Chapter 33

3.8K 765 11
                                    

[Unicode]ဇန်နဝါရီလအစောပိုင်းတွင် ရဲ့ကျိုး၏စာမေးပွဲများအားလုံးနောက်ဆုံးတွင်ပြီးဆုံးသွား၏။

ထို့နောက်တွင် ရှန်းဂျင်နှင့်အရင်ကသဘောထားကွဲလွဲခဲ့ဖူးသောကြောင့် အိမ်
ပြန်ခြင်းသည်သိပ်တော့မဆိုးလှဟုတွေးမိ၏။ယခုအခါ ရှန်းဂျင်နှင့်ဆက်ဆံရေးကောင်းမွန်နေပြီးဖြစ်၍ ရဲ့ကျိုးသည် ဤအကြိမ်တွင်အကိုဖြစ်သူနှင့်သေချာပေါက်တွေ့ရမည်ကိုထည့်မတွက်လျှင်ပင် အိမ်ပြန်ရန်အလွန်တွန့်ဆုတ်နေ၏။

နှစ်သစ်ကူးနေ့အားကျော်လွန်လွတ်မြောက်ခဲ့သော်လည်း ဆယ့်ငါးရက်ကြာမြင့်သည့်တရုတ်နှစ်သစ်ကူးနေ့ကို မကျော်လွန်နိုင်သေး။

ရဲ့ကျိုးသည်သူ့ကိုယ်သူအခန်းတွင်းသို့ဆွဲသွင်းကာ ပိတ်ရုံပိတ်လိုက်၏။နောက်ဆုံးတွင် သူ၏ခရီးဆောင်အိတ်အား စတင်သိမ်းဆည်းနိုင်ပြီဖြစ်ကာ အိမ်ပြန်လမ်းအတွက်ပြင်ဆင်လိုက်၏။

“မင်းအိမ်ကနီးနီးလေးဆို ဘာလို့မပြန်သေးတာလဲ?”

တခြားသောကျောင်းသားအားလုံးသည် စာမေးပွဲပြီးသည့်ရက် သို့မဟုတ် ဖြေပြီးနောက်ရင်တွင် အိမ်ပြန်ရန်မစောင့်နိုင်ဖြစ်ကြ၏။ကိုယ်ပိုင်အကြောင်းပြချက်ရှိနေသောရဲ့ကျိုးကလွဲလျှင် ခြေသလုံးအိမ်တိုင်တစ်ယောက်လို အခန်းထဲတွင်သာထိုင်နေသည့်ရှန်းဂျင်သာရှိ၏။

“နီးနီးလေးမှာနေလို့ပဲငါပြန်ချင်တဲ့အချိန်မှပြန်မှာပေါ့”
ရှန်းဂျင်သည်ရဲ့ကျိုးအားစကားပြောနေစဥ်တွင် သူ၏ဂိမ်းဆော့နေသောလက်ကအနည်းမျှပင်မရပ်ပေ။
“တော်တော်နီးနေပြီနော် မနက်ဖြန်ဆိုရင်ရှောင်နျန်ပထမနေ့ဖြစ်နေပြီ ဒီနေ့မှသွားမှာလား?”
T/N-ရှောင်နျန်က တရုတ်နှစ်သစ်ကူးအစမှာ မီးဖိုချောင်နတ်ကို ဝတ်ပြုဖို့အိမ်သန့်ရှင်းရေးလုပ်၊စျေးဝယ်ထွက်ကြတဲ့ပွဲတော်ပါ

ရဲ့ကျိုးသည်ခရီးဆောင်အိတ်အားတည့်မတ်ကာတစ်ဘက်သို့ထားလိုက်ပြီး သက်ပြင်းချ၍ပြော၏။
“အိမ်ပြန်ရတာကအဆောင်မှာနေရတာလောက်သက်တောင့်သက်သာမရှိဘူး”

ရှန်းဂျင်သည် ဂိမ်းinstance2မှထွက်၍ လှည့်ကာပြောလိုက်၏။ “တခြားလူတွေဘာပြောရတာကြိုက်ကြိုက် သူတို့ကိုပြောပစေ။မင်းကိုလက်ညိုးထိုးပြီးနားထောင်ဖို့တွန်းအားမပေးသရွေ့ စိတ်ပူစရာမလိုဘူး”

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now