Rokumi သည် Arata၏ ကိုယ်ကို ခေါင်းပေါ်အောင် သတိထားဆွဲပြီး ကမ်းပေါ်သို့ လှမ်းတင်လိုက်သည်။ ရေထဲမှာတုန်းကသာ သယ်ရပြုရ လွယ်နေသော်လည်း ကုန်းပေါ်ရောက်သည်နှင့် Arataမပြောနှင့်၊ ကိုယ့်ကိုယ်ကိုပင် မဆွဲချင်တော့။ Arata၏ သူငယ်ချင်းများက Arataအား စိတ်ပူတကြီး ဝိုင်းဆွဲတင်လိုက်ကြသည်။
Rokumi သည် တစ်ကိုယ်လုံး အပေါ်ရောက်ပြီဆိုတာနှင့် Arataဆီသို့ လာပြီး ရင်ဘက်ကို ဖိကာ ရှေးသူနာပြုနည်းအတိုင်း စတင်လုပ်ဆောင်လိုက်လေသည်။ ၁၊ ၂၊ ၃၊.....၃၀။ ဘာထူးခြားသော ခံစားချက်မှ မပါဘဲ Rokumi သည် Arata၏ နှုတ်ခမ်းများကို သူ၏ နှုတ်ခမ်းတစ်စုံနှင့်တေ့ကာ လေမှုတ်လေစုပ်အကြိမ်အနည်းငယ် ပြုလုပ်ပေးလိုက်သည်။
သိပ်မကြာခင်မှာပဲ Arata ချောင်းတစ်ချက်နှစ်ချက်ဆိုးပြီး လည်ပင်းတစ်လျှောက် ဝင်နေသော ဝင်နေသော ရေများကို အန်ထုတ်လိုက်တော့မှ Rokumi လည်း အသက်ဝဝ ရှူရတော့သည်။
"သူငယ်ချင်း၊ အဆင်ပြေရဲ့လား။"
Arataသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်ရတွေ့ရပြီဆိုတာနဲ့ အစောပိုင်းက သူ့နှုတ်ခမ်းပေါ် ကျရောက်လာသော ဝိုင်ကဲ့သို့ စွဲမက်ဖွယ်အရသာ နှုတ်ခမ်းပိုင်ရှင်ကို ဦးစွာ လှမ်းကြည့်လိုက်မိသည်။ သူ့ဦးနှောက်ထဲပဲ ရေဝင်သွားလို့လားမသိ။ သူ Rokumi ကို ကြည့်လိုက်သည်နှင့် ခုနက အနမ်းအကြောင်း ပြန်တွေးမိပြီး မျက်နှာ နွေးခနဲ ဖြစ်သွားသည်။ ဒါ သူ့ဘဝရဲ့ ပထမဆုံး အနမ်းဖြစ်သလို ပထမဆုံး အနေဖြင့် ရင်ခုန်ခြင်းဆိုသည့် ခံစားချက်ကို စသိရခြင်းဖြစ်သည်။ Rokumi ဟာ အသက်ဝအောင်ရှူပြီး Arataဘက် လှည့်ကြည့်လိုက်သည်။
"သခင်လေး၊ ဘာဖြစ်သွားသေးလဲ။"
".....အမ်း....ဘာမှမဖြစ်ပါဘူး။"Arataသည် Chimon ၏ လက်ကို အားယူပြီး ထလိုက်သည်။
"Arata၊ မင်းဘယ်လိုဖြစ်လို့ ရေထဲ ပြုတ်ကျသွားတာလဲ။"
ဆံပင်နီကြောင်ကြောင်နှင့် Yamatoဆိုသော ကောင်လေးက မျက်လုံးဝိုင်းဝိုင်းလေးများဖြင့်မေးသည်။
"ဘာမှမဖြစ်ပါဘူး။ ဒီတိုင်း ခြေချော်သွားတာ။"
ဖားကြောက်လို့ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ပြုတ်ကျသွားတယ်လို့ ဖွင့်ပြောလိုက်လျှင် သူငယ်ချင်းတွေရယ်မှာစိုးလို့ Arataမပြောဘဲ နေလိုက်သည်။
"အိမ်ပြန်ရအောင် သခင်လေး။ အအေးမိနေလိမ့်မယ်။"
"အင်္ကျီလဲသွားချည်။ ငါ့ဟာတွေ ငှါးလိုက်မယ်။ ခဏလေးစောင့်။"
Chimon က အင်္ကျီသွားယူပေးမလို့ထတော့ Arataက သူ့လက်ကို လှမ်းဆွဲပြီး Rokumi ဘက်သို့ မေးငေါ့ပြလိုက်သည်။
"သူ့အတွက်လည်း ယူခဲ့ဦး။"
"အေးပါ။ ပြီးရော။"
.
.
.
.
.
အင်္ကျီလဲပြီးသော Arataသည် ပိတ်ထားသော တံခါးကို ကြည့်ပြီး ဟိုလျှောက်ဒီလျှောက် ဖြစ်နေသည်။ အစောပိုင်း တံခါးမပိတ်ခင်တုန်းက Rokumi အပေါ်အင်္ကျီချွတ်လိုက်သည်ကို သူမြင်လိုက်ရသည်။ တင်းရိဖြူဖွေးသော ခန္ဓာကိုယ်ကြွက်သားများပေါ်တွင် အဖြူရောင်ရေစိုအဝတ်လေး ကပ်နေပုံက တကယ်ကို ထူးထူးခြားခြားနှင့် ဆွဲခြားမှုရှိနေသည်။ အရင်တုန်းကတော့ သူ့အတွက် ထိုကဲ့သို့ ပုံစံမျိုးက မိန်းကလေးများသာ ဆွဲဆောင်မှုရှိသည်ဟု မြင်ခဲ့ဖူးသည်။ ဒါပေမဲ့ အခုကျတော့ Rokumi နှင့်လည်း ကြည့်ကောင်းသည်ဟု ခံစားနေရသည်။ သူကိုယ်တိုင်ကပဲ ထူးဆန်းနေတာလား။ ဒါမှမဟုတ်၊ Rokumi လို ခန္ဓာကိုယ်နှင့် ယောကျ်ားလေးမျိုးကို သူတစ်ခါမှမမြင်ဖူးခဲ့တာလား။ ဘာပဲပြောပြော၊ ထူးဆန်းနေတာတော့ အမှန်ပင်။အဲဒီအချိန်မှာပဲ တံခါးပွင့်သွားပြီး Rokumi ၏ သန့်ရှင်းအေးမြသော မျက်နှာလေးကို တွေ့လိုက်ရသည်။ နှာသီးထိပ်လေးနှင့် နားရွက်ထိပ်တို့မှာ ရဲနေပြီး ဆံစများက စိုစိုစိစိနှင့် နဖူးပေါ်သို့ ဝဲကျနေသည်။ မျက်နှာလေးက ချစ်ဖို့ကောင်းနေသလောက်၊ ခန္ဓာကိုယ်ကတော့ ယောကျ်ားပီပီသသ တောင့်တင်းနေသည်။ Chimon က သူငယ်ချင်း၏ အစေခံအား မိမိအဝတ်အစားတွေ ပေးမဝတ်ချင်သည်မို့ သူနှင့်မတော်တော့ဘဲ သေးနေသော အဝတ်ကိုသာ Rokumi အတွက် ဆိုပြီး ပေးသည်။ Rokumi က Chimon ထက် လူကောင်သေးသည်မို့ တောင်သေးတယ်ပဲ ဆိုရမည်။ ဒါပေမဲ့ ရင်ဘက်နားတွင် စည်းကျပ်နေသည်မို့ Rokumi အတွက် နည်းနည်း မျက်နှာပူရသည်။
"ပြန်တော့မလာ သခင်လေး။"
"အင်း။ ကား ရောက်နေပြီ။"
"ဟုတ်ကဲ့။ ဒါဆိုရင် သွားကြတာပေါ့။"
"အင်း။"
.
.
.
.
.
"အတွင်းရေးမှူးကြီး၊ ကျွန်တော်တို့ ဘယ်နှပွဲလောက် တက်စရာလိုသေးလဲ။"
အသက်၂၀ကျော် ကောင်လေးသည် အနက်ရောင်အနောက်တိုင်းဝတ်စုံနှင့် ခန့်ညားလှသည်။ အသားခပ်ညိုညိုနှင့် ဆွဲဆောင်မှုသာမက မိမိကိုယ်ကို ယုံကြည်မှုကလည်း အပြည့်။ သူ၏ လည်ပင်းတွင် ထိုးထားသော သိန်းချီတန်သည့်တက်တူးက သူ့အား နတ်သားတစ်ပါးထက်စာရင် နတ်ဆိုးတစ်ပါး၏ လွန်ဆန်လို့မရသော ညှို့ဓာတ်ကိုသာ ထုတ်ပေးသည်။ သူ့လက်ထဲမှာတော့ စီးကရက်တစ်လိပ်။
"ဒီနေ့ညပွဲနဲ့ တလောက ဖိတ်ထားတဲ့ ညစာစားပွဲပြီးရင် အကုန်ပြီးပါပြီ။"
"ဒါဆိုရင် အဲဒီနောက်ပိုင်းအရေးမကြီးတာလောက်တွေကို ခင်ဗျားနဲ့ပဲ လွှဲခဲ့တော့မယ်။"
"ဥက္ကဌကရော။"
သူသည် တေးသံတစ်ခုကို သာယာစွာ လေချွန်လိုက်သည်။ အစပိုင်းတွင် ပင်လယ်ပြင်၏ ငြိမ်သက်နေသော မျက်နှာပြင်ကဲ့သို့ အေးအေးလေး သွားပေမဲ့ chorus အပိုင်းတွင် မထင်ထားလောက်သော အသံအမြင့်ထိ စူးတက်သွားလိုက်တာများ ဓားသွားတစ်ခု၏ အသွားလို။ တစ်ပိုင်းတစ်စတည်း နားထောင်လျှင် နားဝင်စိုးသည်ဟု ထင်ရပေမဲ့ တစ်ပုဒ်လုံး နားထောင်လိုက်မှ ဘယ်လောက် ဆွဲဆောင်နိုင်လဲဆိုတာ သဘောပေါက်နိုင်သည်။
"ဘာလုပ်ရမှာလဲ။ အိမ်ပြန်မရောက်တာပဲကြာပြီ။ မိသားစုတွေရဲ့ မျက်နှာကို သေသေချာချာ ပြန်ကြည့်ရမှာပေါ့။"
(ကဲ၊ ဒုတိယမြောက် ခေါင်ကြီး ပေါ်လာပါပြီနော်။ မကြာခင် တတိယမြောက် လာပါမယ်။)
.
.
.
.
.
"ဟက်ချိုး!"
Rokumi သည် စီးကျလာသော အကြည်ရောင် နှာရည်တွေကို အင်္ကျီလက်နှင့် သုတ်လိုက်ပြီး နေမြဲတိုင်းသာ လှဲနေသည်။ အရင်နေ့တွေလောက် မပင်ပန်းထားသော်လည်း ယနေ့မှ ပိုနုံးနေသည်ဟု ခံစားရသည်။To be continue........

YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...