".....ငါ မသိဘူး။"
"သူက Nana ကို အုပ်စုလိုက် မုဒိန်းကျင့်ခဲ့တာ။"
Rokumi မျက်လုံးမျက်ဆန်ပြူးပြီး ချွေးစများပင် ထွက်လာတော့သည်။ သူကြားလိုက်ရသော စကားဟာ နားကြားလွဲတာများ ဖြစ်လောက်မလားဆိုပြီး Medusa ကို ကြောင်ကြည့်နေမိသေးသော်လည်း အဆုံးသတ်အဖြေကတော့ မပြောင်းလဲဘဲ ရှိနေသည်။
"......"
"ငါတောင်းပန်ပါတယ်။"
"ခင်ဗျားက ဘာလို့ တောင်းပန်နေပြန်ရတာလဲ။"
"သူ အဲဒီလိုတွေ လုပ်ခဲ့မှန်း မသိလို့ပါ။"
"ဟုတ်တယ်။ သူက အဲဒါနဲ့တင် မကျေနပ်ဘဲ Nana ကို သူ့အစား ဆေးသုံးမှုနဲ့ ထောင်ကျအောင် လံကြုတ်လုပ်လိုက်သေးတယ်။ တော်သေးတာပေါ့။ ကျုပ်တို့ အချိန်မီ ရောက်သွားလို့။"
Kinရဲ့ ရက်စက်ယုတ်မာမှုတွေဟာ တကယ့်ကို အံ့မခန်းပါပဲလားဟု Rokumi တွေးမိသည်။ သူဟာ ဒီလိုလူကို သဘောကျခဲ့မိတာပါလားလို့ သတိရလိုက်သည်နှင့် ကိုယ့်ကိုယ်ကိုယ်ပါ စိတ်ပျက်လာမိသည်။
"အခု အဲဒီ...Nana အဆင်ပြေရဲ့လား။"
"သူအဆင်ပြေပါတယ်။ ဆေးဖြတ်ဖို့တော့ ဆေးရုံပို့ထားရတယ်။"
"......တော်သေးတာပေါ့။"
"မင်းနဲ့ သူနဲ့ကရော ဘာတွေလဲ။ ပုံမှန်ဆက်ဆံရေး ဖြစ်မယ်လို့တော့ မထင်ဘူး။"
"....."
"...မပြောချင်လည်း..."
"သူ့အတွက် ငါက မင်းပြောသလိုပဲ sex dollပေါ့။....ဒါပေမဲ့ ငါသူ့ကို ချစ်ခဲ့တာ။"
Medusa ရင်ထဲ၌ တစ်မျိုးကြီး ခံစားရသည်။ ထိုသစ်ဆန်းလှသော ခံစားချက်ကို ဘယ်လို အမည်တပ်ရမလဲ သူမသိ။
"ပြီးတော့ ငါက မိုက်မဲစွာနဲ့ပဲ သူလည်း ငါ့ကို ချစ်တယ်လို့ ထင်ခဲ့တာ။ သူ့လိုလူတစ်ယောက်ကတဲ့လေ....."
Rokumi သည် နာနာကျင်ကျင် ပြုံးလိုက်သည်။
"ငါဘယ်လောက်တောင် တုံးအခဲ့မိပါလိမ့်။"
Medusa သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။
"ငါနဲ့အတူတူ သူ့ကို လက်စားချေရအောင်။"
"....."
"နော်လို့။ မင်း မပြောချင်လည်း သူ့အကြောင်း ငါအတင်းမမေးပါဘူး။ အခြားနေရာကနေ သိအောင်လုပ်မယ်။ အဲဒါကြောင့် ငါနဲ့အတူ လက်စားပြန်ချေရအောင်။"
"ဟင့်အင်း။"
Rokumi ဘက်က ယတိပြတ် ပြန်ဖြေတော့ Medusa သူ့ကို မျက်မှောင်ကုပ်ပြီး ကြည့်သည်။
"ဘာဖြစ်လို့လဲ။ လူမရိုက်ရဲလို့လား။....စိတ်မပူပါနဲ့။ မင်းမရိုက်ရဲရင် ငါရိုက်ပေးမယ်။ ငါက အဲဒီနေရာမှာ ဆရာကြီးပဲ။"
"မင်း အသက်က ၁၉ဆိုတာရော ဟုတ်ရဲ့လား။ ၃နှစ်ကလေးကျနေတာပဲ။"
"ဘာ!"
"Nana က မင်းကို လက်စားချေပေးပါလို့ ပြောလို့လား။"
"....ဟင့်အင်း။"
"ဒါကို မင်းက ဘာဖြစ်လို့ ရန်ပဲ ဖြစ်ချင်နေရတာလဲ။"
"ငါမင်းကို ပြောပြပြီးပြီလေ။ သူက Nana ကို...."
"မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးကြေးဆိုရင် ကမ္ဘာပေါ်ကလူတွေအကုန် မျက်ကန်းတွေ ဖြစ်ကုန်လိမ့်မယ်တဲ့။ နားလည်လား။"
"ငါနားလည်ပါတယ်။ ဒါပေမဲ့...."
"မင်း ဒီကိစ္စတွေ ဖြစ်ပြီးတာတောင် ငါ့မျက်နှာ မထောက်ဘဲ သူ့ကို သတ်ချင်သေးတယ်ဆိုလည်း ငါမတားပါဘူး။ ဒါပေမဲ့ ငါ့ကို မဆွဲထည့်နဲ့တော့။ ငါ့မှာ စောင့်ရှောက်စရာ အဖိုးတစ်ယောက် ရှိသေးတယ်။"
Rokumi သည် ပြောစရာကုန်သွား၍ ပြန်လှဲမလို့လုပ်တော့Medusa က သူ့လက်ကို လှမ်းဆွဲလိုက်သည်။
"ဘာလဲ။"
".....ပြီးရော။ ငါသူ့ကို မသတ်တော့ဘူး။ မင်းကို ကျေးဇူးပြန်ဆပ်တာ။"
"ကျေးဇူးပဲ။ အခုလို နားလည်ပေးတော့။"
Rokumi ဆီက ကျေးဇူးတင်စကား ကြားရတော့ Medusa သည် အကြောဆေး ရှုလိုက်ရသလို ပြုံးနေကာ ပြန်စိမရတော့ပေ။
"ရပါတယ်။ ငါက မင်းထင်ထားတာထက် အများကြီး သဘောထားကြီးတယ်။ ငါ့အပေါ်တစ်ခါကောင်းပြရင် ငါက အဆတစ်ရာလောက် ပြန်ကောင်းပြနိုင်တယ်။"
Rokumi နားလည်သည်။ Medusa အဲဒီစကားပြောတည်းက သူဟာ တစ်စုံတစ်ယောက်က သူ့အပေါ် တစ်ခါလောက် မကောင်းကြံမိတာနဲ့ အဆတစ်ရာလောက် ပြန်ခံစားစေချင်မယ့် လူမျိုးဆိုတာ။ အဲဒီလို အဆိပ်ပြင်းတဲ့လူဆိုတာ သိရက်နှင့်ပင် Rokumi သည် Medusa အား သူ့ဘဝထဲသို့ ကျေကျေနပ်နပ်ကြီး ဝင်လာခွင့် ပြုခဲ့သည်။ ဒီရူးမိုက်မှုဟာ ဘာကြောင့်လဲလို့မေးရင် အချစ်ကြောင့်ပဲလို့ Rokumi ဖြေမိမှာအမှန်။ထိုကိစ္စတွေ ပြီးတာနဲ့ Medusa၏ Rokumi အပေါ် ဆက်ဆံပုံများမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။ သူဟာ Rokumi ကို အရင်ကလို အနိုင်ကျင့်ခြင်းမျိုး မရှိတော့ဘဲ သူ့ဘေးမှာသာ တစ်ချိန်လုံး ထားနေသဖြင့် Rokumi မှာ နေရင်းထိုင်ရင်း သူ့လူ ဖြစ်သွားရသည်။ Medusa ပြောနေကျစကားက "ငါက ဘုရင်ဆိုရင် မင်းက ဘုရင်မပဲ။ ဘယ်သူမှ မင်းကို မော်မကြည့်စေရဘူး"တဲ့။ Rokumi မှာ ရယ်ရခက် ငိုရခက်ပင်။ အပြင်ပိုင်းကြည့်ရင်သာ Medusa သည် တည်ငြိမ်ကြောက်ဖို့ကောင်းသည့် သွေးအေးလူမိုက်ကြီးနဲ့ တူနေပေမဲ့ Rokumi နဲ့ အတူရှိနေချိန်မှာတော့ အထိ ဖိန့်ဖိန့်တုန်အောင် ကြောက်ဖို့ကောင်းသော သူကြီးသည် နားရွက်များပေါက်၊ အမြီးတနှံ့နှံ့ ဖြစ်နေသည့် ချစ်စရာ ခွေးပေါက်လေး ဖြစ်သွားတော့သည်။ Rokumi နား အမြဲတစေကပ်နေတတ်ပြီး ပွတ်သီးပွတ်သပ် ချွဲနေတတ်သဖြင့် တခါတခါ ထိုကလေးကြီးကို အမြင်ကပ်မိသည်။ ဒါပေမဲ့လည်း သူ့ကြောင့်ပဲ ထောင်ထဲက နေ့ရက်တွေဟာ Rokumi အတွက် အများကြီး သက်သာလာခဲ့သည်။ သာမန် ထောင်သားတွေ မစားနိုင်သော အစားအစာတွေ စားရသည်။ ဆေးလိပ်လည်း သောက်လို့ရသလို မကြာမကြာ အပြာကားလည်း အတူတူ ကြည့်ဖြစ်ကြသည်။ ထောင်ကျနေတာနဲ့ မတူဘဲ အပျော်ခရီး ထွက်နေသည်ဟုပင် ပြောလို့ရသည်။ Rokumi က အဖိုးဖြစ်သူကို စိတိပူတယ်ဆိုတိုင်း Medusa က အပြင်က အဆက်အသွယ်တွေ သုံးပြီး အဆင်ပြေရာပြေကြောင်း စုံစမ်းပေးသဖြင့် ဘာဆိုဘာမှကို ပူစရာမရှိ။ တစ်ခုပဲရှိသည်။......သူနှင့် Medusa မှာ အဆင့်မတက်လာခြင်းသာ။ Medusa သည် ရန်ဖန်ရန်ခါ Rokumi လက်ကို လှမ်းကိုင်ခြင်း၊ Rokumi ကိုယ်သင်းရနံ့ကို ခိုးနမ်းခြင်းမှလွဲ၍ ဘာဆိုဘာမှ အဆင့်မတက်လာခဲ့သဖြင့် Rokumi မှာ အားမလိုအားမရ ဖြစ်လာတော့သည်။
To be continue........
YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...