"လာပါဦး bae။"
Junichiro ၏ ခေါ်သံကြောင့် ထိုကောင်လေး မျက်နှာ အနည်းငယ် နီစွေးသွားပြီး သူ့နား ပိုမို နီးကပ်စွာ သွားလိုက်တော့ Junichiro က သူ့အား ခါးပိန်ပိန်လေးကနေ ဆွဲပြီး ပေါင်ပေါ်သို့ ထိုင်ချစေသည်။
"ဦး၊ မသင့်တော်ပါဘူး။"
"မင်း အဲဒီလိုမျိုး ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ဦးလို့ ခေါ်နေတာကမှ မသင့်တော်တာ မဟုတ်ဘူးလား။ လူကို စိတ်ကြွအောင် တမင် စွနေတာ။"
"ဦးကလည်း။"
"လုပ်ပြန်ပြီကွာ။"
Junichiro သည် သူ့ပေါင်ပေါ်၌ ထိုင်နေသော ထိုကောင်လေး၏ နူးနူးညံ့ညံ့ နှုတ်ခမ်းများကို အမဲဖြတ်တော့မတတ် စိုက်ကြည့်နေသည်။ ဒါကို သိသော ကောင်လေးက နှုတ်ခမ်းကို အုပ်ပြီး ခပ်အီအီ အသံဖြင့် ဆိုသည်။
"ဦး~။"
"ဆက်မခေါ်နဲ့တော့။ ငါမင်းကို ဒီနေရာမှာတင် လုပ်မိလိမ့်မယ်။"
ဖြူဖွေးနေသော ကောင်လေး၏ နားရွက်တွေ လည်တိုင်တွေမှာ ပို၍ပင် နီရဲလာသည်။
"ဦးမိန်းမ မိသွားမှာ မကြောက်ဘူးလား။"
"မကြောက်ပေါင်။ မိသွားရင်လည်း baeကို အိမ်ပေါ် ခေါ်တင်လိုက်ရုံပေါ့။"
"ဟင့်၊ လူဆိုးကြီး။ တကယ်ချစ်တာလည်း မဟုတ်ပဲနဲ့။"
"တကယ်ချစ်တာ ဟုတ်လား မဟုတ်လား စမ်းချင်လား။"
"လွှတ်ပါတော့ ဦးရယ်။"
"ခေါ်ပြန်ပြီ။"
"အား~"
ထိုနေ့ကလည်း ထုံးစံအတိုင်း CEO၏ ရုံးခန်းထဲ၌ နားရှက်စဖွယ် ချစ်ရည်လူးသံများဖြင့် ပြည့်လျှံနေခဲ့သည်။မှန်ပါသည်။ Medusa နှင့် Kin တို့၏ အဖေဖြစ်သူက လိင်တူတွေကိုပါ စိတ်ဝင်စားသော bisexual တစ်ယောက်ဖြစ်သည်။ သူသည် Loura ကို စီးပွါးရေးနဲ့ ဂုဏ်သိက္ခာအတွက် လက်ထပ်ခဲ့ပေမဲ့ ခံစားချက် နည်းနည်းလေးမျှ မရှိပေ။ ဒါပေမဲ့ သူက သူ့သားတွေအပေါ် လွန်စွာ မေတ္တာတရား ကြီးမားပြီး မျှော်ချက်လည်း ကြီးမားသည်။ ထို့ကြောင့်ပဲ အပျော်မယ်နဲ့ ရခဲ့သော Medusa ကိုပင် အိမ်ပေါ် ခေါ်တင်၍ ကောင်းကောင်းမွန်မွန် နေထိုင်စေခြင်းဖြစ်သည်။ သူ၏ ရည်ရွယ်ချက်ကတော့ ရိုးရှင်းသည်။ သူ့သားတွေကို နယ်ပယ်အသီးသီးမှာ အောင်မြင်ကျော်ကြားတဲ့လူတွေ ဖြစ်စေချင်ခြင်းသာ။
.
.
.
.
.
ကမ်းခြေမှောင်မှောင်မဲမဲတွင် သူတို့နေသော တစ်ဝိုက်၌သာ မီးပုံက ထွက်လာသော မီးအလင်းတို့ ဖြာနေသည်။ ဟိုတယ်တွေ၊ စျေးတွေက ဟိုးတစ်ဖက်မှာ ဖြစ်ပြီး အတော်လည်း ဝေးသောကြောင့် သူတို့သီးသန့်တစ်ကမ္ဘာလေးလို အရာအားလုံးမှာ တိတ်ဆိတ်ပြီး ငြိမ်းချမ်းလို့နေသည်။ အားလုံးလက်ထဲတွင်လည်း ဘီယာဘူးကိုယ်စီနှင့်အနည်းငယ် ရီဝေဝေ ဖြစ်နေပေမဲ့ လုံးဝ မူးနေခြင်းတော့ မဟုတ်ပေ။ အသင့်ပါလာသော အမြည်းများကို တဂျွမ်းဂျွမ်း ကိုက်ဝါးရင်းဖြင့် တောင်ပြောမြောက်ပြော ပြောနေခဲ့ကြတာ အချိန်အတန်ကြာသွားခဲ့ကြပြီဖြစ်သည်။ သူတို့ထဲတွင် ဆံပင်နီကြောင်ကြားလေးနှင့် Kurosawa ဆိုသည့် ကောင်လေးတော့ မပါပေ။ တစ်နေကုန်သောင်းကျန်းထားပြီး ညကျတော့ ခြေတွေလက်တွေ ကိုက်ခဲနေသောကြောင့် ဆေးလိမ်းပြီး သိပ်ထားလိုက်ရပြီဖြစ်သည်။

VOCÊ ESTÁ LENDO
Love me like you do(only Unicode)
DiversosRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...