Chapter 12

5.2K 1K 14
                                    

“ကျိုးဝမ်သောင် ခဏလေး…”

“ဘာခဏလဲ! အခု အချိန်ကအသက်ပဲ!”

“ငါသိတယ် ဒါပေမယ့် ငါ့ကိုတွဲပေးတာကရပါသေးတယ် မလိုတာက…”

“မင်းခြေထောက်ဒဏ်ရာက အရေးကြီးတယ်!! ဘာလို့ခုမှ သန်မာသလိုပြုမူဖို့ကြိုးစားနေတာလဲ? မင်းကိုရိုးရိုးသားသားချီပါရစေ!”

“ဘာ…” ဒါကဘယ်လိုတွဲကူပေးတာမျိုးကြီးလဲ!!

ရဲ့ကျိုးသည် လက်မောင်းအား ကျိုးဝမ်သောင်၏ ပုခုံးပေါ် တင်လိုက်ပြီး ကျိုးဝမ်သောင်က ရဲ့ကျိုး၏ လက်ကောက်ဝတ်အား စုကိုင်လိုက်၏။သူ့အရပ်ကြောင့် ရဲ့ကျိုး၏ခြေဖဝါးက မြေကြီးတွင် တရွတ်တိုက်ကျနေ၏။

ရဲ့ကျိုးသာ် ကောင်းကင်ဘုံသို့ ကြည့်လိုက်သည်။အတန်းထဲတွင် အပုဆုံးမဟုတ်သော်လည်း ကျိုးဝမ်သောင်၏အရပ်က သူ့အရပ်နှင့် အတော်လေးကွာနေ၏။ယခုအခါ ကျိူးဝမ်သောင်၏ ကျောပေါ်တွင် သယ်ခံလာရသည်ဟု ဆိုခြင်းထက် တရွတ်တိုက်ဆွဲခံလာရသည်ဟု ပြောလျှင်ပိုမှန်ပေလိမ့်မည်။ခွေးသေတစ်ကောင်အား ကြွက်တစ်ကောင်က လမ်းပေါ်တွင် ရုန်းကန်ဆွဲလာသည့် မြင်ကွင်းအား တွေးကြည့်စရာပင်မလို။

ဘယ်ဘက်ဒူးသည် နာကျင်နေပြီး ညာဘက်ခြေချင်းဝတ်က လုံးဝ ထုံနေ၏။

သတိမေ့မသွားခင် ကုသဆောင်ရောက်ပါစေဟူ၍သာ မျှော်လင့်မိတော့၏။

ဆုတောင်းကအလုပ်ဖြစ်သွားတာဖြစ်နိုင်၏။နောက်ဆုံး၌ ကုသဆောင်သို့ သတိမေ့လုဆဲဆဲအခြေအနေတွင် ရောက်ရှိသွား၏။

အိပ်ယာစွန်းတွင်ထိုင်းနေရင်း ရဲ့ကျိုးသည် ဘောဖိနပ်အားချွတ်လိုက်၏။မနက်က အကောင်းကြီးရှိသေးသောခြေချင်းဝတ်သည် ယခုအခါ အပေါ်ဖက်ထိ ဖူးရောင်နေ၏။

ကျိုးဝမ်သောင်သည် လျှာဖြင့်အသံနှစ်ကြိမ်ပြုလိုက်ပြီး တောင်ကုန်ငယ်ကလေးတစ်ခုလို ဖူးယောင်နေသောခြေကျင်းဝတ်အောက် ဆောင့်ကြောင့်ထိုင်လိုက်သည်။
“မင်းချွတ်လိုက်တဲ့ဖိနပ်တွေက ပြန်စီးဖို့ခက်လိမ့်မယ်နော်”

“စောစောသာသိခဲ့ရင် အခန်းထဲကဖိနပ်ပါးတစ်စုံယူပြီးမှ ကုသဆောင်ကိုလာပါတယ်ကွာ”

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now