Part 33

139 17 0
                                    

တစ်ယောက်နဲ့တစ်ယောက် ဘာစကားမှ မပြောဘဲ Shigure နှင့် Rokumi သည် မီးဖိုချောင်ထဲတွင် ထိုင်နေကြသည်။ လျှပ်စစ်မီးအလင်းရောင်က နေ့အလင်းရောင်ကဲ့သို့ လင်းထိိန်နေပြီး သူတို့ခေါင်းထဲတွင် အိပ်ချင်စိတ် သေးသေးမှ ရှိမနေကြပါ။ တစ်ယောက်တစ်မျိုးတစ်မျိုးစီ အတွေးများဖြင့် ငေးငိုင်နေကြတာ၊ လက်ထဲက အရက်ခွက်တွေထဲက ရေခဲတွေ ပျော်သွားသည်အထိပဲ။
"ဒီတော့ Kin က ခင်ဗျားကို ဒီနေရာရောက်အောင် ခေါ်လာပေးတဲ့လူပေါ့။"
အရင် စကားစပြီး ထို အသက်မရှိတော့သလို ဖြစ်နေသော အခြေနေကြီးကို ဖြိုခွင်းလိုက်သူမှာ Rokumi ဖြစ်သည်။ ဘာခံစားချက်မှ ရှိမနေသော Rokumi ၏ မျက်နှာကို ကြည့်ပြီး Shigure အားတောင့်အားနာ ဖြစ်လာမိသည်။
".....အင်း။"
"ခင်ဗျားနဲ့ သူနဲ့က တွဲနေကြတာလား။"
ရုတ်တရက်ကြီး မေးလိုက်သော Rokumi ၏ မေးခွန်းကြောင့် Shigure တံတွေးသီးချင်သလိုတောင် ဖြစ်သွားသည်။
"မဟုတ်ပါဘူး။ ဘာလို့ အဲဒီလို ထင်ရတာလဲ။"
"ဘာရယ်မဟုတ်ပါဘူး။ သူ့အနားမှာ ဒီလောက် အကြာကြီး ခေါ်ထားတယ်ဆိုတော့ အဲဒီလိုများ ဖြစ်မလားလို့ပါ။"
"အဲဒီလိုမဟုတ်ပါဘူး။ အလိုက်သိတတ်လို့ နေရာကောင်းရထားရုံပါပဲ။"
"......"
".....Rokumi နဲ့ သူနဲ့က အရင်က တွဲဖြစ်ကြတယ် မဟုတ်လား။"
"တွဲတာလား......တွဲတယ်လို့ ဆိုလို့ ရမယ် မထင်ဘူး။...."
"ကျွန်တော် သဘောပေါက်ပါပြီ။ ကျွန်တော်တို့နှစ်ယောက်က ဘဝတူတွေပဲ။"
သူတို့ ခံစားရတာချင်း တူနေသောကြောင့် Shigure သည် Rokumi အား အကုန်လုံး အမှန်တိုင်း ပြောပြမယ်သာ ဆုံးဖြတ်လိုက်သည်။
"Shigure နဲ့ သူနဲ့က သူငယ်ချင်းတွေ ဖြစ်ခဲ့တာလား။"
"သူက ကျွန်တော့်ရဲ့ senpaiပေါ့။"
အတိတ်က အကြောင်းအရာများကို ပြန်တွေးကြည့်မိသောအခါ မနေ့တစ်နေ့ကလို ထင်ထင်ရှားရှားရှိပြီး ကြည်နူးစရာအတိမို့ Shigure ပြုံးလိုက်မိသည်။

ကျောင်းသားဘဝတုန်းက Shigure သည် အခုလို တည်တည်ငြိမ်ငြိမ် မဟုတ်ဘဲ ရှက်ပျာရှက်ပျာပုံစံမျိုးဖြစ်သည်။ ရှုပ်ပွနေသော ဆံပင်က သူ၏ မျက်မှန်ဝိုင်းဝိုင်းကြီးပေါ် ဖုံးနေသဖြင့် သူ့မျက်နှာအပေါ်ပိုင်းကို တော်ရုံတန်ရုံ မတွေ့ရ။ အခန်းထဲက နောက်ဆုံးခုံတွင် ထိုင်နေတတ်ပြီး ငေးနေတာပဲဖြစ်ဖြစ်၊ အိပ်ငိုက်တာပဲဖြစ်ဖြစ် လုပ်နေတတ်သောကြောင့် သူ့ကို အထူးတလည် ဘယ်သူမှ သတိမထားမိကြပါ။ ကျောင်းသွားပြီး သူ အသက်ပါပါ လှုပ်ရှားဆောင်ရွက်သည့် အချိန်ဆိုလို့ club activity ဖြစ်သော ရေကူးချိန်သာ ဖြစ်သည်။ သူက ရေကူးတာ သိပ်မတော်ငြား ပျော်သည်မို့ ဇွဲရှိရှိကြိုးစားခဲ့သည်။ ထို ရေကူးclub ကြောင့်ပဲ သူဟာ Kin နှင့် စတင်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

Love me like you do(only Unicode)Where stories live. Discover now