Chapter 47

3.6K 735 22
                                    

[Unicode]သုံးယောက်သားသည် hotpotရောက်လာသည်အထိ ကို့ရို့ကားယားစောင့်ခဲ့ကြ၏။

စားပွဲထိုးသည် ရှန်းဂျင်နှင့်ရှန်းမင်ကြား ရဲ့ကျို့၏မျက်နှာချင်းဆိုင်ရှိ စားပွဲပေါ်မှနေရာလွတ်တွင် ပန်းကန်ခွက်များအားနေ‌ရာချ၏။

Mandarin duck potအောက်‌ခြေသည် တစ်ဖက်တွင် အနီရဲရဲပူ၊စပ်ပြီး တစ်ခြားဖက်တွင် လတ်ဆတ်သင်းပျံ့ပြီး‌ပေါ့၏။လူထွားကြီးသုံး‌ယောက်၏အမှာစာရှိရှစ်ဆယ်ရာခိုင်နှုန်းမှာ အသားများဖြစ်သည်။

ရှန်းဂျင်သည်အသားတစ်ပန်းကန်ကိုယူ၍ဆီအစပ်အထဲသို့အကုန်သွန်ချလိုက်၏။

“အာ နှစ်ဖက်လုံးမှာနည်းနည်းစီထည့်သင့်တယ်”
ရဲ့ကျိုးသည်မနေနိုင်ဘဲ နောက်ထပ်အမဲသားပန်းကန်အားယူ၍ တစ်ဖက်စီသို့အနည်းငယ်ထည့်လိုက်၏။

“ရဲ့ကျိုး ဘာလို့ဒါကိုတအားစီစဥ်ဖို့ကြိုးစား‌‌နေတာလဲ? အရွယ်ရောက်ပြီးသားသူအနေနဲ့ သူဘာစားလဲချင်လဲဆိုတာကိုနားမလည်သေးဘူးလား?”
ရှန်းမင်သည်နှာမှုတ်၍ ရှန်းဂျင်နှင့်အားပြိုင်သည့်အနေဖြင့် လက်အနားရှိပန်းကန်ထဲမှအသားကိုယူ၍အိုးထဲထည့်လိုက်၏။

“မင်းတို့‌ကောင်‌‌တွေအသာလုပ်စမ်းပါ”
ဒီလိုပါးပါးလှီးထားတဲ့အသားကနှစ်ခါ‌ရေနွေးဖြောပြီးတာနဲ့စားလို့ရပြီ။တစ်ခါတည်းနဲ့အများကြီးထည့်ပစ်တာက ဖြုန်းတီးတာပဲ! အသားကအကျက်လွန်သွားလိမ့်မယ်! သူတို့နှစ်ဦးမှာရပ်တန့်မည့်ပုံမပေါ်သည်ကိုကြည့်၍ ရဲ့ကျိုးသည်စားပွဲကိုဘန်းခနဲရိုက်၍ အမျက်ခြောင်းခြောင်းထွက်လျက်ပြော၏။
“မင်းတို့‌ကောင်‌တွေhotpotဘယ်လိုစားရလဲဆိုတာကိုနားလည်ကြလား!”

နှစ်‌ယောက်သားသည်နောက်ဆုံးတွင်လှုပ်ရှားမှုများအားရပ်တန့်လိုက်၏။ 

ရဲ့ကျိုးသည်မထီမဲ့မြင်ပြော၏။
“ကျန်တာကိုငါတာဝန်ယူလိုက်မယ်။မင်းတို့ကောင်‌တွေကစားရုံပဲ

ရှန်းဂျင်သည် တူကိုကောက်ကိုင်၍ ဟင်းရည်၏အရည်ကြည်‌သောဘက်သို့အကျင့်ပါစွာလှမ်းလိုက်၏။တူသည် ဟင်းရည်ကြည်ကိုမထိလိုက်ဘဲ ရှန်းဂျင်သည်လက်ကောက်ဝတ်ကိုကွေး၍ ငရုတ်ဆီအရောင်တင်နေသော အဝါဖျော့ဖျော့မျှစ်အားယူလိုက်၏။ငရုတ်ဆီဖြင့်ဖုံးထား‌သောအသားအားသူ၏ပန်းကန်လုံးထဲသို့ထည့်ခြင်းမှာ စိတ်ကောက်ခြင်းမဟုတ်ပေ ; ရဲ့ကျိုးနှစ်သက်သည့်အရသာအားမြည်းစမ်းချင်ရုံသာဖြစ်၏။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now