Chapter 43

3.9K 794 19
                                    

[Unicode]သရေစာလမ်းသို့သွားကာတဝတပြဲစားသောက်ပြီးနောက် ရဲ့ကျိုးသည်နောက်ဆုံး၌ဗိုက်ပြည့်သွားပြီဖြစ်၍ ရှန်းဂျင်နှင့်အတူအဆောင်သို့ပြန်ခဲ့၏။

ရေချိုးသန့်စင်ရန်အရင်ဝင်သွားသူမှာရဲ့ကျိုးဖြစ်၏။ဘာဘီကျူးအနံ့အားဆေးကြောပြီး လန်းဆန်းစွာဖြင့်တံခါးအားဖွင့်လိုက်၏။၊

ရှန်းဂျင်သည် သူ၏ကွန်ပျူတာရှေ့တွင်ဂိမ်းဆော့ရင်းထိုင်နေ၏။

ရဲ့ကျိုးသည် ရှန်းဂျင်အနားသို့သွား၍ခေါင်းခါလိုက်၏။ခေါင်းပေါ်မှရေစက်များက ရှန်းဂျင်၏ခန္ဓာကိုယ်နှင့်ကွန်ပျူတာမျက်နှာပြင်ပေါ်စင်သွား၏။

ရှန်းဂျင်သည် ကွန်ပျူတာပေါ်မှရေစက်များအား စက္ကူစဖြင့်သုတ်၍
“မင်းကခွေးမျိုးနွယ်ကလား?”

ရဲ့ကျိုးသည် သူ၏ဆုံလည်ကုလားထိုင်ပေါ်ထိုင်၍ ရှန်းဂျင်ဆီသို့လျှောလာ၏။ 
“မင်း ဒီနေ့အရမ်းပျော်နေသလိုပဲ”

“ငါကလား?”
ရှန်းဂျင်သည်ဂရုမစိုက်စွာပြန်ပြောလိုက်၏။
“ငါကနေ့တိုင်းဒီလိုပါပဲ”

ရဲ့ကျိုးသည် မေးထောက်၍ ရှန်းဂျင်၏မျက်နှာအမူအရာအားစူးစမ်းနေ၏။ပုံမှန်နှင့် မည်သည်မှမထူးခြားသယောင်ထင်ရသော်လည်း ရှန်းဂျင်၏တစ်ကိုယ်လုံးသည် စိတ်အေးလက်အေးဖြစ်သောလေထုအား တစ်ညလုံးထုတ်လွှတ်နေ၏။ရဲ့ကျိုးသည်အကြောင်းရင်းအားမပြောနိုင်သောကြောင့်  ထိုင်ခုံဆီသို့ခြေလှမ်းအနည်းငယ်ပြန်ဆုတ်လိုက်၏။

ရှန်းဂျင်သည်မျက်လုံးထောင့်မှသူ၏နောက်ကျော်အားလှမ်းကြည့်ပြီး ပါးစပ်ထောင့်ကဖြစ်ရိုးဖြစ်စဥ်အတိုင်းမဟုတ်ဘဲ တမူထူးခြားစွာပြုမူလာ၏။

ရဲ့ကျိုးသည် အမှန်တကယ်လုံလောက်အောင်ထက်မြက်ပါပေသည်။သူသည် အမှန်တကယ်ပင် ယနေ့၌ ခါတိုင်းထက်ပို၍နည်းနည်းစိတ်အားတက်ကြွနေ၏။အထူးသဖြင့် ရဲ့ကျိုးသည် ရှီရှုဟန်ကသူ့အား ဧည့်သည်များကိုသတ်ဖြတ်သည့်စားသောက်ပွဲဆီသို့ ဖိတ်ခေါ်ခြင်းဟုတ်မဟုတ် မေးမြန်းချိန်တွင်ဖြစ်သည်။ထိုအချိန်တွင် ရဲ့ကျိုး၏အမူအရာလေးအားကြည့်၍ ချစ်စရာကောင်းသည်ဟုခံစားမိ၏။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now