သူတို့နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် သဘောကျနေမှန်း ဘေးလူဖြစ်သော ဆရာဝန်ကြီးပင်မြင်နေရပေမဲ့ ကာယကံရှင်တွေကတော့ မမြင်ခဲ့ကြပါ။ ဒီအချက်ကြောင့်ပဲ သူတို့ဟာ နှစ်နဲ့ချီပြီး ပြင်းထန်သော ရင်ကွဲနာကျမှုမျိုးကို ခံစားနေခဲ့ရခြင်းဖြစ်သည်။ လူတွေသာ ဒီ့ထက်ပိုပြီး ဆင်ခြင်တုံတရားနှင့် ခပ်ဝေးဝေးကို ကြည့်နိုင်ခဲ့မယ်ဆိုရင် သူတို့တွေဟာ ဒီ့ထက် နည်းပါးသော ဝေဒနာကိုသာ ခံစားရမှာ မလွဲပေ။
.
.
.
.
.
Medusa သူချိန်းထားသော နေရာဆီသို့ အရှိန်ကုန်မြှင့်ပြီး ကားမောင်းလာခဲ့ရာ မိနစ်ပိုင်းအတွင်းမှာပင် သူ့နာမည်ဖြင့် ဖွင့်ထားသော ကလပ်ဆီသို့ ရောက်လာခဲ့သည်။ ဒီကလပ်ဟာ သူ့အဖေဆီကရသော ပိုက်ဆံကြောင့် မဟုတ်ဘဲ သူကိုယ်တိုင် ဆယ်ကျော်သက်ဘဝတည်းက ပိုင်ခဲ့သောနေရာဖြစ်သည်။ ဆယ့်ကိုးနှစ်မှာ လူရိုက်မှုနဲ့ ထောင်ကျပြီး ဆယ့်လေးနှစ်တည်းက ဒီနေရာကို ပိုင်ခဲ့သော Medusa ၏ နောက်ကြောင်းမှာ အနည်းနဲ့ အများတော့ မေးခွန်းထုတ်စရာ ဖြစ်လိမ့်မည်။အကြောင်းအရင်းကတော့ ငြိမ်သက်အေးဆေးနေခဲ့သော Medusa ၏ ဘဝလေးမှာ သူ့အမေဆုံးပြီး လမ်းပေါ်မှာ သွားစရာနေရာမရှိ ဖြစ်နေခဲ့သည့် အသက်၁၂နှစ်အရွယ် Medusa ကို လူမိုက်ဂိုဏ်းခေါင်းဆောင် အမျိုးသားတစ်ယောက် မွေးစားလိုက်ခြင်းနှင့် စတင်သည်။
ထိုအမျိုးသားက အသက်၄၀ကျော်အရွယ်ဖြစ်ပြီး သူ့မှာ မိန်းမမရှိသလို သားသမီး အရင်းအချာလည်း မရှိပေ။ Nanaလို့ခေါ်သော မွေးစားသားတစ်ယောက်ပဲ ရှိသည်။ သူက လူမိုက်သာ ဖြစ်ပေမဲ့ Medusa နှင့် Nana ကို သားအရင်းတွေလို ချစ်ခင်ကာ သူ့ပိုင်ဆိုင်မှုတွေ ခွဲဝေပေးခဲ့သည်။ Medusa ၏ အသက် ၁၅နှစ်မှာတော့ ထိုအမျိုးသား ဆုံးပါးသွားပြီး လောကဒဏ်ကြီးက သူ့ကို နောက်တစ်ကြိမ် ရိုက်ခတ်လာပြန်သည်။ ငယ်ရွယ်သော Medusa မှာ သူ့အဖေ၏ အမှာစကားကြောင့် သူတို့ဂိုဏ်းကို အုပ်ချုပ်ဖို့ လက်လွှဲယူလိုက်ရပြီး အလုပ်ကိစ္စများနှင့် စတင်လုံးပမ်းရတော့လေသည်။ Medusa ခေါင်းဆောင်နေရာကို လက်လွှဲယူခြင်းနှင့် ပတ်သက်လို့ မကျေနပ်သည့်လူများကလည်း စတင်ပုန်ကန်လာသောကြောင့် Medusa မှာ ဦးနှောက်ခြောက်မတတ် စဉ်းစားတွေးတော့ကာ အကုန်လုံး မျှခြေရအောင် ကြိုးစားခဲ့ရသည်။ အနုနည်းနှင့် ကိုင်တွယ်လို့ရလျှင် အနုနည်းနှင့် ကိုင်တွယ်မည်။ အနုနည်းနှင့် မရဘူးဆိုရင်တော့ ခြေဖြတ်၊ လက်ဖြတ်၊ စသည့်နည်းလမ်းများကိုသာ သုံးပြီး အုပ်ချုပ်သော Medusa ၏ လက်အောက်တွင် အဖွဲ့အစည်းဟာ တဖြည်းဖြည်း ပြန်လည်ငြိမ်သက်လို့လာသည်။

STAI LEGGENDO
Love me like you do(only Unicode)
CasualeRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...