Chapter 46

3.5K 764 14
                                    

[Unicode]ရှန်းဂျင်သည်အဝတ်အစားများအားစားပွဲပေါ်ပစ်တင် လိုက်၏။အိပ်စင်အပေါ်ထပ်မှလူနှစ်ယောက်သည် သတိတောင်မထားမိပေ။ထိုလူစိမ်းသည်နှာမှုတ်၍ရဲ့ကျိုးအားတင်းတင်းဖက်ထားဆဲဖြစ်၏။

ရှန်းဂျင်သည်အသက်ပြင်းပြင်းရှု၍ အခန်းတံခါးဝသို့သွားလိုက်၏။တံခါးကိုဆွဲဖွင့်လိုက်ပြီးနောက် အားဖြင့်ပိတ်လိုက်၏။ 

အခန်းတံခါးသည်ဘန်းခနဲပိတ်သွား၏။

အိပ်ယာပေါ်မှနှစ်ယောက်လည်းနိုးလာ၏။

ရှန်းမင်၏လက်လျော့နေသည်ကိုအခွင့်ယူ၍ ရဲ့ကျိုးသည်ရှန်းမင်အားနည်းနည်းဝေးဝေးတွန်းလိုက်ပြီးထထိုင်လိုက်၏။မျက်စိပေကလပ်ဖြင့် ကြည့်လိုက်၏။
“ရှန်းဂျင် ဘာလို့အစောကြီးပြန်လာတာလဲ?”

ရှန်းဂျင်သည်ရဲ့ကျိုး၏ခါးပေါ်သို့မှီတွယ်တက်နေသည့်ရှန်းမင်ထံအကြည့်ရောက်၍
“ဘာလဲ မင်းကိုနှောင့်ယှက်မိလို့လား?”

ရဲ့ကျိုးသည်အကြောင်းရင်းကိုနားမလည်ဘဲမီးပေါ်ဆီလောင်းချ၍ 
“အိမ်ကိုတစ်ခါပြန်ရဖို့ခက်တယ်။ဘာလို့နှစ်ရက်လောက်ထပ်မနေတာလဲ?”

ရှန်းမင်သည်ရဲ့ကျိုး၏ခါးကိုဖက်၍နှစ်ကြိမ်ပွတ်သပ်လိုက်ပြီး ရဲ့ကျိုးကိုကြည့်နေ၏ သူသည်ကျင့်သားရနေပြီဖြစ်၏။

ရှန်းဂျင်၏နှဖူးသွေးကြောများဖောင်းလာ၏။ကျောပေးလိုက်ပြီးရဲ့ကျိုးအားဆက်၍မျက်နှာချင်းမဆိုင်တော့ပေ။ 
“မင်းရဲ့...သူငယ်ချင်းလာမှာလို့အစောတည်းကကြိုပြောခဲ့ရင် ငါလည်းအခြေအနေနဲ့လိုက်အောင်အိမ်မှာနှစ်ရက်လောက်ဆက်နေဖြစ်ခဲ့မှာ”

ရဲ့ကျိုးသည်အိန္ဒြေသိက္ခာမရှိသောရှန်းမင်အားကြည့်၍အလွန်မျက်နှာပျက်ရ၏။သူသည်ရှန်းမင်၏လက်ကိုပုတ်၍ တီးတိုးပြော၏။  “လွှတ်ဦး။ငါထတော့မှာ”

ရှန်းမင်သည်အင်တင်တင်ဖြင့်တစ်ဖက်သို့လှည့်သွားပြီး ရဲ့ကျိုးသည်သူ၏အပေါ်မှကျော်ခွတက်ကာ အိပ်ရာထဲမှခုန်ဆင်းလိုက်၏။ရှန်းဂျင်၏ပုခုံးအားလက်ချောင်းဖြင့်တို့ကနန်းထိကနန်းလုပ်၍
“စိတ်မကြည်ဘူးလား? အိမ်မှာအဆင်မပြေတာတစ်ခုခုဖြစ်ခဲ့လို့လား?”
ဒါပေမယ့် မနေ့ကဓာတ်ပုံထဲမှာ အဲ့လိုဖြစ်တဲ့ပုံမပေါ်ပါဘူး…
တစ်ခုခုသာဖြစ်ခဲ့လျှင် ရှန်းဂျင်ကရှန်းယို့ယို့၏ဓာတ်ပုံကိုရိုက်၍သူ့ထံပေးပို့ရန် အဘယ်တွင်အားအားယားယားဖြစ်မည်နည်း?

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now