Part 53

139 18 0
                                    

"သူ အဆင်ပြေပါတယ်။"
ဆရာဝန်ကြီးစကား ကြားတော့မှ Kin လည်း အသက်ဝဝ ရှူနိုင်တော့သည်။
"ဒီက အဖိုးကြီးက ပြောစရာရှိပါတယ်။"
"ပြောပါ။"
"......သခင်လေး ဒီလိုမျိုးတွေ ဆက်မလုပ်တော့တာ ကောင်းမယ် ထင်ပါတယ်။"
"ဒါက ခင်ဗျားနဲ့ မဆိုင်ပါဘူး။"
ဘယ်လို ရှင်းပြရှင်းပြ လက်ခံမှ မဟုတ်သော ထိုလူသားကို နောက်ဆုံးလက်နက်သာ ထုတ်ပြလိုက်ရသည်။
"ဒီတိုင်း ဆက်သွားနေရင် သူနှလုံးရောဂါ ရလိမ့်မယ်။"
"ဗျာ!"
"အခု သူ့မှာ နှလုံးရောဂါ အစပျိုးဖို့ လက္ခဏာတွေ တွေ့နေရတယ်။"
Kin သည် မယုံကြည်နိုင်စွာဖြင့် အိပ်ယာပေါ်၌ ဖြူစုပ်စွာ လှဲနေသော Shigure ကို လှမ်းကြည့်မိလိုက်သည်။
"ဒီအဖိုးကြီးက အသက်တွေလည်း ကြီးနေပါပြီ။ လူငယ်တွေရဲ့ ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေကိုလည်း ကောင်းကောင်း နားမလည်ပါဘူး။ ဒါပေမဲ့ မင်းတို့နှစ်ယောက်ကြား ဘာတွေ ဖြစ်နေလဲ ဆိုတာတော့ မမြင်ရလောက်အောင် ကန်းမနေပါဘူး။ သူလည်း မင်းကို ချစ်တယ်၊ မင်းလည်း သူ့ကို ချစ်တယ်။ ဒါကို ဘာလို့ ဒီလိုမျိုး သူ့ကို စိတ်ဒုက္ခ ပေးနေရတာလဲ။"
"ကျွန်တော်...."
"သူ့ကို မချစ်ဘူးလို့ ငြင်းမလို့လား။ ကောင်လေးရယ် ငါက ငယ်ရာကနေ ကြီးလာတာပါ။ ပြီးတော့ မင်းကို ကြည့်လိုက်တာနဲ့ သူ့ကို ကြိုက်နေမှန်း ကလေးမပြောနဲ့ ခွေးတောင် သိလိမ့်မယ်။"
"......."
"သူအရမ်းပင်ပန်းနေပြီလို့ ငါ့ကို ခဏခဏ ပြောတယ်။ မင်းသူ့ကို မချစ်ပေးနိုင်ဘူးဆိုရင်လည်း ဒီတိုင်း ထွက်သွားခွင့် ပြုလိုက်ပါတော့။"
Kin ၏ ခေါင်းထဲ၌ Shigure သတိမလစ်ခင်က ပြောခဲ့သော 'ငါ့ဘဝထဲက ထွက်သွားပေး'ဆိုတဲ့ စကားကို ပြန်ကြားယောင်လာမိသည်။ သူချစ်တဲ့လူကို မမြင်ချင်တော့တဲ့အထိ Shigure တကယ် နာကျင်နေခဲ့ရတာပါလား။ ဒါပေမဲ့ သူShigure ကို လက်မလွှတ်ချင်သေးပါ။ သူ့ဘဝတွင် Shigure ကို လက်လွှတ်ဖို့လည်း တစ်ခါမှ စိတ်ကူးမယဉ်ဖူးပါ။
"ငါ ဒီလောက် ပြောရင်လည်း မင်းနားလည်လောက်ပြီ ထင်ပါရဲ့။"
"......"
တုန့်ပြန်စကား မဆိုနိုင်တော့သော Kin ကို အတန်ကြာစွာ ကြည့်ပြီးနောက်တွင် ဆရာဝန်ကြီးသည် သောက်ရမည့် ဆေးများနှင့် ဆေးသောက်ရမည့် အချိန်များပါသည့် ဆေးညွှန်းစာရွက်ကို ရေးသားကာ ထားခဲ့တော့သည်။ သူအခန်းထဲက ထွက်လာသည်အထိ Kin ကတော့ ကုတင်ဘေးတွင် ငူငူငိုင်ငိုင်ကြီး ကျန်ခဲ့သည်။ အိမ်း.....နားလည်ပါစေလို့ပဲ ဆုတောင်းရတာပဲ။

Love me like you do(only Unicode)Where stories live. Discover now