Chapter 62

3.5K 571 4
                                    

[Unicode]ရဲ့ကျိုးသည် ကုတင်ပေါ်တွင်ခြေချိတ်ထိုင်ကာ ကွန်ပျူတာကြည့်၍ မှတ်စုစာအုပ်အသေးလေးထဲတွင်မှတ်စုရေးရင်း အာရုံနစ်မြုပ်နေ၏။

နေ့လည်စာစားချိန်ရောက်နေပြီဖြစ်သော်လည်း ရှန်းဂျင်ဆီမှဖုန်းဝင်မလာသေးပေ။ထွက်မသွားခင်က စကားကိုမရှင်းမလင်းပြောသွား၏။စိတ်ထဲတွင် မရေမရာသံယယရှိနေသော်လည်း လေးစားသမှုဖြင့် ထပ်၍မစဉ်းစားတော့ပေ။ဖုန်းကိုထုတ်လိုက်ပြီး တစ်ဖက်လူအားဖုန်း‌ခေါ်လိုက်လျှင် နှောင့်ယှက်မိမည်လည်းကြောက်၊ဘာသတင်းမှလည်းမကြားသဖြင့် တည်တည်ငြိမ်ငြိမ်လည်းမနေနိုင်ဖြစ်နေပြီး လက်ချောင်းများက ရှန်းဂျင်၏ဖုန်းနံပါတ်‌ေပါ်တွင် တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေ၏။

ရဲ့ကျိုးသည် သက်ပြင်းချ၍ နာရီဝက်အတွင် ရှန်းဂျင်ကဖုန်းမခေါ်လျှင် မိမိခေါ်မည်ဟု ဆုံးဖြတ်လိုက်၏။

ကံကောင်းစွာဖြင့် ဆယ့်ငါးမိနစ်အကြာတွင် ရဲ့ကျိုးသည် တံခါးခေါက်သံကြားလိုက်၏။

“ရဲ့ကျိုး”

ရဲ့ကျိုးသည် အိပ်ရာထဲမှ ခုန်ထွက်၍ ဖိနပ်စီးချိန်ပင်မရလိုက်ပေ။တံခါးဖွင့်၍ ရှင်းဂျင်အား အကောင်းပကတိမြင်ရမှ စိတ်သက်သာရာရသွား၏။
“ပြန်ရောက်ပြီပဲ”

ရှန်းဂျင်သည် လက်ထဲမှအိတ်ကို စားပွဲပေါ်တင်၍
“အပြန်လမ်းမှာ စားစရာဝယ်ခဲ့တယ်”

ရဲ့ကျိုးသည် စားစရာရှိမရှိဂရုမစိုက်ပေ။အခြေအနေအားနားမလည်မချင်း အဘယ်မှာစားချင်စိတ်ရှိလိမ့်မည်နည်း။
“ဘာလို့အိမ်ပြန်သွားတာလဲ”

ရှန်းဂျင်သည် အိတ်ထဲမှနေ့လည်စာဘူးကိုထုတ်ကာ တစ်ခါသုံးတူကိုခွာလိုက်ပြီး ပေါ့ပေါ့ပါးပါးဆို၏။
“ငါတို့အကြောင်းကို အဖေသိသွားလို့ ပြောပြခဲ့တယ်ပဲပြောရမလား။မြန်မြန်စား အေးကုန်လိမ့်မယ်”

ရဲ့ကျိုးသည် ဤစကားကိုကြားပြီးသည့်နောက် ပို၍ပင်စားချင်စိတ်မရှိတော့ပေ။မယုံကြည်နိုင်စွာ ပြောလိုက်၏။
“မင်း…မင်း…ဒီတိုင်းပြောချခဲ့တာလား”

“ဘယ်လိုပဲဖြစ်ဖြစ် စောစောပဲပြောပြော နောက်ကျမှပဲပြောပြော ပြောရမှာပဲလေ”

“မင်း…မင်း…”
ရဲ့ကျိုးသည် နေ့တစ်ဝက်စာ “မင်း” ဟုရေရွတ်နေသော်လည်း စကားအားအဆုံးမသတ်နိုင်ပေ။အိပ်ရာ‌ပေါ်စိတ်ဓာတ်ကျစွာထိုင်ချလိုက်ရင်း ဘယ်လိုပဲပြောပြော စိတ်ကိုတည်ငြိမ်အောင်မထားနိုင်ပေ။အချိန်အတော်ကြာမွန်းကျပ်နေပြီးနောက် အငြင်းပွား၏။   
“မင်းကတကယ်ကိုစိတ်လိုက်မာန်ပါလုပ်လွန်းတယ်”

ရှန်းဂျင်သည် ဤစကားကို လုံးဝအတည်မယူသည့်ပုံပင်။ရဲ့ကျိုးကိုဆွဲယူ၍ နေ့လည်စာဘူးအား လက်ထဲထိုးပေးကာ
“မင်းကိုဒီလိုမြင်ရတာ မင်းမနက်စာမစားရသေးတာဖြစ်မယ်။နည်းနည်းလောက်စားပြီးမှ ပြော”
T/N-တတွတ်တွတ်ပြောလွန်းတဲ့ဇနီးသည်နဲ့
ဘာလုပ်လုပ်အပြစ်မမြင်တဲ့ခင်ပွန်းသည်:3

ရဲ့ကျိုးသည် ရှန်းဂျင်အား ရှုံးနိမ်ကြောင်းကို ရိုးရိုးရှင်းရှင်းပင်ဝန်ခံချင်နေ၏။ဤသို့သောကိစ္စကြီးတစ်ခုအား ကျော်ဖြတ်လာပြီးသည့်တိုင် ရှန်းဂျင်သည် အလွန်တည်ငြိမ်နေရုံသာမက သူ့အား စားသောက်ရန်ပါ တိုက်တွန်းနေ၏။ထမင်းကို ပါးစပ်အပြည့်စားလိုက်ပြီး
“ပြီးတော့ရော”

“ဘာကိုပြီးတော့ရောလဲ?”
ရှန်းဂျင်သည် တူဖြင့် ဟင်းသီးဟင်းရွက်အား ကိုင်ထားပြီး
“ငါဒီမှာရှိနေတာပဲမဟုတ်လား”

ရဲ့ကျိုးသည် မဝံ့မရဲမေးလိုက်၏။
“မောင်းချခံလိုက်ရတာလား”
ရှန်းဂျင်သည် ပခုံးတွန့်ပြပြီး မှတ်ချက်မပေးပေ။
အခြေအနေက ဤအထိရောက်လာပြီဖြစ်သဖြင့် ရဲ့ကျိုးအနေနှင့် ထပ်ပြော၍လည်းမထူးတော့ပေ။
စဥ်းစားကြည့်ရင် ဘယ်လိုသာမန်မိသားစုမျိုးက ဒီကိစ္စမျိုးကို လက်ခံပေးနိုင်မှာလဲ?
ဓားတွေသေနတ်တွေပါမလာတာတင် ကံကောင်းနေပြီ။
ရဲ့ကျိုးသည် မိဘများအကြောင်းတွေးမိလိုက်သည့်အခါ
“ငါလည်း မင်းလို ဝန်ခံလိုက်သင့်ပြီ”
ရှန်းဂျင်သည် ထမင်းသီးသွားပြီး သက်သာသွားတော့မှ ပြောလိုက်၏။
“စိတ်လိုက်မာန်ပါမလုပ်ပါနဲ့”
ရဲ့ကျိုးသည်နှာမှုတ်ပြီး နားလည်ရခက်စွာဆို၏။
“အိုး ဒီတိုင်းထုတ်ဝန်ခံလိုက်တာက စိတ်လိုက်မာန်ပါလုပ်တာဆိုတာကို မင်းလည်းသိတာပဲလား?”

“မင်းနဲ့ငါက မတူဘူးလေ”
ရဲ့ကျိုး၏မိသားစုသည် အရမ်းတင်းကြပ်၏။ရဲ့ကျိုးက အဆင့်နှစ်ရသည့်အချိန်တွင်တောင် အပြင်းအထန်ဖိအားပေးခဲ့ကြသည်။ရဲ့ကျိုးက ယောကျ်ားတစ်ယောက်နှင့် အတူနေလိုသည့်ကိစ္စကို မပြောပါနှင့်တော့။ထိုသို့ဖြစ်လာပါက နှင်ထုတ်ခံရသည်က နည်းသေးသည်။သူ့အား ပိတ်လှောင်ထားလျှင်ထား မဟုတ်လျှင် ဆရာဝန်နှင့် အတင်းပြနိုင်၏.ဖြေရှင်းရန်အလွန်ခက်ခဲလိမ့်မည်။
“ငါ့မိသားစုက… သိသွားရင်တောင် သူတို့လုပ်နိုင်တာ ဘာမှမရှိဘူး။မင်းနောက်နှစ်နှစ်လောက်ထပ်စောင့်သင့်တယ်။ဒီတစ်ခေါက် ငါက မတော်တဆဖြစ်သွားတာ”

“ငါသိပါတယ်။ငတုံးမဟုတ်ပါဘူး”
ရဲ့ကျိုးသည် ကွန်ပျူတာမျက်နှာပြင်ကို ရှန်းဂျင်ဘက်လှည့်လိုက်၏။
“ကောင်းမယ်ထင်တဲ့နေရာလေးတွေတွေ့ထားတယ်။ညနေကျ တစ်ချက်သွားကြည့်ရအောင်”
ရဲ့ကျိုးသည် နွေရာသီအားလပ်ရက်တွင် ဟိုတယ်တည်းသည်ဟု တမြန်မနေ့က ဂုဏ်ယူဝင့်ကြွားခဲ့သော်လည်း ယခုမူ ပြောင်းရမည့်နေရာကိုသာ မြန်မြန်ရှာချင်နေ၏။ပြီးလျှင် ရှန်းဂျင်သည် အိမ်ပေါ်မှနှင်ချခံခဲ့ရပြီး သေချာပေါက်ဝင်ငွေရှိလိမ့်မည်မဟုတ်။သူ့တွင် စုငွေရှိသော်လည်း ဝင်ငွေမရှိသော ကျောင်းသားများအတွက် သုံးလိုက်သမျှပိုက်ဆံတိုင်းသည် အဝင်မရှိဘဲ ကုန်ဆုံးသွားလိမ့်မည်။အရာတိုင်းတွင် ချွေတာရမည်။
ရှန်းဂျင်သည် မောက်စ်ကို ရွှေ့ပြီး အကျဥ်းချုပ်ကြည့်လိုက်၏။
“နားထောင်နေတယ်။မြန်မြန်စားလိုက်”
နှစ်ဦးလုံးသည် သွက်လက်စွာ လှုပ်ရှားကြ၏။နေရာအချို့ကို ရွေးထုတ်ကာ အိမ်ပိုင်ရှင်များနှင့် ချိန်းဆိုကြ၏။ရုတ်တရက်ဖြစ်လွန်းသဖြင့် ညနေခင်းတွင် အားလပ်သည့် အိမ်ရှင် နှစ်ဦးသာရှိ၏။
ဂျူလိုင်လ နေမင်း၏ နေရောင်အောက်တွင် ပုစဥ်းရင်ကွဲများက လမ်းတစ်လျှောက် ဆူညံနေပြီး လူတို့အား စိတ်အနှောင့်အယှက်ဖြစ်စေ၏။
ရှန်းဂျင်သည် အလွန်ပူသောနေ့တစ်နေ့ဖြစ်ကြောင်းသိသဖြင့် အငှားကားခေါ်ရန် ရည်ရွယ်သော်လည်း ရဲ့ကျိုးသည် ဘတ်စ်ကားစီးရန်သာ တိုက်တွန်း၏။လမ်းပေါ်တွင် လူတစ်ယောက်မှမရှိဘဲ
ပူပြင်းခြောက်သွေ့သောနေရောင်အောက်ရှိ ဘတ်စ်ကားမှတ်တိုင်ရှေ့တွင် ရပ်နေရင်း ရဲ့ကျိုးသည်
လက်ကို ပန်ကာသဖွယ်အသုံးပြုနေရင်း အကြံပေးလာ၏။
“အိမ်ငှားပြီးရင် ကျောင်းကိုသွားပြီး ရှန်းရဲ့ကို သွားယူသင့်တယ်”

“ယူရမှာပေါ့။အိမ်ငှားရင် ပစ္စည်းတွေဝယ်ဖို့လိုဦးမှာ မလွဲပဲ။ကားရှိမှအဆင်ပြေမှာ”
နှစ်ယောက်ကြားမှ ထူးထူးခြားခြားဆက်ဆံရေးကြောင့် စျေးအပေါဆုံးနေရာကို ငှားရမ်းရန်လည်း သေချာပေါက်မဖြစ်ပေ။သို့သော် ကြီးကြီးမားမားကိုငှားလိုက်ပါက အလွန်စျေးကြီးနေလိမ့်မည်။နောက်ဆုံး၌ အိပ်ခန်းတစ်ခန်းပါသော တိုက်ခန်းကိုသာ ရွေးလိုက်၏။
ရှန်းဂျင်နှင့်ရဲ့ကျိုးတို့ အိမ်တံခါးဝအားရောက်သည့်အခါ အိမ်ပိုင်ရှင်သည် အိမ်ငှားသည် နှစ်ယောက်ဖြစ်ကြောင်းသိလိုက်၏။အိမ်ပိုင်ရှင်သည် အလျင်စလိုဆို၏။
“တစ်ယောက်ခန်းဆိုပေမယ့် ငှားချင်တယ်ဆိုရင် တစ်ယောက်အိပ်ရာတစ်ခုပေးလို့ရပါတယ်။နည်းနည်း ရှင်းလင်းလိုက်ရင် လူနှစ်ယောက်တော့နေလို့ရတယ်”
ရှန်းဂျင်သည် တိုက်ခန်းကိုလှည့်ပတ်ကြည့်လိုက်၏။အမှန်တွင် နှစ်ခါတောင် လှည့်ပတ်ကြည့်၏။မဆိုးလှကြောင်းခံစားရ၏။ပြီးလျှင် သူသည် အဆောင်တွင်နေရသည်ကို ကျင့်သားရနေပြီဖြစ်ကာ ယခုလို အိပ်ခန်းတစ်ခန်းပါသောနေရာက အဆောင်မှအခြေအနေထက် ပိုသာနေသေးသည်။
ရဲ့ကျိုးသည် ရှန်းဂျင်က လက်မခံလိုက်သေးခင် ထိန်းလိုက်၏။
“ကျွန်တော်တို့ စဥ်းစားကြည့်ပါဦးမယ်။နှစ်ရက်အတွင် ငှားဖြစ် မငှားဖြစ်ကို အကြောင်းကြားပါ့မယ်ဗျ”
“ကောင်းပါပြီ”
အိမ်ပိုင်ရှင်သည် အလွန်ဖော်ရွေသောအန်တီတစ်ဦးဖြစ်၏။ရဲ့ကျိုးကို ကြည့်ကာ စတင်စကားဖောင်ဖွဲ့၏။
“ဒီနားမှာက ပတ်ဝန်းကျင်ကောင်းတယ်။ဘူတာရုံက အပြင်ဘက်နားမှာတင်ပဲ။ငှားခက တခြားထက်စျေးကြီးတာကို မကြည့်နဲ့ အရမ်းအားထုတ်ပြီး ပြင်ဆင်ထားတာ။အန်တီ့သမီးက အိမ်အတွင်းပိုင်းဒီဇိုင်နာလေ အစက ဒီအိမ်ကို သူနေဖို့ဆိုပြီး ကိုယ်တိုင် အလှဆင်ထားတာ။အလှဆင်လို့လည်းပြီးရော အိမ်ထောင်ဖက်တွေ့ပြီး ဒီအိမ်က အလွတ်ကြီးကျန်ခဲ့တော့တာပဲ။အခု သူက အိမ်ထောင်ကျသွားပြီဆိုတော့ အန်တီက ငှားဖို့ စီစဥ်လိုက်တာ”
ရဲ့ကျိုးသည်လည်း ဤသည်ကိုမြင်နိုင်၏။အိမ်သည် သာမန်အငှားအိမ်များလို ရိုးရိုးရှင်းရှင်းအလှဆင်ထားခြင်းမဟုတ်။နံရံကပ်စက္ကူနှင့် ပရိဘောကများအား ဂရုတစိုက် ယှဥ်တွဲထားပြီး မီးချောင်းနှင့် ကြမ်းခင်းအားလုံးက အလှဆင်သူ၏ ရည်ရွယ်ချက်ကိုပြသနေ၏။အမျိုးသမီးဒီဇိုင်နာဖြစ်သော်လည်း အိမ်သည် လုံးဝခမ်းနား၏။တစ်ခုတည်းသော အခက်အခဲမှာ စျေးနှုန်က အမှန်ပင် အနည်းငယ် မြင့်နေခြင်း။
“ဟုတ်ကဲ့ အန်တီ။ကျွန်တော်တို့ စဥ်းစားထားလိုက်ပါ့မယ်။ကျေးဇူးပါဗျ”
ရဲ့ကျိုးသည် ပြုံး၍ အိမ်ပိုင်ရှင်အား နှုတ်ဆက်ကာ ရှန်းဂျင်အား ဘူတာရုံဆီသို့ ဆွဲခေါ်ခဲ့၏။
ရှန်းဂျင်သည် ဂဏန်းတွက်စက်ကိုင်ကာ ဂဏန်းများတွက်ချက်နေသော ရဲ့ကျိုးကို ကြည့်ကာ
“ခုနက အိမ်က အတော်လေးအဆင်ပြေတယ်လို့ထင်တယ်။ဘာလို့အဲ့ကိုမပြောင်းတာလဲ? ပရိဘောဂ ခင်းကျင်းပြီးသားဆိုတော့ အိတ်တွေယူပြီး လာနေလို့ရပြီ။ပြီးတော့ အဲ့တာက အိမ်အသစ်ဖြစ်နိုင်တယ်”
ရဲ့ကျိုးသည် စိတ်မပါ့တပါ့ပြန်ပြော၏။
“အိမ်က ကောင်းပါတယ်။စျေးနှုန်းကလည်း ကောင်းတယ်”
“ပိုက်ဆံက ပြဿနာမရှိဘူး”
ရဲ့ကျိုးသည် သူ့အား ထောင်လွှားစွာကြည့်၍
“အိမ်ပေါ်ကနှင်ချခံထားရတဲ့သူက ဒီလိုပြောဖို့ အရည်အချင်းမမှီဘူး”
ရှန်းဂျင်သည် ပြုံး၍
“ငါသိပြီ။မင်းငါ့ကတ်ထဲက ငွေပမာဏကိုသွားမကြည့်ရသေးဘူးမလား?”
ရဲ့ကျိုးသည် သူ့အား မသင်္ကာစွာကြည့်လိုက်၏။ဘတ်စ်ကားပေါ်မှဆင်းပြီးသည့်နောက် ငွေထုတ်စက်ဆီသို့ အပြေးသွားကာ သတိကြီးစွာစစ်ဆေးကြည့်လိုက်၏။ထို့နောက်တွင် ကြက်သေသေသွား၏။
ရှန်းဂျင်ဘာကိုမှမကြောက်သည်မှာ အံ့သြဖွယ်မရှိတော့ပေ။အမှန်ပင် အချိန်အတော်ကြာသည်အထိ ငွေပြတ်လိမ့်မည်မဟုတ်။
“မင်း…မင်း…မင်းမိသားစုပေးတဲ့ မုန့်ဖိုးက မတော်မတရားများလွန်းတယ်မဟုတ်ဘူးလား?”
“ဒါက မုန့်ဖိုးထဲကလို့ မင်းကို ဘယ်သူပြောလဲ?”
ရှန်းဂျင်သည် နှာမှုတ်၏။
“ငါ့ဘာသာရှာထားတာ”
“ဘယ်လိုရှာထားတာလဲ? ငါ့ကိုလည်းခေါ်!”
ရှန်းဂျင်သည် ဆန်းကြယ်စွာဆိုလာ၏။
“ပညာဗဟုသုတက ပိုက်ဆံပဲ”
ရဲ့ကျိုး: “???”
ရှန်းဂျင်သည် ဟိုတယ်အခန်းတံခါးကို ဖွင့်လိုက်ပြီး ရဲ့ကျိုးသည် နောက်မှလိုက်လာကာ ဆက်လက်အပူကပ်နေ၏။
“ငါပြောလိုက်ရင် မင်းစိတ်တွေ ဟန်ချက်မညီပဲဖြစ်ကုန်မယ်”
“ဘာလို့လဲ??”
ရှန်းဂျင်သည် ရဲ့ကျိုး၏ ပါးစပ်ကို ပိတ်၍ နမ်းလိုက်၏။ကျေနပ်သွားတော့မှ ရဲ့ကျိုးအား အဓိပ္ပါယ်ဖော်ပေးလိုက်၏။
“အလယ်တန်းတုန်းက ငါက အမြဲတမ်း ပထမပဲ။အထက်တန်းရောက်တော့ ကျူရှင်ခတင်မဟုတ်ဘဲ ငွေသားလည်း ဆုရသေးတယ်။ကောလိပ်ဝင်ခွင့်စာမေးပွဲမှာလည်း မြို့ထဲမှာငါကပထမပဲ။ကိုယ့်မြို့က ကောလိပ်ကိုပဲ ဝင်ခဲ့လို့ Aတက္ကသိုလ်က ငွေသားနည်းနည်းချီးမြှင့်တယ် ငါတို့မြို့ကလည်း ဆုကြေးငွေပို့ပေးတယ် အထက်တန်းကျောင်းကလည်း ပေးသေးတယ်။အဲ့တာအပြင် ဘဏ္ဍာရေးမေဂျာကျောင်းသားတစ်ယောက်အနေနဲ့ ဒီပိုက်ဆံတွေကို ဘာအတွက်မှမသုံးဖြစ်သေးဘူးလို့ တွေးမိတာနဲ့ စတော့စျေးကွက်မှာ ကံစမ်းကြည့်လိုက်တယ်။ငါ့ကံကတအားကောင်းပြီး ငါဝယ်ထားတဲ့ စတော့ရှယ်ယာအားလုံးက စျေးတက်သွားတယ်။ပြီးတော့ သိပ်မပင်ပန်းဘဲ ငွေသားဆုရမယ့်ပြိုင်ပွဲတိုင်းကို ဝင်ပြိုင်တယ်။သေချာတာပေါ့ ဆုက ဖုန်းတို့ဘာတို့ဆိုလည်း ဝင်ပြိုင်တာပဲ”
ရဲ့ကျိုးသည်နားထောင်ပြီးသည့်အခါ စိတ်အခြေမညီမျှရုံသာမက မနာလိုလွန်း၍ သေတော့မည်။
“ငါ့မိသားစုက ငါ့ကို ပထမမရလို့ အမြဲဆူပူနေတာ အံ့သြစရာမရှိတော့ဘူး။ပထမနဲ့ဒုတိယကြားက ကွာခြားချက်က ဒီလောက်ကြီးမှန်းသိခဲ့ရင် ငါလည်း လက်မလျော့လိုက်ပါဘူး!”
ရှန်းဂျင်သည် အော်ရယ်လိုက်၏။ရဲ့ကျိုးအား သူ၏အောက်သို့ဆွဲသွင်း၍ ပြေရာပြေကြောင်းအနမ်းပေးလိုက်၏။
“ကိစ္စမရှိပါဘူး။ဘာပဲဖြစ်ဖြစ် ငါ့ဟာက မင်းဟာပဲလေ”
ရဲ့ကျိုးသည် ခံပြင်းစွာဖြင့်
“ကိုယ့်ဘာသာရတာက သူများပေးတာနဲ့ တူနိုင်ပါ့မလား?”
ရဲ့ကျိုးသည် စိတ်မလျော့လိုသော်လည်း နောက်ဆုံးတွင် စကားတစ်ခွန်းကိုသာ သက်ပြင်းချ၍ဆိုလိုက်၏။
ဒါက ဘဝပဲ!
နောက်ရက်တွင် နှစ်ယောက်သားသည် တိုက်ခန်းအတော်များများကို ထပ်၍ကြည့်သော်လည်း ယမန်နေ့က ကြည့်ခဲ့သော တိုက်ခန်းက ပိုကောင်းသည်ဟု ထင်နေတုန်းပင်။နောက်ဆုံးတွင် ရှန်းဂျင်သည် လေလံပစ်သူ၏တူကို ထုလိုက်နိုင်ပြီး အိမ်ပိုင်ရှင်နှင့် စာချုပ်ချုပ်လိုက်၏။
လက်မှတ်ထိုးပြီးသည့်အခါ အိမ်ပိုင်ရှင်အန်တီက
“ရှောင်ရှဲ့ ဘယ်တော့ပြောင်းလာဖို့စီစဥ်ထားလဲ။နက်ဖြန် အိပ်ရာတစ်လုံးယူခဲ့ပေးလို့ရတယ်။ဘယ်လိုစဥ်းစားထားလဲ?”
ဤတစ်ကြိမ်တွင်တော့ ရဲ့ကျိုးသည် ချက်ချင်းငြင်းဆန်လိုက်၏။
“အိပ်ရာမလိုပါဘူး။ကျွန်တော်တို့က ယောကျာ်းလေးနှစ်ယောက်ဆိုတော့ ဒီတိုင်း ကြမ်းပြင်ပေါ် အိပ်ရာခင်းလိုက်ရင် အဆင်ပြေပါတယ်။အိပ်ရာအပိုက နေရာစားလိမ့်ဦးမယ်”
“ကောင်းပြီလေ နောက် မေးစရာရှိရင် ဖုန်းခေါ်လိုက်နော်”
အိမ်ပိုင်ရှင်သည် တစ်ခွန်းနှစ်ခွန်းရှင်းပြပြီးနောက် ထွက်ခွာသွား၏။
ရှန်းဂျင်သည် တံခါးကို ပိတ်လိုက်ပြီး တိုက်ခန်းအား အကြမ်းဖျင်းခန့်မှန်းကြည့်ပြီးဖြစ်၏။
“အားလုံးအဆင်ပြေတယ်။အင်တာနက်မရှိတာလေးတစ်ခုပဲ”
ယခုခေတ်တွင် အင်တာနက်မရှိလျှင် ပျော်စရာရှိလိမ့်မည်မဟုတ်!
အချိန်ဖြုန်းမနေဘဲ ရဲ့ကျိုးသည် ရှန်းဂျင်အား အင်တာနက်တပ်ဆင်ရန် ချက်ချင်းဆွဲခေါ်၍ စူပါမားကတ်သို့သွားကာ ပုံမှန်လိုအပ်သည်များကို ဝယ်လိုက်၏။ရှန်းရဲ့ကို အသုံးပြု၍ အထုပ်အပိုးများအား မိသားစုအိမ်ငယ်လေးဆီသို့ ဆွဲလာပြီး နေရာချလိုက်၏။
ညနေခင်းတွင် ရေမိုးချိုးပြီး အိပ်ရာထဲတွင် လှဲလိုက်ကြ၏။ရှန်းဂျင်သည် လှဲနေရင်း ရဲ့ကျိုး၏ကျောပြင်အား ပွတ်ပေးနေ၏။တိုတောင်းသောတစ်ပတ်တာအတွင်း အမှန်တကယ်အတူနေနေကြချေပြီ။ရှန်းဂျင်သည် အစကတွေးမထားသော်လည်း ဤအခြေအနေထိရောက်နေပြီဖြစ်သဖြင့် အတော်လေးကောင်းသည်ဟု ထင်၏။
“ငါစဥ်းစားနေတာ ကျောင်းဖွင့်ရင်လည်း ဒီမှာပဲဆက်နေကြဖို့”
“အင်း ကျောင်းနဲ့လည်းသိပ်မဝေးဘူး”
ရဲ့ကျိုးနှင့် ရှန်းဂျင်သည် လက်တွေ့ကျသော အတွေးမျိုးရှိကြ၏။
ရဲ့ကျိုးသည် အံ့အားသင့်စွာဆို၏။
"ဒီနှုန်းနဲ့ဆို ငါတို့က တကယ်သွက်တာပဲ။ဝန်ခံတာကနေ တူတူနေတဲ့အထိ လဝက်တောင်မကြာဘူး”
ရှန်းဂျင်က
“နောက်ဆုံးတော့ ဒီလိုနေ့မျိုးရောက်လာပြီပဲ စောစောအသားကျသွားတာ ပိုကောင်းပါတယ်”
“ဟီးဟီး…”
သိသိသာသာပင် အတူနေသည်မှာ လဝက်ပင်ရှိသေးသော်ငြား ရှန်းဂျင်၏စကားများအား ဖတ်ကြည့်ရသည်တွင် အနာဂတ်အရိပ်အယောင်များအား အမြဲတစေမြင်ရလေ့ရှိ၏။ရဲ့ကျိုးသည် မနေနိုင်ဘဲ ကိုင်းညွတ်၍ ရှန်းဂျင်အား နမ်းလိုက်၏။
နှစ်ယောက်သားသည် ‘သူနမ်း ကိုယ်နမ်း’ဖြင့် အချိန်ကောင်းကိုဖြတ်သန်းနေကြ၏။
သို့သော်လည်း နာရီဝက်အကြာတွင် မည်မျှပင် ပျော်စရာကောင်းကောင်း ငြီးငွေ့လာ၏။
ရဲ့ကျိုးသည် ရှန်းဂျင်ကို မှီ၍
“အိမ်က တိတ်ဆိတ်လွန်းတယ်လို့မထင်ဘူးလား…”
အင်တာနက်မရှိသဖြင့် ကွန်ပျူတာသုံး၍လည်းမရပေ။ပင်ပန်းသောနေ့တစ်နေ့အားဖြတ်ကျော်ထားရသဖြင့် စာဖတ်ရန်လည်း ပင်ပန်းလွန်းနေ၏။
“အင်တာနက်တပ်ဖို့က ဘာလို့သုံးရက်တောင်ကြာရတာလဲ…”
ရှန်းဂျင်သည် အကြံရသွားပြီး ထထိုင်ကာ
“ငါတို့ဇာတ်ကားကြည့်လို့ရတယ်လေ”
ရဲ့ကျိုးသည် ပြန်လည်ရွှင်ပျလာ၏။
“ကွန်ပျူတာထဲမှာရှိလို့လား?”
ရှန်းဂျင်သည် ရင်းနှီးနေသော USBကို အိတ်ထဲမှထုတ်ကာ ရဲ့ကျိုး၏ ကြက်သေသေနေသောအကြည့်အောက်တွင် ကွန်ပျူတာနှင့်ချိတ်လိုက်၏။
“သေစမ်း မင်းအဲ့တာကို တလျှောက်လုံးသယ်လာတာပဲ!”
“ဒါပေါ့ သူများပစ္စည်းကို လုံခြုံအောင်ထားရမယ်လေ”
ရှန်းဂျင်သည် မောက်စ်ကို ဖိုင်တွဲအပေါ်သို့ ရွှေ့ကာ ဖွင့်လိုက်၏။မကြည့်လိုက်မိပါက သိလိုက်မည်မဟုတ် သို့သော် တစ်ခါမြင်လိုက်ရုံဖြင့် တုန်လှုပ်သွား၏။
ဒီဖိုင်တွဲထဲမှာ ဇာတ်ကားဘယ်နှကားတောင်ရှိတာလဲ?
ရှန်းဂျင်သည် ရဲ့ကျိုးအား ပုခုံးဖြင့်တို့၍
“မင်းရွေး။ဘယ်ဟာကြည့်ချင်လဲ?”
ရဲ့ကျိုးသည် မဝေခွဲနိုင်ဖြစ်နေ၏။
“တကယ်ကြည်တော့မှာပဲ”
ရှန်းဂျင်အား ကွန်ပျူတာအား သူ့ဆီသို့ တွန်းပို့လိုက်၏။ရဲ့ကျိုးသည် ရှန်းဂျင်ကိုကြည့်ကာ တွေးလိုက်၏။
နှစ်ယောက်က လုပ်သင့်တာရော မလုပ်သင့်တာရော အကုန်လုပ်ပြီးပြီပဲ။
ဇာတ်ကားကြည့်တာလေးတင်မလား? ဘာက အကျိုးအကြောင်းမညီညွတ်ရမှာလဲ?
“အဲ့လိုဆို ဒီတစ်ပုဒ်”
ရှန်းဂျင်သည် မောက်စ်ကိုနှိပ်လိုက်ပြီး မကြာခင် ရုပ်ရှင်က စခရင်ပေါ်တွင် ပေါ်လာ၏။
ရုပ်ရှင်၏ စိတ်ဝင်စားဖွယ်အကောင်းဆုံးနေရာသို့ပင် မရောက်သေးသော်လည်း ရဲ့ကျိုးသည် ခန္ဓာကိုယ်က အနည်းငယ်နွေးလာကြောင်း ခံစားလိုက်ရ၏။ရှန်းဂျင်အား မသက်မသာကြည့်လိုက်၏။တဖက်လူသည် စာပေသင်ကြားပို့ချမှုကို ကြည့်နေသည့်အလား လုံးဝတည်ငြိမ်နေ၏။
သို့သော်လည်း အမျိုးသားဇာတ်လိုက်များထဲမှ တစ်ဦးထွက်ပေါ်လာသည့်အခါ တင်းကြပ်နေသော လေထုက ချက်ချင်း ပြေပျောက်သွား၏။ရဲ့ကျိုးသည် မနေနိုင်ဘဲ ပြက်ရယ်ပြုလိုက်၏။
“ဂေးတွေက ဒီလိုဇာတ်ကားတွေကြည့်ပြီး ထောင်လာမယ်ဆိုတာ သေချာလား?”
ဗီဒီယိုထဲမှအမျိုးသားသည် လုံးဝစိတ်မချမ်းမြေ့ဖွယ် လူလတ်ပိုင်းဦးလေးကြီးတစ်ဦးဖြစ်ကာ အောက်ထပ်မှပုဂ္ဂိုလ်သည် တော်တော်ကြည့်ကောင်း၏။နွားချေးထဲတွင် စိုက်နေသော ပန်းတစ်ပွင့်ပင်။
ရှန်းဂျင်သည် ဗီဒီယိုကိုပိတ်၍
“တော်သေးတယ် ငါတို့မလုပ်ခင်က ဒါကိုမမြင်လိုက်လို့”
ရဲ့ကျိုးသည် မျက်လုံးဆေးရန် ရှန်းဂျင်အား အလျင်စလိုစိုက်ကြည့်လိုက်၏။ကြည့်ပြီးသည့်နောက် မြှောက်ပင့်ရန်လည်းမမေ့ပေ။
“မင်းကပိုချောတာကို ငါသတိထားမိတယ်”
ရှန်းဂျင်၏မျက်နှာသည် အနက်ရောင်လိုင်းများနှင့်ပြည့်လာ၏။
“ငါ့ကို သူများနဲ့မနှိုင်းနဲ့”
ရဲ့ကျိုးသည် ရှန်းဂျင်ကို ချက်ချင်းရယ်မောလိုက်၏။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now