Chapter-49

3.6K 694 4
                                    

[Unicode]ရှန်းမင်ထွက်ခွာသွားပြီးနှစ်ရက်ပင်မကြာလိုက်ဘဲ ရှန်းဂျင်ဂရုတစိုက်ပြုစုပျိုးထောင်မြေ‌တောင်မြှောက်ထားခဲ့သော စတော်ဘယ်ရီပင်သည် နောက်ဆုံးတွင်ဖူးသစ်ဝေလာပြီဖြစ်၏။ 

ရှန်းဂျင်မျက်လုံးဖွင့်လိုက်သည့်နေ့တွင်နေသာနေ၏။အိပ်ယာမှဆင်း၍ သွားတိုက်ဆေးညှစ်ရင်း ပြတင်းပေါက်ဘောင်ဆီသို့သွားလိုက်၏။ထိပ်ဆုံးမှအရွက်ကြီးအားအသာဖယ်လိုက်ပြီး အရိပ်ထဲတွင်ကွယ်နေသောအဖူးများကခေါင်းပြူထွက်လာကြ၏။ပီတိသည် ရှန်းဂျင်၏စိတ်နှလုံးထဲတွင် တသွင်သွင်စီးဆင်းသွား၏။သွားတိုက်တံကို‌ေဘးချပြီး အရွက်တစ်ရွက်စီ၏အောက်သို့ကြည့်၏။ကံမကောင်းစွာပင် ဤစတော်ဘယ်ရီပင်တွင်ဤအဖူးများသာရှိ၏။

ရှန်းဂျင်သည်ဘေစင်ဆီသို့အမြန်သွားပြီး အမြန်မျက်နှာသစ်သွားတိုက်လိုက်၏။ဖုန်းကိုယူ၍စ‌တော်ဘယ်ရီပင်မှထွက်ပေါ်လာ‌သောပထဆုံးအဖူးများအားဓာတ်ပုံရိုက်လိုက်၏။

“ဘာလုပ်နေတာလဲ?”
ရဲ့ကျိုးသည်သူ့အနောက်မှပေါ်လာ၏။သူ၏စ‌တော်ဘယ်ရီပင်ရှိအရွက်များသည် အလွန်ကြီးသောကြောင့် တစ်ဆယ်စင်တီမီတာရှိအိုး‌လေးအားအပြည့်အဝဖုံး‌အုပ်တော့မည်အထိပင်။
“ငါ‌ပြောမယ် ဒီနှစ်ရက်အတွင်း တစ်ခုခုကို‌မေ့ခဲ့တယ်နဲ့တူပါတယ်။အိုးလဲသင့်‌နေပြီ”

“ငါ့မှာအပိုရှိတယ်။စားပွဲအောက်မှာထားထားတယ် အထဲမှာ မြေကြီးတွေလည်းရှိသေးတယ်”

ရှန်းဂျင်ကသူ၏အပင်များကိုအိုးပြောင်းစိုက်စဉ်က ရဲ့ကျိုး၏အပင်ကိုပါလဲ‌ပေးချင်သော်လည်း ရဲ့ကျိုးကသူ့အားစတောိဘယ်ရီပင်‌ပေးခဲ့စဥ်က ပြိုင်ပွဲတစ်ခုဖြစ်‌ကြောင်းပြောခဲ့၏။ဝင်‌ရောက်စွက်ဖက်ရန်မသင့်ပေ။သို့သော် အိုးဝယ်ခဲ့စဥ်က ရဲ့ကျိုးအတွက်ပါဝယ်ခဲ့၏။ရဲ့ကျိုးက ဝန်လေးနေမည်ကိုစိုးရိမ်သဖြင့်
“တစ်ခုဝယ် တစ်ခုရ‌လေ အလဟဿမဖြစ်စေနဲ့”

ရဲ့ကျိုးသည်ရယ်လိုက်ပြီးအမှန်ကိုမဖော်ထုတ်ဘူး။  "အဲ့လိုဆို အဲ့တစ်ခုကငါ့ဟာပဲ။"

"ငါ့စတော်ဘယ်ရီပင်ကအဖူးထွက်လာပြီ"

"ဘာ?" 
ရဲ့ကျိုးသည်ပြတင်းပေါက်နားတွင်ကိုယ်တစ်ခြမ်းထိုင်ပြီး ရှန်းဂျင်၏စတော်ဘယ်ရီပင်ကိုကြည့်လိုက်၏။  သေချာပါသည် အရွက်အောက်တွင် အပွင့်ဖူးအများအပြားရှိနေသည်။ကြည့်ရှုပြီးနောက် ရဲ့ကျိုးသည် သူ၏ကိုယ်ပိုင်ပန်းအိုးအား အလျင်အမြန်လှန်ကြည့်လိုက်သည်။သို့သော် ဖွံ့ဖြိုးနေသောအရွက်များမှလွဲ၍ ပန်းအဖူး၏အရိပ်အယောင်ကိုပင်မတွေ့ရ‌ပေ။ရဲ့ကျိုးသည်ကိုယ့်ကိုယ်ကိုစဥ်းစားဆင်ခြင်လိုက်၏။ အမှန်တကယ်ပင် စတော်ဘယ်ရီပျိုးပင်အတွက် သူ၏စိုးရိမ်ပူပန်မှုမှာအလွန်နည်းပါးလှသည်။  စတော်ဘယ်ရီပျိုးပင်ကကြီးထွားလာသော်လည်း
အရွက်များဖွံ့ဖြိုးလာရုံဖြင့်ဘယ်မှာအသုံးဝင်သနည်း။  သူသည်စတော်ဘယ်ရီပင်ကိုစိုက်ပျိုးနေခြင်းဖြစ်ပြီး အရွက်အပင်တစ်ပင်ကိုစိုက်ပျိူးခြင်းမဟုတ်ပေ။  ပန်းပွင့်ခြင်းတွင်တစ်လှမ်းနှေးကွေးခဲ့သောကြောင့် ရလဒ်မှာ သူသည်ရှန်းဂျင်နောက်တွင် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။နောက်ဆုံးတွင် သူသည်အလွန်အရေးမထားခဲ့ခြင်းပင်။ သူကယှဉ်ပြိုင်ရန်ကြံရွယ်ထားပါသော်လည်း အဆုံး၌ စိတ်နှစ်ထားသူမှာ သိသိသာသာပင် ရှန်းဂျင်ဖြစ်‌နေခဲ့၏။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now