Chapter 14

5.3K 999 27
                                    

အရင်က အနားမယူနိုင်ခဲ့သော ရဲ့ကျိုးသည် နောက်ဆုံးတွင် ခြေထောက်ဒဏ်ရာကြောင့် အခန်းထဲတွင် 'အဝတ်အစားများကို ဆန့်တန်းထားသောလက်များဆီသို့ အစာကိုဟထားသောပါးစပ်ထဲသို့' ဟူ၍ သခင်လေးလို အကျင့်ပျက်သည့်ဘဝတွင် နေထိုင်ရန် အခွင့်အရေးရပြီဖြစ်၏။

အဓိကလက်သည်တရားခံ ကျန်းရှင်းသည် ဘတ်စကတ်ဘောလေ့ကျင့်ရန် သွားရသောကြောင့် လေးလံသောတာဝန်များကို ကျိုးဝမ်သောင်နှင့်ချန်းရှောင်ထံ လွှဲထားရ၏။ရှန်းဂျင်အား အမှန်ပင်လွှဲပေးချင်သော်လည်း သတ္တိမရှိပေ။ရှန်းဂျင်ကလည်း စကားနားထောင်လိမ့်မည်မဟုတ်။

ကျန်းရှင်းသည် ရဲ့ကျိုးအားမကူညီနိုင်သည့်အတွက် အလွမ်အပြစ်ရှိသည်ဟု ခံစားနေရ၏။

“မင်းတကယ်အပြစ်ရှိတယ်လို့ခံစားရရင် တစ်ခုခုလုပ်ပေးလိုက်ရုံပဲ”
ရွှီယန်ကျွင်းသည်လက်မောင်းအား ကျန်းရှင်း၏ ပုခုံးတွင်သိုင်းလိုက်ပြီး အားကစားခန်းမဆီသို့လိုက်သွား၏။

ကျန်းရှင်းသည် ကို့ရို့ကားယားနိုင်သည်ဟု ခံစားလိုက်ရပြီး  “ငါလည်းအဲ့လိုထင်တယ်။ ခုကဘတ်စကက်ဘောလေ့ကျင့်ဖို့ သွားနေတာမဟုတ်ဘူးလား?”

“မဟုတ်ဘူး မင်းလုပ်ပေးနိုင်တာတစ်ခုရှိတယ်”

“ဘာလုပ်ပေးနိုင်တာလဲ?”

ရွှီယန်ကျွင်းသည် ဆန်းကြယ်စွာပြုံးလိုက်ပြီး ကျန်းရှင်း၏နားဆီသို့ကပ်လာလိုက်ရင်း တစ်ခုခုကိုတီးတိုးပြောလိုက်၏။

ကျန်းရှင်းသည် အစကကြောင်အစွာ ကြည့်နေပြီးနောက် သဘောတူစွာခေါင်းညိမ့်လိုက်၏။
“ပြဿနာမရှိဘူး။ငါ့တာဝန်ထားလိုက်”

ဟတ်ချိုး!
ရဲ့ကျိုးသည် နှာခေါင်းပွတ်လိုက်ပြီး လှည့်ထွက်လိုက်၏။စာကြည့်တိုက်မှငှားလာသော စာအုပ်အားလုံးကို ဖတ်ပြီးဖြစ်သည်။စာအုပ်သွားလဲချင်သော်လည်း အလွန်ဒုက္ခဖြစ်နေ၏။

စာအုပ်များကိုဖယ်လိုက်လျှင် ကွန်ပျူတာစာရိုက်စာအုပ်အမာများကို ပို၍ချစ်မြတ်နိုး၏။စာရွက်အားထိလိုက်ရုံဖြင့် စာဖတ်နေသကဲ့သို့ အမှန်ပင်ခံစားရ၏။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now