Shigure နောက်ကနေ လိုက်သွားရင်း Rokumi ၏ ခေါင်းထဲတွင် Arata၏ အစ်ကိုဟာ ဘယ်လိုလူမျိုး ဖြစ်လိမ့်မလဲဟု တွေးနေမိသည်။ အများကြီး မမျှော်လင့်ထားသော်လည်း သွေးမဆိုးဖို့တော့ ဆုတောင်းမိသည်။ ဧည့်ခန်းတံခါးဟာ ဖွင့်လျက် ရှိပြီး အထဲတွင် အခြားအစေခံ တစ်ဦးတစ်ယောက်မှ မတွေ့ရ။ တံခါးပေါက်နှင့် မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ထိုင်နေသော Arata နှင့် တံခါးကို ကျောပေးထိုင်နေသော ခေါင်းအဝါနှင့် လူတစ်ယောက်ကိုသာ တွေ့ရသည်။ Arataသည် သူ့ကို မြင်သည်နှင့် လက်ပြပြီး သူ့နားကို လာဖို့ ခေါ်နေပေမဲ့ Rokumi အာရုံက ထိုခေါင်းဝါမှာပဲ ရှိနေသည်။
သူသိနေသည့် ထိုရွှေဝါရောင် ဆံနွယ်များမှာ Rokumi အား အသက်ရှုတွေ မြန်ဆန်လာစေသည်။ သူထင်ထားတဲ့ လူ မဖြစ်ပါစေနဲ့ဟု ဆုတောင်းနေမိသော်လည်း ဘုရားသခင်က သူ့ဆုတောင်းကို မကြားသည့်ပုံ။ တစ်ဖက်က လှည့်ကြည့်လာသော အကြည့်တွေအောက်တွင် Rokumi ၏ နှလုံးသားသည် တစ်စက္ကန့်ကို ဘယ်နှကြိမ်မှန်းမသိ ပြင်းထန်စွာ ခုန်ပေါက်လာတော့သည်။ အချစ်ကြောင့်မဟုတ်။ အကြောက်တရား၊ အမုန်း၊ ဒေါသတို့ကြောင့်သာ။ တစ်ဖက်တွင်လည်း အနှီ ခန့်ညားလှသော ယောကျ်ားသည် Rokumi ကို မြင်သည်နှင့် အံ့ဩတကြီး ထရပ်လာသည်။
"Rokumi ? မင်းလား။"
Rokumi အသက်ရှုမဝတော့မလို ခံစားလာရပြီး မျက်လုံးတွေပါ ဝေဝါးလာသလို ခံစားလာရသည်မို့ ခန္ဓာကိုယ်က ယိုင်နဲ့နဲ့ ဖြစ်သွားသည်။
"Rokumi!"
ညီအစ်ကို နှစ်ယောက်စလုံး စိတ်ပူပန်ခြင်းကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားချိန်မှာပဲ Rokumi သည် သူ့ကိုယ်အား တစ်စုံတစ်ယောက် ထိန်းပေးလိုက်သလို ခံစားရသဖြင့် မော့ကြည့်လိုက်ရာ မီးတောက်နေသော မျက်လုံးများဖြင့် Medusa အား တွေ့လိုက်ရသည်။"Medusa?"
Rokumi ၏ ခေါ်သံကြောင့် Medusa သည် သူ့ရှေ့က လူကို ကြည့်နေရာကနေ ငုံ့ကြည့်လာသည်။ Rokumi ကို ကြည့်လိုက်ချိန်တွင်တော့ သူ့အကြည့်များသည် ကြေကွဲခြင်းနှင့် ဝမ်းနည်းမှုသို့ ကူးပြောင်းသွားသည်။
"သူမဟုတ်လား။"
"......"
"ငါ့ကို ဖြေစမ်းပါ။ မင်းကို လိုသုံးလုပ်သွားတဲ့ ခွေးသတောင်းစားက သူမဟုတ်လားလို့။"
"......"

KAMU SEDANG MEMBACA
Love me like you do(only Unicode)
AcakRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...