သူ၏ လက်တစ်ဖက်အား လှမ်းဆွဲလိုက်တော့ သိသိသာသာ တုန်ယင်နေသော Rokumi။
"မင်းတုန်နေတယ်။"
"......"
"ငါ့ကို အဲဒီလောက်တောင်ကြောက်တာလား Rokumi။"
"......"
"ဘာဖြစ်လို့လဲ။ အရင်ကလည်း လုပ်နေကျပဲကို။ အခုမှထူးဆန်းသလို လုပ်နေတယ်။"
Kin က Rokumi ၏ နောက်လက်တစ်ဖက်အား ဖမ်းချုပ်လိုက်ပြန်သည်။ ပြန်ရုန်းချင်ပေမဲ့ ခွန်အားတွေအကုန်လုံး စုပ်ယူခံထားရသလို ဖြစ်နေသောကြောင့် တစ်ဖက်လူ၏ အထိအတွေ့တစ်ခုတိုင်းတွင် ကြွေကျခါနီးသစ်ရွက်တစ်ရွက်လို တုန်ယင်နေရုံကလွဲပြီး သူ့မှာ ရွေးစရာမရှိ။ စိတ်ထဲကသာ တစ်စုံတစ်ယောက် လာကယ်ရန် ဆုတောင်းနေမိသည်။
"အရင်ကဆို မင်းအရမ်းသဘောကျတာပဲကို။ နည်းနည်းလေးပျော်လို့တော့ ဘာမှမဖြစ်ဘူးမဟုတ်လား။"
ပြောရင်းဆိုရင်း Kin က သူ့ကို ကုတင်ပေါ် တွန်းလှဲလိုက်သည်မို့ Rokumi အသက်ရှုအောင့်ထားမိပြီး မျက်လုံးစုံမှိတ်ကာ ပါးစပ်ထဲ၌ စွဲနေသော နာမည်တစ်ခုကို အော်ခေါ်လိုက်မိသည်။
"Medusa!"သူမျက်လုံးမှိတ်လိုက်ချိန်တွင် ဘာမှ ဆက်မဖြစ်တော့ဘဲ Kin ၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်မို့ မျက်လုံးပြန်ဖွင့်ကြည့်လိုက်ရာ သူ့မြင်ကွင်းထဲ ဝင်လာသော Arata။ မိမိကို ဆွဲထားသော Kin ၏ လက်တစ်ဖက်ကို ဖမ်းဆုပ်ထားသော Arata၏ လက်မှာ အကြောတွေပင်မြင်နေရသည်။ ပြီးတော့ Arata Kin ကို ကြည့်နေသော အကြည့်တွေထဲတွင် အငယ်တစ်ယောက်က အကြီးတစ်ယောက်အပေါ် ထားသင့်ထားအပ်သော လေးစားသမှုမျိုးလုံးဝမရှိဘဲ အငွေ့အသက် သုံးမျိုးဖြင့်သာ ပြည့်နေသည်။
'သတ်ချင်တယ်
သတ်ချင်တယ်
သတ်ချင်တယ်'
ဟူ၍ ဖြစ်သည်။"Arata၊ ဘာလာလုပ်တာလဲ။"
Kin က ပုံမှန်လေသံနှင့်ပဲ မေးလိုက်သည်။
"အစ်ကိုကြီးကရော၊ ဘာတွေလာလုပ်နေတာလဲ။"
"မဆိုင်ရင် ဝင်မပါနဲ့။"
"Rokumiက ကျွန်တော်ပိုင်တယ့်လူ။ တကယ်မဆိုင်တာ ဘယ်သူလဲဆိုတာ အစ်ကိုကြီးကို ကျွန်တော် ရှင်းပြနေရဦးမှာလား။.....ထွက်သွားပေးပါ။ ခြေလွန်လက်လွန်တွေ မဖြစ်ခင်။"
"မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား Arata။ မင်းမှာ ဘယ်တုန်းက အဲဒီလောက် သတ္တိတွေ ရှိသွားလဲ။"
"Rokumi ကို လွှတ်လိုက်ပါ။"
Kin ကို ဆွဲထားသော Arata၏ လက်မှာ ပို၍ တင်းကြပ်လာပြီး Kin တောင် မျက်ခုံးကျုံ့ရသည်အထိ နာကျင်လာသည်။
"တစ်ပွဲတစ်လမ်းလောက် နွှဲချင်နေတာလား Arata။"
Arata ပြန်ဖြေမလို့ လုပ်နေသော်လည်း ဘာစကားမှ မထွက်ခင် Rokumi က ကြားကနေ လှမ်းအော်လိုက်သည်။
"ငတုံး၊ မဖြစ်ဘူး!"
တစ်ကယ်တန်း သူတို့နှစ်ယောက် ထိုးကြကြိတ်ကြရင် Rokumi ဘယ်လိုမှ ကြည့်နေနိုင်မည်မဟုတ်။ Kin ကြောင့်တော့ မဟုတ်။ Arataကြောင့်သာ။ သူထိုကလေးလေးကို ညီလေးတစ်ယောက်လို အမှန်တကယ်ချစ်တာကြောင့် အဓိပ္ပာယ် မရှိသော ကိစ္စတစ်ခုအတွက် ဒဏ်ရာ မရစေချင်ပါ။
"Kin၊ ခင်ဗျားမှာ ကျွန်တော့်အတွက် အားနာစိတ်လေး နည်းနည်းရှိမယ်ဆိုရင်၊ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ။"
Rokumi ၏ စကားကြောင့် Kin သည် သူ၏ လက်တွေကို ဖြည်းဖြည်းချင်း လွှတ်ချပေးလိုက်ပြီး အတန်ကြာ ရပ်နေပြီးခါမှ အခန်းထဲက ထွက်သွားတော့သည်။ထိုအခါမှ Rokumi လည်း သက်ပြင်းချနိုင်ပြီး ဖရိုဖရဲ ဖြစ်နေသော သူ၏ အဝတ်အစားများကို ပြန်ပြင်လိုက်သည်။ Arataက ဘေးကနေ အသံတိတ်ရပ်ကြည့်နေရာမှ ရုတ်တရက်၊ Rokumi ၏ လက်ကို လှမ်းကိုင်လိုက်သည်။
"အစ်ကို တုန်နေတယ်။"
"......"
"အရမ်း ကြောက်နေတာလား။"
".....အဲဒီလောက်လည်း မဟုတ်ပါဘူး။"
"တောင်းပန်ပါတယ်။ ကျွန်တော် အသုံးမကျလို့ပါ။ ကျွန်တော် အစ်ကို့ကို မကာကွယ်ပေးနိုင်ဘူး။ တောင်းပန်ပါတယ်။"
ခေါင်းငိုက်စိုက်ကျသွားသော Arataကြောင့် Rokumi ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
"ငါတကယ် ဘာမှ မဖြစ်ပါဘူး Arata။ တကယ်ပါ။ ကဲပါ၊ ခေါင်းမော့တော့။"
Rokumi က သူ့မျက်နှာကို အတင်းဆွဲမော့တော့ မျက်ရည်အဝိုင်းသားနဲ့ မျက်နှာလေးတစ်ခုက Rokumi ၏ လက်ထဲသို့ ပါလာသည်။ ထိုမျက်နှာလေးမှာ ခုနက အစွယ်တဖြီးဖြီး လုပ်ပြနေတာ သူမဟုတ်သကဲ့သို့ အပြစ်ကင်းစင်စွာ ချစ်ဖို့ကောင်းနေသည်။"ဒါနဲ့ မင်းဒီကို ဘာလို့ ရောက်လာတာလဲ။"
Rokumi မေးတော့ Arataက တစ်ခုခုကို သတိရသွားသော ပုံစံဖြင့် အခန်းဝက ပြုတ်ကျထားသော ပစ္စည်းလေးတစ်ခုနားသို့ အပြေးလှမ်းကောက်ပြီး Rokumi ကို ပြန်လာပေးသည်။
"အစ်ကို့အတွက်။"
"ငါ့အတွက်?"
Rokumi က သူလှမ်းပေးနေသော စက္ကူထုတ်လေးကို သေချာကြည့်ကြည့်တော့ အထဲတွင် နာရီဘူးလေးတစ်ခု ပါသည်ကို တွေ့ရသည်။
"ဒါက....."
"မွေးနေ့လက်ဆောင်လေ။"
သူပြောမှ Arata သူ့ကို သူ့မွေးနေ့date အတင်း မေးခဲ့ဖူးကြောင်း သတိရသည်။ လက်စသတ်တော့ ဒီခွေးပေါက်လေးက ဒီလို လုပ်ပေးဖို့ကို။
"ငါ့အတွက် ဒီလို လုပ်ပေးဖို့ မလိုပါဘူး။"
အားနာစွာ ပြန်ပေးဖို့ ကြိုးစားတော့ Arataက လက်မခံ။
"အစ်ကို့အတွက် ရည်ရွယ်ပြီး ဝယ်ပေးထားတာကိုပဲ။ လက်ခံလိုက်ပါနော်။"
"ဒါပေမဲ့......"
"ဒါပေမမဲ့ပါနဲ့။ နော်လို့။ ကျွန်တော် တောင်းဆိုတာပါ။"
မျက်လုံးရွဲကြီးတွေနှင့် တောင်းဆိုနေသော Arataကြောင့် သူ လက်ခံရန် တွေးပြီး နာရီဘူးလေးအား ဖွင့်ကြည့်တော့ အနီအနက် နာရီလေး တွေ့လိုက်ရသည်။ သန့်ရှင်းသပ်ရပ်နေသော နာရီလေးက ကြည့်လိုက်တာနဲ့ စျေးကြီးမည့်ပုံပေါ်သည်။
".....ဘယ်လောက်ပေးရတာလဲ။"
Rokumi ၏ မေးခွန်းအား Arataက ပြုံးစိစိလုပ်ရင်း ရှောင်လိုက်သည်။
"အဲဒါထက်၊ အစ်ကို သဘောကျရဲ့လား။"
"....ငါကြိုက်ပါတယ်။ ဒါပေမဲ့ အရမ်းတန်တဲ့ကြီးတဲ့ပုံပေါ်နေတယ်။"
"ဘေထုတ်ထဲက ရွေးလာတာ။ မပူနဲ့။"
Arataသည် Rokumi ၏ ရှေ့တွင် မုဆိုးဒူးထောက်ထိုင်ပြီး ထိုနာရီအား Rokumi ဘယ်လက်ပေါ်တွင် ဝတ်ဆင်ပေးလိုက်သည်။ ပြီးတော့ သူ့ဟာသူကြည့်ပြီး သဘောတွေ ကျနေလေသည်။
'သူ့အသားက ဖြူတော့ အနီနဲ့ဆိုထင်းပြီး ချစ်ဖို့ကောင်းနေတာပဲ။'To be continue............
YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...