Chapter-52

3.2K 684 0
                                    

[Unicode]ရဲ့ကျိုးသည်သူမည်သို့ပြန်ရောက်လာမှန်းမသိလိုက်ပါချေ ; သူမှတ်မိသည်မှာ ပန်းခင်းထဲသို့အကြိမ်များစွာနင်းမိလုနီးပါးဖြစ်ခဲ့သည်ကိုပင်။

ရဲ့ကျိုး၏နှလုံးသည် စက်ဘီးကိုပျာယာခတ်စွာ သော့ခတ်၍ လှေကားများကိုတက်လာရင်း မိုးကြိုးပစ်သကဲ့သို့ ခုန်နေ၏။

“အာ မင်းရေချိုးတော့မလို့လုပ်နေတာမဟုတ်ဘူးလား? ဘယ်လိုလုပ်ပြီးအပြင်ကနေပြန်လာတာလဲ?”
လျှိုယုထျန်းသည်ဘေးခန်းအားလည်ပတ်ရာမှထွက်လာပြီး အခန်း404အားဖြတ်လာသောရဲ့ကျိုးအားမြင်လိုက်၏။

“အာ?”
ရဲ့ကျိုးသည်ဗလုံးဗထွေးပြော၏။
“တစ်ခုခုလုပ်စရာရှိလို့အပြင်သွားတာပါ။ရေချိုးတော့မှာ”

လျှိုယုထျန်းသည်ရဲ့ကျိုးနောက်မှလိုက်လာပြီး တံခါးဝရှိစင်ပေါ်မှနေရာလွတ်ကိုမြင်လိုက်၏။သူကမေးသည်။ “ရှန်းဂျင်ရဲ့စတော်ဘယ်ရီပင်ရော?? ငှက်တွေချီသွားတာတော့မဟုတ်လောက်ဘူးမလား!!”

ရဲ့ကျိုးသည်ပန်းနှစ်ပွင့်ကိုလက်ထဲတွင်ကိုင်ထားဆဲဖြစ်သော်လည်း ထိုအချိန်တွင် လုံးထွေးသည်အထိဖျစ်ညစ်ခံထားရ၏ : ပန်းပွင့်မဟုတ်တော့သောပန်းပွင့်များ။လက်ကိုနောက်ပစ်၍
“ငါ…ငါမသိဘူး”

အခန်း404 နှင့် 403မှကျောင်းသားများသည် ပွက်လောရိုက်နေမှုကိုကြားသည့်အခါ စင်အနားတွင်စုရုံးလာကြ၏။ပြုတ်ကျမကျကြည့်ရန်အောက်ထပ်သို့ တစ်ခဏအတွင်း ခေါင်းပြူလိုက်ကြပြီး နောက်တခဏတွင် တစ်ယောက်ယောက်ကများစနောက်ပြီး ဘေးဖယ်ထားမထားကြည့်ရန် အနီးအနားကိုကြည့်ရှုကြ၏။

လူတိုင်းကသူ့အားအာရုံမစိုက်နေသည်ကိုအခွင့်ကောင်းယူ၍ ရဲ့ကျိုးသည်အဝတ်အစားများကိုဆွဲယူ၍ရေချိုးခန်းထဲသို့အမြန်ငုံ့လျှိုးဝင်သွား၏။

ရေချိုးသန့်စင်ပြီး အမြန်အိပ်ယာဝင်၏။အဖြူရောင်နံရံကိုမျက်နှာမူ၍ ခေါင်းမလှည့်ရဲပေ။

ရဲ့ကျိုးသည်ရှန်းဂျင်ကိုမျက်နှာချင်းမဆိုင်ရဲသော်လည်း ရှန်းဂျင်အားမျက်နှာချင်းမဆိုင်ရဲသည့်အကြောင်းရင်းကိုသူလည်းမသိပေ။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now