Chapter 39

3.5K 762 21
                                    

[Unicode]“အာ အရမ်းနောက်ကျနေပြီကို ရှန်းဂျင်ကဘာလို့ပြန်မလာသေးတာလဲ?”

ရဲ့ကျိုးသည်ခေါင်းမော့၍အိပ်စင်အပေါ်ထပ်မှ လျှိုယုထျန်းအားပြောလိုက်၏။
“သူဒီနေ့အိမ်ပြန်သွားတယ်”

ရှန်းဂျင်၏အိမ်သည်ဒေသတွင်းဖြစ်သော်လည်း သူအိမ်ပြန်သည့်အကြိမ်ရေသည် နိုင်ငံအခြားဒေသတွင်နေသည့်ကျောင်းသားများနှင့်အတူတူပင်ဖြစ်၏။

အားလပ်ရက်တိုအတွင်း ရှန်းဂျင်အိမ်ပြန်သည့်ပထမဆုံးအကြိမ်ဖြစ်သည်။

“အိမ်ပြန်သွားတယ်?”
အိမ်ယာပေါ်တွင်လှဲကာဖုန်းမျက်နှာပြင်အားလက်ချောင်းများနှင့်ထိနှိပ်နေသော လျှိုယုထျန်းသည် သိချင်ဇောဖြင့်ပြောလိုက်၏။
“ချင်းမင်အားလပ်ရက်သုံးရက်တုန်းကတောင်မပြန်ပါဘူး။ဘာလို့ဒီနေ့မှပြန်သွားတာလဲ?”
T/N-ချင်းမင်ပွဲတော်-အုတ်ဂူလှည်းကျင်းသည့်ပွဲတော်(ဘိုးဘေးဘီဘင်များအားသတိရလွမ်းဆွတ်သည့်ပွဲ)

ဝမ်ရန်ရွှီက
“ဟုတ်တယ် ပြီးတော့ နက်ဖြန်ကအားကစားပြိုင်ပွဲလေ သူမပြိုင်တော့ဘူးလား?”

ရဲ့ကျိုးသည်လည်း ရှန်းဂျင်၏တည်နေရာမှလွဲ၍ အိမ်ပြန်သည့်အကြောင်းရင်းကိုရှင်းရှင်းလင်းလင်းမသိပါချေ။ 
“ငါလည်းအကြောင်းရင်းကိုမသိဘူး။မနက်ဖြန်မနက်ပြန်လာမယ်လို့ပြောသွားတယ်”
မည်သို့ပင်ဖြစ်စေ ရှန်းဂျင်သည်အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်သောကြောင့် သူအပြင်၌လုပ်နေသည့်အရာအား အခန်းဖော်များကိုတင်ပြရန်မလိုအပ်ပေ။

တခြားတစ်ဖက်တွင် ရှန်းဂျင်သည်ဧည့်ခန်းထဲတွင်ထိုင်နေ၏။ရှန်းယို့ယို့သည် သူ၏ဘေးတွင်ကပ်ထိုင်နေပြီး စားပွဲပုပေါ်မှသစ်သီးပန်းကန်ဆီသို့ခက်ရင်းလှမ်း၍ စတော်ဘယ်ရီသီးအားစိုက်ပြီးရှန်းဂျင်၏ပါးစပ်ထဲသို့ဒယီးဒယိုင်ပို့လိုက်၏။
“ကိုကြီး စား”

ရှန်းဂျင်သည်ပါးစပ်ဟ၍စားလိုက်ပြီး ရှန်းယို့ယို့အားပြုံးပြ၏။ရှန်းယို့ယို့သည် ရှန်းဂျင်၏လက်မောင်းအားရုတ်တရက်ဖက်၍ ရှက်ရှက်ဖြင့်ခေါင်းငုံ့ထား၏။

“ယို့ယို့ကိုနက်ဖြန်ခေါ်သွားမလို့လား?”
ရှန်းချင်းပင်သည်ဇဝေဇဝြဖြင့်သူ့ကိုယ်သူရေရွတ်လိုက်၏။
“ယို့ယို့ကငယ်လွန်းတယ်။အဆင်မပြေမဖြစ်ဘူးလား?”

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now