ပြီးတော့ Rokumi သည် လွန်စွာ နုနယ်ပြီး နို့နှစ်ရောင်လို ဖြူဖွေးသည့် အသားအရေမျိုးရှိသူဖြစ်သည်။ ရှက်သွားတာနဲ့ ထိုအသားနုနုလေး နီရဲသွားတာ တကယ့်ကို စားချင်စဖွယ် စတော်ဘယ်ရီသီးလေးအတိုင်းပဲ။ တစ်ခါတလေ အဲဒီလို ချစ်ဖို့ကောင်းအောင် ရှက်တတ်လွန်းလို့ အိပ်ရာပေါ်မှာ သူ့အား မိမိအောက်တွင် ဖိနှပ်ပြီး ခပ်ကြမ်းကြမ်းဆောင့်သွင်းကာ အော်ငိုအောင် လုပ်ချင်သည်အထိ အနိုင်ကျင့်ဖို့ Arata မကြာခဏ တွေးမိသည်။
"မဖြစ်သေးပါဘူး။"
Arataသည် ခေါင်းကို အသာအယာခါရင်း ပြတင်းဘက်လှည့်ကာ အပြင်က ရှုခင်းများကိုပဲ အာရုံပြောင်းရန် ကြည့်နေလိုက်သည်။ သူသာ ဆက်တွေးနေမိပါက အကြိမ်ပေါင်းများစွာ မက်ခဲ့ရသည့် အိပ်မက်ထဲက Rokumi ပုံရိပ်က သူ့မျက်လုံးရှေ့ကို ပေါ်လာပြီး သူ့ညီလေးကို ရပ်နိုင်ပေသီချင်း ဆိုပြနေလိမ့်မည်။
"ဘာဖြစ်လို့လဲ Arata။ ခေါင်းမူးနေလို့လား။"
Rokumi က Arata တစ်ယောက်တည်း စကားပြောပြီး တစ်ဖက်သို့ လှည့်သွားတာ တွေ့လိုက်တော့ စိုးရိမ်စွာ မေးလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး။ အစ်ကိုရော၊ ညောင်းနေပြီလား။ ခဏနားရင် နားမလား။"အစောကတည်းက Arataတစ်ယောက် ကမ္ဘာလောကကြီးအား မေ့ပျောက်သွားပြီလားဟု ထင်ရလောက်အောင် Rokumi အား ငေးနေသည်ကို သတိထားမိသော သူငယ်ချင်းတစ်ယောက်က Rokumi မဖြေခင် Arata အား ကောက်ကာငင်ကာ လှမ်းပြောလိုက်သည်။
"အခုမှ မြို့ထဲမှာပဲရှိသေးတယ် သားကြီးရေ၊ မျက်နှာချိုသွေးတာလည်း ကြည့်သွေး။"
ကျန်သော သူငယ်ချင်းများကလည်း ကျောင်းမှာတည်းက Arataတစ်ယောက် သည်းသည်းလှုပ်နေပုံကို မြင်ဖူးကြသည်ဖြစ်ရာ ထိုစကားကို ချက်ချင်း နားလည်သွားပြီး ရယ်လိုက်ကြသည်။ အရှေ့က နှစ်ယောက်ကတော့ ဘာစကားမှ မပြောဘဲ တစ်ယောက်မျက်နှာတစ်ယောက် မကြည့်ရဲ ဖြစ်သွားကြသည်။
.
.
.
.
.
အိမ်မှာ ကျန်ရစ်ခဲ့သော Kin ကတော့ သူ့ခေါင်းပေါ်၌ နေဆယ်စင်း ထွက်နေသလိုကို ပူလောင်နေပြီဖြစ်သည်။ သူအခုတလော Rokumi ကို စကားပြောရုံလောက်သာပြောပြီး ဘာမှ အတင်းအကြပ် ထိတွေ့ခြင်း မပြုသေးသည်မှာ Rokumi သူ့ကို ပိုပြီး မုန်းတီးသွားမှာ ကြောက်သောကြောင့်ဖြစ်သည်။ ပြီးတော့ Arataဆိုသော ကောင်စုတ်လေးကလည်း တကယ့်ကို အဖျက်ကောင်ပင်။ Rokumi အား သူနှင့်အတူ ခေါ်သွားမည့် ကိစ္စကို ဒီမနက် သူတို့ ထွက်သွားပြီးခါမှ သိရခြင်းကြောင့် Kin မှာ တကယ့်ကို ကြိတ်မနိုင်ခဲမရတွေ ဖြစ်နေသည်။ သူထင်တာ မမှားဘူးဆို Arata လည်း Rokumi ကို သဘောကျနေတာ ဖြစ်လိမ့်မည်။ အဲဒီလိုလူတစ်ယောက်လက်ထဲမှာ Rokumi ကို ထည့်ပေးလိုက်ရတာ ကျားဂူထဲသို့ ကလေးပေါက်စ သွားပစ်ထားသလိုပင်၊ သူ့ကို ရတက်မအေးစေပါ။ ထို့ပြင် အဲဒီကိစ္စအကြောင်း သူ့ကို တစ်ခွန်းမှ မဟသည့် Shigure ကိုလည်း လွန်စွာ ဒေါသထွက်မိသည်။
YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...