Part 8

187 22 2
                                    

သူတို့အားလုံးသည် ကားပေါ်တွင် ကြပ်ညပ်စွာ တိုးဝှေ့ဝင်ထိုင်လိုက်ကြသည်။
"သွားနေကျဘားကိုမောင်း။"
"ဟုတ်ကဲ့ပါ။"
'ဘားတဲ့? အသက်မပြည့်သေးတဲ့ ကလေးတစ်စုက ဘားကို သွားပြီး ဘာလုပ်မှာလဲ။...ထားပါတော့လေ။ ငါနဲ့လည်း ဆိုင်တာမှ မဟုတ်တာ။ ငါပြောလည်း သူနားထောင်မှာ မဟုတ်ဘူး။'
Rokumiဘာပြောဦးမလဲ မျှော်နေသော Arataသည် စေ့စေ့ ပိတ်ထားသော Rokumi ၏ နှုတ်ခမ်းများကို တွေ့ရသောအခါ စိတ်လည်း အေးသွားသလို စိတ်ပျက်သွားသလိုလည်း ခံစားရသည်။ ကားကတော့ ဆူညံစွာနဲ့ပဲ စမောင်းထွက်လာခဲ့သည်။
.
.
.
.
.
သူငယ်ချင်းလေးယောက်စလုံး သာမန်လူတွေကြားမှာပဲ ရောနှောပြီး စားပွဲတစ်ခု၌ ဝင်ထိုင်လိုက်ကြသည်။ Rokumi ကတော့ ထုံးစံအတိုင်း Arataနားမှာ တောင့်တောင့်ကြီး ရပ်နေ၏။ Arataလည်း အစတုန်းက စိတ်မချသလို၊ Rokumi အား ခဏခဏ လှမ်းကြည့်နေပေမဲ့ ကြာလာတော့ သိပ်ပြီး သတိမမူဖြစ်တော့ပေ။ Arataက သိပ်မပြင်းတာပဲ သောက်ပေမဲ့ သူ့သူငယ်ချင်းတွေကတော့ ခပ်ပြင်းပြင်းတွေ သောက်ရဲကြသည်။ အချိန်ကြာလာတာနဲ့အမျှ ရေချိန်လည်း ကိုက်လာကြကာ မူးလာကြသည်။ ရုတ်တရက် ထရပ်လိုက်သော Arataအား Rokumi လက်လှမ်းဆွဲလိုက်သည်။ သူမူးလဲသွားမှာစိုးလို့။

ဒါပေမဲ့ Arataက တည်ငြိမ်စွာပဲ Rokumi လက်ကို ဆွဲဖြုတ်လိုက်သည်။
"ကျွန်တော် မမူးသေးဘူး။ အပိုတွေ မလုပ်နဲ့။ သန့်စင်ခန်းသွားမလို့နော်။ လိုက်မလာနဲ့ဦး။"
Arata မမူးသေးတာ အမှန်ပင်။ ၁၀မှာ၄လောက်သာ မူးသေးသည်။ ထို့အတွက် သူ ကောင်းကောင်းမွန်မွန် လမ်းလျှောက်နိုင်သေးသည်။ ဒါပေမဲ့ သတိဆိုတာ ပိုတယ်မရှိ။ Rokumi သူ့နောက်ကနေ လိုက်သွားခဲ့သည်။

Arata အပေါ့သွားပြီးလို့ ပြန်ထွက်လာခါနီးလောက်တွင် အထဲသို့ ဝင်လာသော လူနှစ်ယောက်က ရုတ်တရက်ကြီး သူ့လက်တွေကို လှုပ်မရအောင် လုပ်ပြီး ဆွဲခေါ်သွားဖို့ ကြိုးစားလေသည်။
"ဘာလုပ်တာလဲ?! လွှတ်စမ်း!"
ညာဖက်က လူ၏ ခေါင်းအား Arata ခေါင်းချင်းတိုက်ချလိုက်သည်။ ပြင်းထန်သော အင်အားသက်ရောက်မှုကြောင့် ထိုပုပုနှင့်လူမှာ အတော် မူးဝေသွားပြီး Arata၏ လက်အား ကိုင်ထားသော သူ့လက်ကအားမှာ ရုန်းလို့ရသည်အထိ လစ်ဟသွားလေသည်။ ထိုလက်ကို လွတ်အောင်ရုန်းပြီး အရပ်ရှည်နှင့်လူ၏ မျက်နှာကို Arata ဆွဲထိုးလိုက်သည်။
"ခွေးကောင်လေး။"
အရပ်ပုနှင့် အမျိုးသားက အိတ်ထဲက လျှပ်စစ်တုတ်ကို ထုတ်ပြီး Arataအား ရိုက်ရန် လှမ်းရွယ်လိုက်လေသည်။
.
.
.
.
.

Love me like you do(only Unicode)Where stories live. Discover now