Kin သည် သူချုပ်ကိုင်ထားသည့် ခြေနှစ်ဖက်ထဲက ညာဘက်ကို အားရပါးရ ကိုက်ချလိုက်တော့ 'အား'ဆိုသော အော်ညည်းသံတစ်ခုသည် ထိန်းချုပ်မှု ကင်းမဲ့စွာ၊ Shigure ၏ နှုတ်မှ ထွက်ပေါ်လာသည်။ အားထည့်ပြီး ကိုက်ချလိုက်သဖြင့် ထွက်လာသော သွေးစများကို လျှာနှင့်လျက်ပြီး အောက်က ဆောင့်ချက်များကိုလည်း အားမလျှော့ခဲ့ပါ။ ထိုပုံစံအတိုင်း နေရတာ ပျင်းလာသဖြင့် Kin သည် အောက်ကို ငုံ့ချကာ သူ၏ တစ်ကိုယ်လုံးကို Shigure ပေါ်သို့ ဖိချပြီး Shigure ၏ လည်တိုင်ကျော့ကျော့ကို ပစ်မှတ်ထားပြန်သည်။ နှုတ်ခမ်းများဆီသို့တော့ ဦးမတည်လာ။ ဒါဟာ Kin ၏ အကျင့်ပဲ ဖြစ်သည်။ သူက Rokumi က လွဲပြီး ဘယ်သူ့ကိုမှ မနမ်းချင်ဘူးဟု Shigure ရှေ့မှာဘဲ အားမနာစွာ ပြောထားသောကြောင့် Shigure ကလည်း အလိုက်သိစွာ ထိုကိစ္စကို ဘယ်တော့မှထပ်၍ မတောင်းဆိုတော့ပါ။ ဘာပဲပြောပြော၊ သူက အဖြည့်ခံပဲလေ။ အဖြည့်ခံဆိုတာ သခင် ကိုယ့်ကို သုံးမယ့်အချိန်ကို အရိပ်ထဲကနေ မျက်ခြေမပြတ် စောင့်ဆိုင်းနေပြီး လိုတဲ့အချိန်မှ မြင့်မြတ်လှသည့် သခင်အနားကို ကပ်ခွင့်ရှိသည့် ပြိတ္တာလို သတ္တဝါမျိုးတွေပင်။ ဒါကလည်း Kin ကို အပြစ်တင်ခွင့် မရှိပါ။ မိမိကိုယ်တိုင် ရွေးချယ်ခဲ့တဲ့လမ်းကြောင်း ဖြစ်နေတာကြောင့်။ လူတိုင်းက သူတို့ ရွေးချယ်မှုတွေရဲ့ ကောင်းဆိုးကျိုးပစ်တွေကို ခံစားရတာ သဘာဝပဲ မဟုတ်လား။
ထိုပုံစံအတိုင်းနေရင်း Kin က တစ်ချီပြီးသွားခဲ့ပေမဲ့ Shigure ကတော့ စိတ်ခံစားမှု မကောင်းသည့်အတွက် မပြီးမြောက်ခဲ့ပါ။ လျှံကျလာသော အရည်တွေကြောင့် Shigure ၏ အောက်ပိုင်း စပ်ဖျင်းစပ်ဖျင်းနှင့် ကပ်စေးလာကာ နေလို့ထိုင်လို့ မကောင်းတော့ပေ။ တစ်ချီတည်းနှင့် ပြီးလောက်မယ် မထင်ခဲ့သည့် သူ့အတွေးအတိုင်း Kin က သူ့ကို အနားပေးခြင်း မပြုဘဲ ချက်ချင်းကို ပြန်စလုပ်လေသည်။ ပေါင်တံတစ်လျှောက် စီးကျလာသော အရည်တွေကို ကြည့်ရင်း Shigure သည် မိမိကိုယ်ကို အလွန်စက်ဆုပ် မုန်းတီးလာမိသည်။ Kin ၏ အင်္ဂါက သူ့အတွင်းသားတွေကို ပွတ်ဆွဲသွားတိုင်း ကြားဝံ့နားမသာလှသည့် အသံမျိုးဖြင့် အော်ဟစ်နေသော မိမိကိုယ်ကို ရွံရှာမိသည်။ သူ့အဖြစ်က ပြည့်တန်ဆာတစ်ယောက်၊ အပျက်တစ်ယောက်နဲ့ ဘာခြားသေးလဲလို့တွေးရင်း ဆုံးသွားသည့် ဖခင်ဖြစ်သူကို ပြန်လည် သတိရလာမိရာ ရင်ထဲ၌ ရှက်ရွံ့ဝမ်းနည်းစိတ်တွေ လှိုင်တက်လို့လာကာ မျက်ရည်များလည်း ပိုးပိုးပေါက်ပေါက် စီးကျလို့လာသည်။ စိတ်ထဲမှလည်း ဖခင်ဖြစ်သူကို အကြိမ်ပေါင်းများစွာ တောင်းပန်ရှိခိုးနေမိသည်။
'တောင်းပန်ပါတယ်။.....တောင်းပန်ပါတယ်။.....ဖခင်တစ်ယောက်ကို အရှက်ရစေတဲ့ သားမျိုး ဖြစ်နေလို့ တောင်းပန်ပါတယ်။'
YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...