Chapter 26

4.5K 761 30
                                    

[Unicode]ကျောင်းတွင် လူတစ်ယောက်၏အချက်အလက်ရရှိရန် အလွန်လွယ်ကူပေသည်။အထူးသဖြင့် ရဲ့ကျိုးက ကျောင်း၌ တခြားလူများနှင့် ဆက်ဆံရေးကောင်းရှိနေသည်ဖြစ်၍ တစ်နာရီတောင်မကြာလိုက်ဘဲ ဖော်ထုတ်နိုင်တော့မည့်လူ အများအပြားရှိနေပြီဖြစ်၏။

1642L:ရဲ့ကျိုး အာ ငါတို့ကအဆောင်တစ်ခုတည်းမှာပဲ။တစ်ခါတုန်းက ငါအမြန်ချောပို့ပစ္စည်း သွားယူတော့မယ့်အချိန်မှာ ဆရာကငါ့ကိုအလောတကြီးခေါ်တယ်လေ။သူကလည်း အမြန်ချောသွားယူနေတာဆိုတော့ ငါ့ကိုကူညီမယ်ဆိုပြီး ကမ်းလှမ်းခဲ့တယ်။အဲ့အချိန်တုန်းက ငါမသိခဲ့ဘူး ပြီးတော့ သူကအဆေုက်အဦးတစ်ခုတည်းမှာဆိုတာပဲ သိခဲ့တာ။ငါသူ့ကိုအပ်လိုက်တော့ စိတ်ထဲမှာ နည်းနည်းစိတ်မချဖြစ်နေသေးတယ်။ငါဆရာဆီကနေပြန်လာတော့ ငါ့အမြန်ချောက ငါ့စားပွဲပေါ်မှာ ငြိမ်ငြိမ်သက်သက်ရှိနေရော။လူကြီးလူကောင်းတစ်ယောက်ရဲ့ ရည်ံရွယ်ချက်ကို တိုင်းတာဖို့ လူမိုက်စိတ်နှလုံးကို ငါတကယ်သုံးနေခဲ့တာ။စာကြွင်း-ငါမှတ်မိနယ် သုံးဘီးကားက အစကအနီရောင် ပြီးတော့ တစ်ရက်ကျရုတ်တရက်ကြီးအရောင်ပြောင်းသွားတာပဲ။သူနဲ့ရှန်းဂျင်မှာ ဒီလိုဆိုးရွားတဲ့အကြိုက်ရှိနေမယ်လို့ ထင်မထားဘူး~~

1660L: ငါက ကျောင်းစာကြည့်တိုက်မှာအချိန်ပိုင်းလုပ်တယ်။ဒီကြည့်ကောင်းတဲ့ကောင်လေးကို အလွန့်အလွန်ရင်းနှီးနေတာ။ဘဏ္ဍာရေးဌာနကရဲ့ကျိုးက တစ်ပတ်ကိုစာအုပ်တွေအကြိမ်တော်တော်များများငှားပြီးတော့ ဒီရက်ပိုင်းတွေမှာ စာကြည့်တိုက်ထဲ ယောင်ပေပေလုပ်နေတာ။စကားမစပ် တစ်ချိန်တုန်းက သူ့ခြေထောက်ထော့ကျိုးဖြစ်နေပြီးတော့ စာအုပ်ငှားဖို့ကို ခြေတစ်ဖောင်ကျိုးခုန်လာတာပဲ။မျက်မှောက်ခေတ် ‘ခန္ဓာကိုယ်မသန်စွမ်းလည်း ရည်မှန်းချက်ကို အရှုံးမပေး’ ဆိုတာရဲ့ စံပြပုံစံတစ်ခုဆိုတာရိုးရိုးရှင်းရှင်းလေးပဲ!

ဆောင်းရာသီအတွင်းပိုင်းတွင် ချွေးစက်တစ်စက်က ရဲ့ကျိုး၏နဖူးပေါ်မှကျဆင်းသွား၏…

ခန္ဓာကိုယ်မသန်စွမ်းလည်း ရည်မှန်းချက်ကို အရှုံးမပေး ဆိုတာဘာကိုခေါ်တာလဲ?? အတန်းဖော်ရေ မင်းကစာကြည့်တိုက်မှာအလုပ်လုပ်တာဆို။မင်းရဲ့ဗဟုသုတပမာဏကို ဘယ်လိုစုဆောင်းရမလဲမသိဘူးလား? ဓလေ့သုံးစကားကို တအားလက်လွတ်စပယ်သုံးနေတာလား?

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now