Chapter 28

4K 805 18
                                    

[Unicode]
နောက်ဆုံးစာမေးပွဲစတင်ကတည်းကဆိုလျှင် တစ်ပတ်ကြာမြင့်နေပြီဖြစ်ပြီး စာမေးပွဲဖြေနေစဉ်အတွင်း စာမေးပွဲနတ်ဘုရား၏ လက်ခံကူညီမှုရပြီး ပို၍ ချောချောမွေ့မွေ့ဖြေနိုင်အောင် ကောင်းချီးပေးရန်မျှော်လင့်၍ အမျိုးသားဆောင်ဝင်ပေါက်သို့ ရံဖန်ရံခါလာရောက်သောလူများရှိနေသေး၏။

တစ်ရက်တွင် ရဲ့ကျိုးအောက်ထပ်သို့ဆင်းလာသောအခါ ကားခေါင်မိုးပေါ်တွင် များပြားသော…ပန်းသီးများရှိနေကြောင်း ရုတ်တရက်သတိပြုမိလိုက်၏။?

ရဲ့ကျိုးနှင့်ရှန်းဂျင်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏။ပန်းသီးကိုလက်ထဲတွင် ပွတ်လိုက်ပြီး ပတ်ပတ်လည်ကြည့်လိုက်၏။အရိပ်အယောင်တစ်မှမတွေ့ရ။

“တကယ်ထူးဆန်းတာပဲ ဒီကားကတကယ်ကြီးပန်းသီးသီးနိုင်တယ်”

ပြီးလျှင် ပန်းသီးများက လုံးဝပန်းရောင်သန်းကာ ရွှမ်းလဲ့တောက်ပြောင်ပြည့်ဖြိုးပြီး အနံ့သင်းနေ၏။ပန်းသီးစားသည့်ရာသီရောက်နေသော်လည်း ဤကဲ့သို့ပန်းသီများက ဈေးပေါမည့်ပုံမပေါ်ပေ။
“သူတို့တွေသုံးဘီးကားသေးလေးကို ဝတ်ပြုဖို့လာတုန်းက အဲ့မှာချထားခဲ့ပြီးပြန်ယူဖို့မေ့သွားတာဖြစ်လောက်လား?”

ရှန်းဂျင်သည် နှုတ်ခမ်းလျှက်လိုက်၏။
“တော်တော်အရသာရှိမယ့်ပုံပဲ”

ရဲ့ကျိုးသည် ဖမ်းသိမ်းကာ ပြောလိုက်၏။
“စားလို့မရဘူး! မဆေးရသေးဘူးလေ။နောက်ထပ်က ဒါကသူများဟာတွေ”

“ယို ကျိုး လယ်သမားဈေးကနေ ပန်းသီးတွေလက်ကားရောင်းဖို့သွားတော့မလို့။မင်းကအရင်နည်းနည်းပြန်ဝယ်ခဲ့တာလား?”
ကျိုးဝမ်သောင်သည် ခြေလှမ်းပေါင်းများစွာလျှံကျပြေးလွှားလာပြီး လျှိုယုထျန်းက နောက်မှလိုက်လာ၏။
“မင်းပြန်ဝယ်လာတဲ့ ပန်းသီးတွေကကောင်းမယ့်ပုံပဲ”

ရဲ့ကျိုးသည်ပန်းသီးများကိုကားထဲထည့်လိုက်ပြီး ဖိုရမ်ထဲသို့ပြန်ဝင်၍ ပျောက်ဆုံးနေသောပိုင်ရှင်ကိုရှာရန် ပြင်လိုက်၏။စာမေးပွဲဖြေဆိုနေသည်အပတ်အတွင်း လူတိုင်း၏စိတ်ပျော်ရွှင်စရာအစီအစဉ်သည် BBSထဲသို့ဝင်ရန်ဖြစ်သောကြောင့် ကျောင်းသားအများစုကထိုလူကိုသိသင့်၏။အထူးသဖြင့် စာမေးပွဲနတ်ဘုရားထံလာရောက်လည်ပတ်သောသူများသည် BBSတွင် ဖမ်းလျှင်မကြာခဏဖမ်းမိနိုင်သောလူများဖြစ်၏။ဤသည်ကိုပြုလုပ်ပြီးသည့်နောက် ထူးခြားနေသောလူနှစ်ယောက်အား ကြည့်လိုက်၏။
“ဘာလို့မင်းတို့နှစ်ယောက်ကတူတူစုနေတာလဲ?”

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now