Part 57

122 21 0
                                    

Chimon တို့ သူတို့နား ရောက်သွားသည်အထိ Rokumi က မနိုးသေးပါ။
"ငါတို့ ဆေးရုံကား ခေါ်လိုက်ရမလား။"
"ဘယ်ကို ဆေးရုံကားလဲ။ ဒီနားမှာ ဆေးရုံမှ မရှိတာ။ အနီးဆုံးတစ်ခုကတောင် မြို့ပြင်နားလောက်မှာ။"
"ဒါဆို ဘယ်လို လုပ်ကြမလဲ။ ကားနဲ့ပဲ ခေါ်သွားလိုက်ရမလား။"
သူတို့ ငြင်းခုံနေကြသည့် စကားတွေကို အာရုံမစိုက်ဘဲ Arataသည် သူလုပ်ရမည့် အလုပ်ကိုသာ အာရုံစိုက်ပြီး တစ်စိုက်မတ်မတ် လုပ်နေသည်။ များမကြာခင် Rokumi သည် အကြိမ်အနည်းငယ် ချောင်းဆိုးပြီး သူ့ပါးစပ်ထဲကနေ ပင်လယ်ဆားငံရည်တွေ အန်ချလိုက်တော့သည်။

"အစ်ကို!"
Arataသည် Rokumi အား ဝမ်းသာအားရ ဖက်လိုက်မိသည်။
"ကျွန်တော် အစ်ကို့ကို ဆုံးရှုံးရပြီလို့ ထင်နေတာ။"
အသက်ဝဝ ရှူပြီးသည်နှင့် Rokumi လည်း သူ့အား ပြန်ဖက်ပေးလိုက်သည်။ Arata၏ ကိုယ်မှ အနွေးဓာတ်များက သူ့ထဲသို့ စီးဝင်နေသည်ကို Rokumi သတိထားမိသည်။
"ငါ့ကို မင်းကယ်လိုက်တာလား။"
"အင်း။"
"တော်တယ်။ မင်းလုပ်နိုင်သွားပြီပဲ။"
"အင်း။"

အဲဒီနောက်မှာ သူတို့တွေ တဲတွေကို သိမ်းပြီး အနီးက Nobaki ၏ မိသားစုပိုင်သည့် ဟိုတယ်တစ်ခုဆီသို့ပဲ ထွက်လာခဲ့သည်။ အနည်းဆုံးတော့ Kurosawa အိပ်ရင်းလမ်းလျှောက်ရင် သော့ခတ်ထားတာတွေကိုတော့ ဖြည်နိုင်လောက်မှာ မဟုတ်ဘူးဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။
.
.
.
.
.
Natsume အိမ်တော်ကြီးတွင် Kin နှင့် Shigure တို့ ပြဿနာ ဖြစ်ပြီးသွားကတည်းက လုံးဝငြိမ်သက်သွားခဲ့သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် မမြင်အောင် အတတ်နိုင်ဆုံး ကြိုးစားနေကြပြီး ကိုယ်လုပ်စရာရှိသည်ကိုသာ လုပ်ဆောင်နေကြသည်။ အရာအားလုံး ထိုသို့ ငြိမ်သက်နေသည်မှာ Arataတို့ ပြန်မရောက်ခင်အထိပင်။

ပျော်ပျော်ရွှင်ရွှင် ခရီးကနေ ပြန်ရောက်လာကြသော Arataတို့သည် Junichiro နှင့် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ပြန်ရောက်လာကြသည်။ ထုံးစံအတိုင်း၊ သူပြန်ရောက်လာတာနဲ့ တစ်အိမ်လုံးတွင် တင်းကြပ်သော သောလေထုနှင့် ပြည့်နှက်သွားတော့သည်။

Rokumi နှင့် Shigure ကို တွေ့ချင်တယ်ဆိုသော အမိန့်စကားကြောင့် Rokumi နှင့် Shigure သည် Junichiro နှင့် စကားပြောရန် သူခေါ်ထားသော နေရာဆီသို့အတူထွက်လာကြသည်။ Kinက အိမ်မှာ မရှိသည့်အပြင် Arata ကလည်း ခရီးက ပြန်လာကတည်းက အိပ်ပျော်သွားပြီမို့ တစ်ခုခုဆို သူတို့နှစ်ယောက်ကို ကူညီပေးနိုင်မည့်လူ မရှိမှန်း နှစ်ယောက်စလုံး သိကြသည်။ ဒါပေမဲ့လည်း ကြောက်ရွံ့ခြင်းတော့ မရှိပါ။

Love me like you do(only Unicode)Where stories live. Discover now