Part 37

118 15 3
                                    

ကြားလိုက်ရသော စကားကြောင့် Rokumi ပိုပြီး ဒေါသထွက်သွားသလို စိတ်မကောင်းလည်း ဖြစ်မိသည်။
"မလိုဘူး။"
ထိုတစ်ခွန်းသာပြောပြီး ထွက်သွားသည်အထိ Kin ကတော့ ဒီတိုင်းသာ သူ့ကို ငေးကြည့်နေခဲ့သည်။ 'ဒီကောင်လေး တော်တော် ရိုးရှင်းပြီး ချစ်ဖို့ကောင်းပါလား'လို့ တွေးရင်း အရူးတစ်ပိုင်း ပြုံးနေမိသေးသည်။ ပထမဦးဆုံးပင်။ သူ့ဘဝမှာ ထိုကဲ့သို့ ပြုံးနေနိုင်အောင် ပြုလုပ်ပေးနိုင်တာ Rokumi က ပထမဆုံးပင်။

အဲဒီနောက် အချိန်ကြာကြီးအထိ Rokumi နှင့် Kin တို့ အဆက်အသွယ် မလုပ်ဖြစ်ခဲ့။ Kin ကလည်း အလုပ်ရှုပ်နေလို့ စဆက်သွယ်ဖို့ ခက်ခဲသလို Rokumi က​လည်း စိတ်ဆိုးမပြေသေးလို့ ဖုန်းတစ်ချက် မဆက်ဖြစ်ခဲ့ပါ။ တစ်ဖက်က ဆက်ခဲ့သည့် အခေါက်များတွင်တောင် သူဖုန်းမကိုင်ခဲ့ပါ။

တစ်နေ့ သူအိမ်ပြန်လာတဲ့အချိန် အိမ်အောက်မှာ ကားအကောင်းစားတစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရသဖြင့် နည်းနည်းတော့ ဒွိဟ ဖြစ်သွားသည်။ သူတို့ အတူတူရှိနေသည့် အချိန်အတွင်းတွင် Kin သည် ဘယ်တုန်းကမှ သူ့အိမ်မလာဖူးသလို လာဖို့လည်း လိပ်စာ မမေးဖူးပါ။ သူအပေါ်တက်လာချိန်တွင်တော့ အခန်းအပြင်ဘက်၌ ထွက်နေသော သူ့အဖိုးကို တွေ့လိုက်ရသည်။ သူ့အဖိုးက သူ့ကို တွေ့သောအခါ စိတ်လှုပ်ရှားစွာဖြင့် သူ့ဆီသို့ ပြေးလာသည်။
"လူကလေး ပြန်လာပြီလား။"
"အဖိုး ဘာဖြစ်လို့လဲ။"
"ဧည့်သည်ရောက်နေတယ်။"
"ဧည့်သည်?"
"လူကလေး ချစ်သူလေ။"
Rokumi ရင်ထဲ၌ နွေးထွေးသွားပြီး သူ၏ နှလုံးသားဟာလည်း တဒိတ်ဒိတ် ဖြစ်လာသည်။ Kin ဟာ သူ့ကို တွေ့ဖို့ ဒီနေရာအထိ ရောက်လာသည်တဲ့လေ။
"မျက်နှာလည်း မကောင်းဘူး။ မြန်မြန်သွားလိုက်။ အဖိုးစျေးဘက်ကို တစ်ချက်သွားလိုက်ဦးမယ်။"
အလိုက်တသိ ရှောင်သွားပေးသော သူ့အဖိုးအား Rokumi ရင်ထဲကနေ ကျေးဇူးတင်နေမိသည်။

Rokumi သည် တက်ကြွသော ခြေလှမ်းများဖြင့် လျှောက်သွားပြီး တံခါးအစိမ်းရောင်ကို ဆွဲဖွင့်လိုက်တော့ အခန်းထဲက တစ်ခုတည်းသော ထိုင်ခုံပေါ်တွင် ထိုင်နေသည့် ဆံပင်ရွှေဝါရောင်နှင့် လူကြီးကို တွေ့လိုက်ရသည်။ သူ့မျက်နှာပေါ်တွက် မတင်မကျမှုများစွာ ရှိနေပြီး သူသည် Rokumi အား မြင်သည်နှင့် ထိုင်နေရာမှ ထလာခဲ့သည်။ တံခါးပြန်ပိတ်ပိတ်ပြီးချင်း Rokumi သည် တစ်ဖက်လူ ဆွဲဆောင့်တာ ခံလိုက်ရပြီး အကြမ်းအရမ်း အနမ်းခံလိုက်ရသည်။ အံ့ဩလွန်းလို့ ဘာမှတောင် မတုံ့ပြန်နိုင်ခဲ့ပေ။

Love me like you do(only Unicode)Where stories live. Discover now