Chapter 18

4.6K 812 18
                                    

UNICODE

ရဲ့ကျိုးသည် အခန်းတစ်လျှောက် ဆုံလည်ကုလားထိုင်နှင့် ပိုမိုလွတ်လပ်စွာသွားလာနိုင်ခဲ့၏။

နောက်ဆုံးတော့ သူ့ဘာသာသူရပ်တည်နိုင်ပြီ!

ရှန်းဂျင်၏ ကောင်းမွန်သောရည်ရွယ်ချက်အား ဘေးဖယ်လိုက်လျှင် ရဲ့ကျိုးသည် ကုလားထိုင်အား အကြောင်းရင်းမရှိဘဲ လက်မခံချင်ပေ။

“အဲ့ဒါ…ပိုက်ဆံက…”

ရှန်းဂျင်သည် သူ့အားမကြည့်ဘဲ သဘောထားကြီးစွာပြောလိုက်၏။
“ပိုက်ဆံနည်းနည်းလေးပါ အရေးမကြီးဘူး”

ဤစာကြောင်းသည် ရဲ့ကျိုးအား သူ့နှင့်ထိပ်တိုက်မပြောနိုင်ရန်ချောင်ပိတ်လိုက်ပြီး ငြိမ်ငြိမ်သက်သက်လက်မခံနိုင်စေရန်လည်း လုပ်လိုက်၏။

‘အပေးအယူ’, ရဲ့ကျိုးသည် ရှန်းဂျင်၏ပစ္စည်းများရှင်းပေးရန် အခန်းထဲတွင်လူမရှိသည့်အချိန်ကိုသာ အခွင့်ကောင်းယူနိုင်ပြီး တတ်နိုင်သမျှ အကောင်းဆုံးလုပ်ဆောင်ပေး၏။

ဘာလို့ တစ်ယောက်မှမရှိတဲ့ အချိန်လဲ?ဆိုသည့်အတွက်ကတော့

သေချာပါသည်။ဘာကြောင့်လည်းဆိုလျှင် ရှန်းဂျင်နှင့်သူ၏ မရှင်းမလင်းဆက်ဆံရေးသည် အတန်းဖော်များရှေ့တွင် မဖြေရှင်းရသေးသောကြောင့်ဖြစ်ပြီး အခန်းဖော်များကလည်း သူတို့အတွက် အခွင့်အရေးများဖန်တီးပေးရန် အလွန်စိတ်ပါလက်ပါရှိလှသောကြောင့်ဖြစ်သည်။ရဲ့ကျိုးဘက်က ရှန်းဂျင်အား ကူညီရန် လက်ဦးမှုအရင်ရယူကြောင်းကိုသာ သိသွားလျှင် သူ၏ ပါရမီနှင့်ပြည့်စုံမှုအား  ‘Like’ပေးရန် မုချမလွဲလက်မထောင်ပြပေလိမ့်မည်!

ရဲ့ကျိုးမသိခဲ့တာက ဝမ်ရန်ရွှီနှင့်လျှိုယုထျန်းသည် ရဲ့ကျိုးနှင့်ရှန်းဂျင်၏ တူညီ(သပ်ရပ်)သောစားပွဲမျက်နှာပြင်အား မြင်သည့်အခါတိုင်း အကြည့်ချင်းဖလှယ်ကာ တိုက်ပွဲရလာဘ်အားတင်ပြရန် ဘေးအခန်းသို့ပြေးလေ့ရှိ၏။

ဤသည်ကို “အစီအစဥ်ထဲမှ အမှား”ဟု သတ်မှတ်နိုင်ပေသည်။

အေးမြသောဆောင်း၏မိုးသည် သစ်ရွက်ကြွေများအား အဝေးသို့ဆေးကြောလိုက်၏။တက္ကသိုလ်ကျောင်းသားများသည် ဆွယ်တာများကိုဝတ်ဆင်လာပြီး နှစ်ဝက်စာမေးပွဲဖြေဆိုရတော့မည်ဖြစ်သည်။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now