Part 39

123 18 0
                                    

"Medusa၊ စိတ်အေးအေးထား။"
"......."
"Medusa!"
Rokumi သည် Medusa ၏ မေးကို ဆွဲပြီး သူ့ကို မျက်နှာမူစေသည်။
"ငါပြောနေတယ်။ စိတ်အေးအေးထား။ ငါ သူနဲ့ စကားပြောလိုက်ဦးမယ်။ မင်းငါ့အခန်းထဲမှာ သွားထိုင်စောင့်နေ။ ၁၅မိနစ်ပဲ အချိန်ပေး။ ပြီးတာနဲ့ မင်းဆီကို ပြန်လာခဲ့မယ်။ ဟုတ်ပြီလား။"
".....အင်း။"
Medusa သည် သူ၏ ဒေါသလှိုင်းများအား ပြန်လည် မျိုချပြီး Rokumi ကို ကြမ်းပြင်ပေါ်သို့ ဖြည်းသက်စွာ ပြန်ချပေးလိုက်သည်။ ပြီးသည်နှင့် အသံတိတ်ခြေလှမ်းများနှင့်အတူ Arata၏ ပခုံးအား တိုက်ပြီး ထိုနေရာမှ ထွက်သွားတော့သည်။

"Arata၊ ငါ......."
"အစ်ကို ဒီနေရာကနေ ထွက်သွားချင်လား။"
"ဟမ်?"
"Medusa က အစ်ကို့ကို သဘောကျနေတာ မဟုတ်လား။ ပြီးတော့ အစ်ကိုကြီးKin နဲ့ အစ်ကို့ကြားမှာဘည်း ကိစ္စတွေ ရှိခဲ့မယ့်ပုံပဲ။ ဘာကိစ္စတွေမှန်းတော့ မသိပေမဲ့ ကောင်းတာ မဟုတ်တာတော့ သေချာတယ်။ အဲဒါကြောင့် ဒီနေရာက ထွက်သွားချင်လားလို့။ ကျွန်တော်ကတော့ အစ်ကို့ကို မပင်ပန်းစေချင်တော့ဘူး။ အစ်ကိုသာ အင်းလို့ပြောရင် ကျွန်တော် အစ်ကိုနဲ့အတူ ဟိုးအဝေးကြီးကို ထွက်ပြေးဖို့ စဉ်းစားပြီးသားပါ။"
"........."
Rokumi သံသယ ဝင်နေတာတွေ တကယ်ဖြစ်နေပြီဆိုတာ တဖြည်းဖြည်း သေချာလာသည်။ Arata သူ့အပေါ်ထားသော ခံစားချက်များမှာ သာမန်ထက်ကို ပိုနေလေပြီ။
"လွတ်မှာတဲ့လား။"
"ဗျာ?"
"မင်းအစ်ကိုနှစ်ယောက် လက်ထဲက မင်းက လွတ်မှာတဲ့လား။"
"......"
"မင်း ငယ်သေးပါတယ်။ မင်းအစ်ကို နှစ်ယောက်ကို မင်းယှဉ်နိုင်မှာ မဟုတ်ဘူး။.....ပြီးတော့ ငါ မမှားထားတဲ့ ကိစ္စတစ်ခုအတွက် ငါမထွက်ပြေးချင်တော့ဘူး။ ငါကြိုးစားခဲ့ပြီးပြီ။ အဆုံးကျတော့ ကံကြမ္မာကြီးက ငါ့ကို ဒီဝဲထဲ ပြန်ခေါ်လာတာပဲ။ ဒီတစ်ခါတော့ အကုန်လုံး ရှင်းလိုက်တော့မယ်လို့ ငါတွေးထားတယ်။ ဒီတော့ မင်း ငါ့အတွက် စိတ်ပူစရာ မလိုပါဘူး။ ဟုတ်ပြီလား။"
".....တောင်းပန်ပါတယ်။ ကျွန်တော် အစ်ကို့ကို မကူညီပေးနိုင်လို့။"
"ငါ့ဘက်မှာ မင်းရှိနေပေးတာပဲ ကူညီခြင်းတစ်မျိုး ဖြစ်နေပါပြီ။"
"......"
"ပြီးတော့ Medusa ကို ဒေါသထွက်အောင် မလုပ်ပါနဲ့။ မင်းပဲ ထိခိုက်လိမ့်မယ်။ တတ်နိုင်သမျှ မင်းအစ်ကိုတွေနဲ့ ဝေးဝေးမှာပဲနေပါ။ သူတို့ကိစ္စတွေထဲ ဝင်မပါမိအောင် ကြိုးစား။"
"ဟုတ်ကဲ့။"
ခေါင်းငုံ့ထားသော Arataအား Rokumi ခေါင်းပွတ်ပေးလိုက်သည်။
"မင်းက မင်းအစ်ကိုတွေထက်စာရင် အများကြီး ပိုလိမ္မာတဲ့ကလေးပါ။ ငါ့ပြောစကား နားထောင်နော်။"
"ဟုတ်ကဲ့ပါ။"

Love me like you do(only Unicode)Where stories live. Discover now