Part 43

131 17 0
                                    

"Arata၊ ထတော့။"
Rokumi ခေါ်မှ Arata ဘေးတွင်ရှိသော နာရီဘူးနှင့်အိတ်ကို ယူကာ ထလိုက်သည်။
"မွေးနေ့မှာ ပျော်ရွှင်ပါစေ။"
".....ကျေးဇူးပါ။"
"ဒါနဲ့လေ၊ မွေးနေ့လက်ဆောင်ပေးတာ ဒီနှစ်အတွက် ကျွန်တော်က ပထမဆုံး မဟုတ်လား။"
ယုံကြည့်ချက်ရှိရှိမေးနေသော ထိုကောင်လေးက တကယ့်ကို ငယ်ရွယ်မှုအပြည့်နှင့် ချစ်စဖွယ်ပင်။
"ဟင့်အင်း။"
"အမ်?! ကျွန်တော် ပထမဆုံး မဟုတ်ဘူးလား။"
"မဟုတ်ဘူး။"
"ဒါဆို ဘယ်သူလဲ။"
"မပြောဘူး။"
"အာ~အစ်ကို~"
"အပြင်ထွက်တော့။ ငါပြန်အိပ်တော့မယ်။"
"ဒီအချိန်ကြီးလေ။"
"အင်း။ မနေ့ညက ညနက်မှ အိပ်ပျော်တာမို့။"
"Medusa မွှေနေတာ မဟုတ်လား။"
"မဟုတ်ပါဘူး။....မင်းလေ၊ မင်းအစ်ကိုလတ်ကို နည်းနည်း အကောင်းမြင်ပေးပါလား။ သူက မင်းအစ်ကိုကြီးကိုသာ ခါးခါးသီးသီး မုန်းနေပေမဲ့ မင်းကိုတော့ ဘာအငြိုးမှ မထားပါဘူး။ မင်းနည်းနည်း ကောင်းပြတာနဲ့ အများကြီး ပြန်ကောင်းပြမယ့်လူမို့လို့ သည်းခံပေးလိုက်ပါ။"
"အစ်ကိုက သူ့အပေါ် သိပ်ကို အကောင်းမြင်တာပဲနော်။ အရင်က ဘယ်လိုဆက်ဆံရေးမျိုး ဖြစ်ခဲ့လို့လဲ။"
"......"
Arata၏ မေခွန်းကြောင့် Rokumi ၏ မျက်နှာ ရှိန်းခနဲ ဖြစ်သွားရသည်။ တစ်ဖက်က Arataကလည်း ထိုအမူအရာကို သတိထားမိပြီး နားလည်တတ်စွာဖြင့် နောက်သို့ ခြေတစ်လှမ်းပြန်ဆုတ်ပေးလိုက်သည်။
"ထားပါ။ အစ်ကိုကိုယ်တိုင်ပြောပြချင်တယ်ဆိုပြီမှပဲ နားထောင်ပါတော့မယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ အတိတ်မှာဘာပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ ကျွန်တော် သူတို့လို အမှားမျိုး လုပ်မှာ မဟုတ်ဘူးဆိုတာ သတိရပေးပါ။"
ပြီးသည်နှင့် Arataသည် Rokumi ကို ပြင်းပြစွာ စိုက်ကြည့်ရင်း ထိုနေရာက ထွက်ခွါသွားသဖြင့် Rokumi ၏ အခန်းဟာ ပြန်တိတ်ဆိတ်သွားရသည်။ သူပြန်အိပ်လို့ရတော့မည် မဟုတ်ကြောင်း သိနေသော Rokumi ၏ သက်ပြင်းချသံသဲ့သဲ့သာ အခန်းထဲ၌ ပဲ့တင်ကျန်ရစ်ခဲ့သည်။

သူ့အတွက် အေးအေးချမ်းချမ်း နေဖို့ဟာ ဒီလောက်ခက်ခဲပါသလား။ သူအချစ်စစ်ရှာတွေ့ဖို့ မရည်ရွယ်ထားသလို၊ ချမ်းချမ်းသာသာ နေထိုင်ရဖို့အတွက်လည်း မစဉ်းစားထားပါ။ သူလိုချင်တာဆို၍ အလုပ်ကနေ ပြန်စရာအိမ်ရှိ၊ စားစရာထမင်းရှိသည့် အေးအေးချမ်းချမ်းသာမန်ဘဝလေးသာ။ ကံကြမ္မာကြီးက ဒါကို မဖြည့်ဆည်းပေးနိုင်ဘဲ သူ့ဘဝထဲ အရှုပ်တွေ တစ်ခုပြီးတစ်ခု ပစ်ထည့်နေတော့သည်။ သူပြေးလည်းလွတ်မှာမဟုတ်မှန်း သိနေသော ကြိုးစားအားထုတ်ခြင်းလည်း မပြုချင်ပါ။ သူတို့တွေအကုန်လုံး သူ့ကို လက်လျှော့ပြီး နောက်ဆုတ်သွားမည့် အချိန်ထိသာ စိတ်ရှည်ရှည် စောင့်နေဖို့ပဲ ရှိတော့သည်။
.
.
.
.
.
Kin စိတ်မရှည်စွာဖြင့် ခြေတံရှည်ကြီးတွေသုံးပြီး မီးဖိုချောင်ဘက်သို့ လျှောက်လာခဲ့သည်။ သူ၏ ခြေလှမ်းတွေက Medusa လို မတိတ်ဆိတ်ပေမဲ့ ညင်ညင်သာသာလေး ရှိသောကြောင့် ရှုးဖိနပ်အသံကို မကြားရချေ။ မီးဖိုခန်းဝ ရောက်ခါနီးကျမှအထဲက ကြားနေကျ အသံလေးတစ်သံ ပျံ့လွင့်လာသည်။
"အာ့!"
Shigure ၏ အသံဖြစ်သောကြောင့် သူမြန်မြန်ဆန်ဆန်ပဲ ဝင်သွားရာ တစ်ခန်းလုံးတွင် ရှိနေသော အစေခံတွေ၏ အကြည့်က သူ့ဆီသို့ ရောက်လာသည်။ အခန်းထဲက စားပွဲတစ်ခုနားတွင်တော့ Shigure ကုန်းကုန်းလေး ထိုင်နေပြီး တစ်ခုခု ဖြစ်ထားသည့်ပုံ။ ဘေးနားမှာလည်း ဖန်ကွဲစတွေ တွေ့နေရသည်မို့ ပိုပူထူသွားမိသည်။
"Shigure။"
သူ့ခေါ်သံကြားလို့ လှည့်ကြည့်သည့် မျက်နှာလေးမှာ ပကတိ ဖြူစင်ပြီး အားငယ်သော အရိပ်ယောင်တွေ ဖုံးလွှမ်းနေသည်။ မျက်မှန်အောက်က မျက်လုံးတို့မှာ ပင်ပန်းမှုကြောင့် မဲမှောင်နေသလို။
"ဘာဖြစ်တာလဲ။"
သူအနားရောက်သွားတော့ Shigure က ချက်ချင်း မတ်တပ်ရပ်ပြီး လက်တစ်ဖက် နောက်ပစ်ကာ နှုတ်ဆက်သည်။
"သခင်လေး၊ မင်္ဂလာပါ။"
Kin ဖန်ကွဲစတွေကို ငုံ့ကြည့်လိုက်တော့ သွေးစတွေကို တွေ့ရသည်။ နည်းနည်းနောနော သွေးတွေမှ မဟုတ်ပဲ။

Kin သည် Shigure ၏ နောက်ပစ်ထားသော လက်အား ဆွဲယူ ကြည့်လိုက်သည်။ လက်ဖဝါးတစ်ခုလုံးမှာ ဒေါင်လိုက် ကွဲရှထားသော အရာကြီးမှာ အပြည့်ရှိနေပြီး သွေးတွေလည်း မနည်းမနော ဖြစ်နေသည်။
"ဘယ်လိုဖြစ်တာလဲ။"
"အလုပ်လုပ်နေရင်းနဲ့ မတော်မဆ ဖြစ်သွားတာပါ။ ဘာမှ မဖြစ်ပါဘူး။"
Shigure သူ့ဆီကနေ ရှောင်ဖယ်ဖို့ ကြိုးစားနေပေမဲ့ Kin က ခွင့်မပြုဘဲ သူ့လက်ကို တင်းတင်းဆုပ်ထားသည်။
"မတော်မဆဖြစ်တာ ဘယ်လောက်တောင် အသုံးမကျလို့ ဒီလိုပုံစံမျိုး ဖြစ်သွားရတာလဲ။"
"အစေခံထိန်းတစ်ယောက်ပါ။ နိမ့်ကျတဲ့လူမို့ ဂရုစိုက်စရာ မလိုပါဘူး။"

ဖြောင်း!

Kin ၏ ရိုက်ချက်ကြောင့် Shigure ၏ မျက်မှန် ကြမ်းပြင်ပေါ်သို့ လွင့်စင်သွားပြီး သူ၏ ပါးပြင်တစ်ခုလုံးဟာလည်း နီရဲသွားရသည်။ ပါးရိုက်ချက်လေးတစ်ခုကြောင့် မလဲသွားအောင်ပင် Shigure အနိုင်နိုင် ထိန်းနေရသည်။ ဒါတောင် အဲဒီလူကြီး အားမထည့်သေးတာ Shigure သိသည်။ သူသာ တကယ်အားထည့်ပြီးရိုက်ရင် တစ်ချက်ဆိုတစ်ချက် Shigure သွားကျွတ်သွားနိုင်သည်။
"သိပ်ကို အသားနာချင်နေတယ်ဟုတ်လား။"
"......"
"ငါ့ခြေသလုံးကို ဖက်ပြီး အိမ်ထဲဝင်ဖို့ တောင်းပန်ခဲ့ရတဲ့ ခွေးသာသာကောင်က ဘယ်တုန်းက ဒီလောက် ပြန်ပြောတတ်သွားတာလဲ။"
နာကျင်မှုကြောင့် မဟုတ်ဘဲ အရှက်တရားကြောင့် Shigure နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လာပြီး မျက်လုံးတွေ ဝေဝါးလာသည်။ သူအချိန်မရွေး မျက်ရည်ကျသွားနိုင်ပေမဲ့ ကြိတ်မှိတ်ကာ ထိန်းထားသည်။ သူမော့မကြည့်ရဲပါ။ Kin နဲ့ရင်ဆိုင်ရမှာ ကြောက်လို့မဟုတ်ဘဲ ဘေးနားကနေ သူ့ကို သနားစဖွယ်ဆိုသည့် မျက်လုံးများနှင့် ကြည့်နေကြမည့် လူများကို ကြောက်သောကြောင့်ဖြစ်သည်။

To be continue...........

Love me like you do(only Unicode)Where stories live. Discover now