"ဆိုင်တာပေါ့။ Rokumi က ငါ့လူ။"
"ညီလေး၊ မင်းအိပ်ခန်းထဲ ပြန်။ တစ်ရေးလောက်အိပ်။ ခေါင်းအေးသွားပြီဆိုမှ ပြက္ခဒိန် သွားကြည့်ကြည့်။ ဒီနေ့ စနေနေ့ဆိုပြီး မင်းကို ဟိုက လှန်ပြလိမ့်မယ်။"
"Medusa၊ မင်း......"
"Arata၊ ရန်မဖြစ်နဲ့တော့။ စိတ်လည်း မပူနဲ့။ ငါဘာမှ မဖြစ်ဘူး။ ပြီးတော့ ငါက ယောကျ်ားပါ။ အရေးရယ် အကြောင်းရယ်ဆို ကိုယ့်ကိုယ်ကို အားကိုးနိုင်ပါတယ်။ ဟုတ်ပြီလား။"
ကြားထဲက Rokumi ဝင်ဖြန်ဖြေပေးလိုက်တော့မှ သူတို့ကြားထဲက တင်းမာနေသော လေထု အခြေနေကြီး လျော့ကျသွားတော့သည်။ Medusa ကတော့ အောင်နိုင်သူအပြုံးကို ပန်ဆင်ရင်း နောက်တစ်ချက် ပြန်မလှည့်ကြည့်ဘဲ ထွက်လာခဲ့တော့ပေသည်။ နောက်က Arataကတော့ သူ့လက်ထဲက အသစ်စက်စက် ဝယ်လာသော နာမည်ကြီး brand နာရီဘူးထည့်ထားသည့် အထုတ်လေးကို တင်းတင်းဆုပ်ရင်း Rokumi အား လည်တရှည်ရှည်နှင့် လှမ်းကြည့်နေခဲ့သည်။Medusa သည် Rokumi အား သူ၏ ပြိုင်ကား လေးစီးထဲမှ အနီရောင်ကား၏ lover seat တွင် ထိုင်စေပြီး အရှိန်မှန်မှန်လေးနှင့် မောင်းထွက်လာခဲ့သည်။....ပြိုင်ကားတွေတဲ့။ Rokumi မှတ်မိသည်။ သူတို့နှစ်ယောက် ထောင်ထဲတွင် ရေအတူချိုးကြတုန်းက Medusa က သူ့အား ပြိုင်ကားတွေကို သူဘယ်လောက်ကြိုက်ကြောင်း အားရပါးရ ပြောပြခဲ့ဖူးသည်။ သူ့မှာသာ ပိုက်ဆံချမ်းသာလာရင် နေစရာအိမ် အရင်မဝယ်ဘဲ ကားကောင်းကောင်းသာ ဝယ်မည်တဲ့လေ။ ဘယ်လောက်တောင် ကလေးဆန်ပြီး ချစ်ဖို့ကောင်းတဲ့ အတွေးပါလားဟု Rokumi တွေးခဲ့မိသော်လည်း အခုတော့ Medusa ၏ အိပ်မက်တွေအကုန် အကောင်အထည် ပေါ်နေကြပြီ။ မိမိတစ်ယောက်တည်းသာ ပစ်ချခံထားရသည့် ချောက်ကမ်းပါးထဲကနေ ပြန်တက်ဖို့ နှစ်တွေနဲ့ ချီပြီး ကြိုးစားနေခဲ့တာတောင် ဘာမှမပြောင်းလဲလာခဲ့ပါ။ ထိုသို့ တွေးမိပြန်တော့ အားငယ်သလိုလို ခံစားလာရသည်။ သူ့ဘေးက Medusa ကတော့ သူ့အတွေးတွေကို မရိပ်မိဘဲ ပျော်ပျော်ရွှင်ရွှင်နှင့် လေတချွန်ချွန် ကားမောင်းနေသည်။ Medusa နဲ့ ဆန့်ကျင်ဘက်၊ Rokumi ကတော့ ကားတွေ အရှိန်နဲ့ အရမ်းမောင်းတာကို သဘောမကျကြောင်း Medusa ကို ပြောပြခဲ့ဖူးသည်။ သေချာပေါက် Medusa မှတ်မိတာပေါ့။ အဲဒါကြောင့်ပဲ အခု အရှိန်မှန်မှန်လေးနဲ့ မောင်းနေပေးခြင်းသာ။ သူ့သဘောရှိသာဆို လေအလျင်နှင့် မောင်းထွက်သွားတာ ကြာရောပေါ့။ အတွေးကိုယ်စီနှင့် သူတို့သည် တစ်လမ်းလုံး ဘာစကားမှ မပြောဖြစ်ကြ။ မီးပွိုင့်တွေ ရောက်တိုင်း Medusa က Rokumi လက်ကို ကိုင်ဖို့ကြိုးစားသလို Rokumi ကလည်း သေချာပေါက်ကို ရှောင်သည်။ ထိုအခါတိုင်း Medusa က သူ့ကို ဘာစကားမှ မဆိုဘဲ ရွှန်းလဲ့နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိမ့်မည်။ အချိန်အတန်ကြာပြီးနောက် သူတို့ကားသည် မြို့ပြင်နှင့် မနီးမဝေးသို့ ရောက်လာကြောင်း Rokumi သတိမူလာမိသည်။
YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...