ်ကို ပြန်ရောက်ရင် ကိုယ့်ကိုကိုယ်ဂရုစိုက်။နောက်တစ်ခေါက်လာရင် ကျွန်တော့်ကိုခေါ်လိုက် လာကြိုလှည့်မယ်”

“အင်း”
ရဲ့ဟန်းသည်ညီငယ်၏ရိုးဖြောင့်မှုကိုပူပန်နေပြီး နည်းနည်းမှခံစားချက်မကောင်းပေ။ရှန်းဂျင်အပေါ်ထားသောအကောင်းမြင်စိတ်ပုစိကလေးပင် ကျပျောက်သွားပြန်၏။
“မင်း ကိုယ့်ကိုကိုယ်ကောင်းကောင်းဂရုစိုက်ရမယ် ပြီးတော့ အနိုင်ကျင့်ခံရရင် အစ်ကိုကြီးကိုပြော”
အထူးသဖြင့် သူရောက်လာတာနဲ့ သူအစိုးရိမ်ဆုံးအရာကိုထုတ်ဖော်ပြီး အိမ်မှာနှစ်တွေအကြာကြီးမညီမမျှဆက်ဆံခံခဲ့ရတဲ့ ရဲ့ကျိုးကို မိသားစုနဲ့ မသိမသာအယုံသွင်းတဲ့ ရှန်းဂျင်လိုလိမ္မာပါးနပ်တဲ့လူမျိုး ။နောက်ဆုံးကျ ရဲ့ကျိုးကိုထပ်ခါတလဲလဲကာကွယ်ရမယ့်သူက သူပါပဲလား။သူ့မိသားစုရဲ့ညီငယ်လေးက သေချာပေါက်တစ်ဖက်လူရဲ့ လှည့်ကွက်ကိုယှဥ်နိုင်မှာမဟုတ်ဘူး။
ဤအကြောင်းစဥ်းစားမိလိုက်သည့်အခါ ရဲ့ဟန်းသည် စိတ်ထဲတွင် ခါးသီးသောမျက်ရည်စက်များအားခံစားလိုက်ရ၏။တစ်ဖက်လူက ရဲ့ကျိုးကိုစိတ်ရင်းနဲ့အစစ်အမှန်ဂရုစိုက်ကြောင်းကိုမမြင်ရရင် တစ်ဖက်လူကိုအလွယ်လွှတ်ပေးမှာမဟုတ်ဘူး။

“မပူပါနဲ့။အနိုင်ကျင့်ခံရမှာမဟုတ်ဘူး”

ရဲ့ဟန်းသည်ခေါင်းယမ်း၍စိတ်ထဲတွင်ပြောလိုက်၏။: မင်းကတော့အနိုင်ကျင့်ခံရရင်တောင် သိမှာမဟုတ်ဘူး။

T/N : အစ်ကိုကြီးရေ အကုန်လုံးကိုအနိုင်ပတ်ကျင့်နေတာ အစ်ကိုကြီးရဲ့ချစ်ညီလေးပါနော်!!

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now