Part 21

170 21 0
                                    

"Medusa!"
Arata စားပွဲခုံကို စောင့်ချလိုက်သဖြင့် Louraပင် လန့်သွားရသည်။
"Medusa၊ မင်း လွန်မလာနဲ့။"
"Arata၊ နည်းနည်းဆင်ခြင်ဦး။"
"အမေ၊ သားသူ့ကို မပေးနိုင်ဘူးနော်။"
"စနေ၊ တနင်္ဂနွေနှစ်ရက်တည်းဆိုလည်း ရပါတယ်။ ဟုတ်တယ် မဟုတ်လား အန်တီLoura။"
Medusa က Loura အား ပြုံးပြလျက် မေးလိုက်သည်။ ထိုမေးခွန်းသည် မေးခွန်းတစ်ခုဆိုတာထက် အမိန့်တစ်ခုနှင့်တူနေသည်။ သူတို့အိမ်မှာ အိမ်ထောင်ဦးစီးပြီးလျှင် သားကြီးနှင့် Medusa က အင်အားအကြီးဆုံးဖြစ်ပြီး အချင်းချင်း ပြိုင်ဆိုင်နေသလို။ Arataတို့ သားမိကနေ ကြားနေအဖြစ်သာ နေရင်း ဘေးအန္တရာယ်တွေ တိမ်းရှောင်နေရသည်။ Medusa သာ မကျေနပ်ရင် Loura တို့၏ စီးပွါးရေးသာမက အသက်ကိုပါ အန္တရာယ် ပြုနိုင်သည်။
"ရပါတယ်။ သေချာပေါက် ရတာပေါ့။"
"အမေ..."
"တော်စမ်း Arata။"
"ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ်။ သေချာပေါက် ကျေးဇူးပြန်ဆပ်ပေးပါ့မယ်။"
လိုချင်တာ ရသဖြင့် Medusa ၏အပြုံးမှာ ပိုလို့တောက်ပပြီး မျက်စိကျိန်းစရာပင် ဖြစ်နေတော့သည်။
.
.
.
.
.

ဒေါက် ဒေါက် ဒေါက်

တံခါးခေါက်သံသုံးချက်သည် Rokumi ၏ တံခါးပေါ်မှ ထွက်ပေါ်လာသဖြင့် စာဖတ်နေသော မျက်လုံးအစုံက ထိုတံခါးချပ်ပေါ်သို့ ရောက်လာသည်။ Rokumi ထမဖွင့်ရဲပါ။ Medusa သာဖြစ်နေလျှင် ထမဖွင့်တာက ပိုကောင်းလိမ့်မည်။
"အစ်ကို၊ ကျွန်တော်ပါ။"
Arata၏ အသံဖြစ်နေသောကြောင့် အသက်အောင့်ထားသလို ဖြစ်နေရာကနေ အသက်ဝဝ ရှူရတော့သည်။
"အစ်ကို....အိပ်နေပြီလား။"
သူ့မေးခွန်းဆုံးသည်နှင့် တံခါးချပ်ဟာ ပွင့်သွားပြီး သူချစ်မြတ်နိုးရသော ယောကျ်ား၏ မျက်နှာကို မြင်လိုက်ရသည်။ အခုရက်ပိုင်း Rokumi အပေါ်ထားသော သူ၏ ခံစားချက်များမှာ ပိုလို့ ထင်ရှားပြီး ပြင်းထန်လာသည်။ သူ့မျက်နှာကို မြင်သည်နှင့် အရူးတစ်ယောက်လိုပဲ ရင်တွေခုန်သည်၊ သူအခြားတစ်ယောက်နဲ့ စကားပြောနေတာပဲဖြစ်ဖြစ် အခြားတစ်ယောက်ကို ပြုံးပြနေတာပဲ ဖြစ်ဖြစ် သူလုံးဝမကြိုက်၊ ပြီးတော့ ယောကျ်ားလေးတစ်ယောက်အနေနဲ့ ကိုယ်ချစ်တဲ့လူအပေါ် ဖြစ်လေ့ရှိသည့် ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများလည်း မရှား။ ထိုလူသား၏ အနံ့အသက်၊ အသံ၊ နီရဲနေသော နားရွက်ဖျားလေးများ၊ အကုန်လုံးက သူ့ကို ပျော်ရွှင်ကြည်နူးစေ၏။
"Arata၊ ဘာဖြစ်လို့လဲ။"
"ကျွန်တော် ပြောစရာရှိလို့။"
"အင်း။ ပြောလေ။"
"...အစ်ကိုနဲ့ Medusa က အရင်က အသိတွေဆို။"
"......"
"......"
"အသိတွေရယ်လို့တော့ မဟုတ်ပါဘူး။ ဒီတိုင်း....အိမ်နီးချင်းလို သဘောမျိုးပေါ့။...ဘာဖြစ်လို့လဲ။ သူမင်းကို တစ်ခုခု ပြောလိုက်လို့လား။"
"...သူက အစ်ကို့ကို စနေတနင်္ဂနွေမှာ ခေါ်ထားမလို့တဲ့။"
Rokumi ၏ လက်တွေ မသိမသာ အနည်းငယ် တုန်ယင်သွားသည်။ Medusa ဘာလုပ်ချင်လဲ သူတကယ်ကို မတွေးတတ်တော့ပါ။
"အမေကလည်း လက်ခံလိုက်တယ်။"
Rokumi မျက်နှာမကောင်းသည်ကို သတိထားမိသဖြင့် Arata အနည်းငယ် စိုးရိမ်သွားသည်။
"အစ်ကိုအဆင်မပြေရင် ပြောလေ။ ကျွန်တော် ကြည့်ကြပ်ပြီး စီစဉ်ပေးမယ်။"
Arata အခုလိုလေသံ၊ အခုလို မျက်နှာထားမျိုးနှင့် သူ့ကို လာပြောနေကတည်းက ရွေးစရာ မရှိတော့လို့ဆိုတာ Rokumi သဘောပေါက်သည်။ ထို့ကြောင့် သူ Arataအား အခက်တွေ့အောင် မလုပ်ချင်တော့ပါ။
"ရပါတယ်။ အချိန်ပိုလုပ်တယ်ဆိုတော့ ပိုက်ဆံပိုရတာပေါ့။"
"ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် အသုံးမကျလို့ အစ်ကို ဒုက္ခရောက်ရတာပါ။"
"ရပါတယ်ဆို။"
Rokumi သည် Arata၏ ရှုပ်ပွနေသော ဆံပင်ကို ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်သဖြင့် Arata၏ မျက်နှာမှာ ရှက်ငွေ့ဖြင့် နီရဲသွားရသည်။
"ညနက်နေပြီ။ အစ်ကို အနားယူတော့လေ။"
"အင်း။ မင်းလည်းမနက် ကျောင်းသွားရမယ် မဟုတ်လား။ စောစောအိပ်တော့။"
"ဟုတ်ကဲ့။"
"....."
"....."
"ဒါဆိုရင်....ကောင်းသောညပါ။"
"ခဏအစ်ကို....."
"အင်း။ ပြောလေ။"
"ဟို.....ဟိုလေ....."
"......"
"...ထားပါတော့။ နောက်တော့မှပဲ ပြောတော့မယ်။"
Arataသည် ပြောစရာကုန်ပြီဖြစ်၍ Rokumi အခန်းရှေ့ကနေ ထွက်ခွါသွားရာ Rokumi လည်း တံခါးပိတ်လိုက်သည်။

သူအိပ်မလို့ ပြင်ဆင်နေတုန်း နောက်တစ်ကြိမ် တံခါးခေါက်သံ ကြားလိုက်ရပြန်သည်။ Arata ထွက်သွားတာ သိပ်မကြာသေးဘူးမို့ သူပြန်လာသည်လို့ပဲ ထင်ကာ တုံ့ဆိုင်းမှု မရှိဘဲ တံခါးကို ဆွဲဖွင့်လိုက်မိသည်။
"ဘာဖြစ်ပြန်လို့လဲ Arata။"
တံခါးရှေ့၌ ရပ်နေသော Medusa ကို မြင်လိုက်ရသည်နှင့် Rokumi မျက်နှာပေါ်က အပြုံးများ ပျောက်ကွယ်သွားရသည်။ Medusa ကတော့ ထိုအပြုအမူကို သိပ်ပြီး သဘောကျပုံမပေါ်။
"မင်းကို။"
"ငါဆိုတော့ ဘာဖြစ်လို့လဲ။ မမြင်ချင်ဘူးလား။"
"မေးစရာတောင် လိုသေးလို့လား။ ငါက မင်းကို မြင်ချင်ရမှာလား။"
Medusa ပြန်ပတ်ဖို့ ကြိုးစားနေသေးပေမဲ့ အဆုံးတွင်တော့ သူဘာစကားမှ ပြန်မပြောနိုင်ခဲ့ပါ။
"ထားလိုက်ပါတော့။ ငါအထဲဝင်မယ်။"
"ဘယ်သူက ဝင်ခွင့်ပြုလို့လဲ။"
"ဘယ်သူက ခွင့်တောင်းနေလို့လဲ။ ငါက ဒီအိမ်ပိုင်ရှင်ရဲ့သား။ မင်းက အလုပ်သမား။ အခုလို private အခန်း ရထားတာတောင် ကံကောင်းနေပြီကို။"
Medusa သည် စကားတပြောပြောဖြင့် ဟထားသော တံခါးကို အတင်းဖွင့်ပြီး ဝင်လာလေသည်။

Rokumi အငွေ့အသက်များ ပြည့်နေသော ထိုအခန်းက သူ့အတွက်တော့ နတ်ဘုံနတ်နန်းလို။ ကြမ်းကြုတ်သော လောကကြီးအလယ်၌ အသက်ရှုစရာ အေအိုစစ်လေးတစ်ခုလို။ ထိုအိုအေစစ်လေးက သူများလက်ထဲကို ပါသွားမည့်အရေး တွေးလိုက်မိတာနဲ့ လုံးဝကို စိတ်ချလက်ချ အိပ်မနေနိုင်။ အစောပိုင်းက Arata Rokumi ကို ဖွင့်ပြောဖို့လုပ်နေတာ သူ့မျက်နှာ အမူအရာအရ သိသာနေပေမဲ့ ကာယကံရှင်ဖြစ်သော Rokumi ကတော့ သတိထားမိပုံမပေါ်။ သူအမြန်ခြေလှမ်းတွေ လှမ်းထားမှ Arata ဆီကနေ Rokumi ကို ကာကွယ်နိုင်မည်။

To be continue .......

Love me like you do(only Unicode)Where stories live. Discover now