Part 36

124 14 0
                                    

"တောင်းပန်ရုံနဲ့ အကုန်အဆင်မပြေဘူးကွ။ စောင့်ရတာကြာပြီး အလကားပဲ။ ဒါလေးတစ်ခု လုပ်စားနေတာတောင် အဖြစ်မရှိဘူး။"
'ဒါလေးတစ်ခု'တဲ့။ လူတွေက သူတို့ delivery သမားတွေကို အမြဲလိုလို အထင်သေးနေတာ အကျင့်ဖြစ်နေပြီ။ ဒါပေမဲ့ delivery ပို့တာလည်း လွယ်ကူသည့်အလုပ်မဟုတ်။ စက်ဘီးကို ပင်ပင်ပန်းပန်းနင်း၊ နေပူထဲသွားပြီး ကိုယ်မသိတဲ့လမ်းတွေဆီ တစ်လမ်းဝင်တစ်လမ်းထွက် သွားနေရသည့် ထိုအလုပ်က နည်းနည်းလေးမှ မလွယ်ကူပါ။ ဒီကြားထဲ၊ အခုလို ရိုင်းစိုင်းတဲ့ customer တွေနဲ့ တွေ့ရင် ထိုင်ငိုချင်လောက်အောင် စိတ်ညစ်ကြရသည်။
"ငါ့ကို လျော်ကြေးအနေနဲ့ တစ်ဝက်စာ အကား ပေးလိုက်။"
"ဦးလေး၊ ဒါကတော့ မဖြစ်ပါဘူး။ ကျွန်တော်တို့ တကယ် အဆင်မပြေလို့ပါ။ delivery ခ အလကားလုပ်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ပစ္စည်းဖိုးတော့ ရှင်းပေးပါဗျ။"
"တစ်ဝက်ဆို တစ်ဝက်ပဲ။"
"ဒါပေမဲ့......"
သူတို့ဆက်ပြီး အငြင်းမပွါးနိုင်ခင် ကြားက လက်တစ်ခု လျှိုဝင်လာပြီး ဦးလေးကြီးဆီသို့ ပိုက်ဆံအချို့ လှမ်းပေးလိုက်သည်။
"ဒီလောက်လျော်ရင် ရမလားဗျ။"
Rokumi လည်း မယုံနိုင်စွာဖြင့် သူ၏ ဘေးကို ကြည့်လိုက်တော့ အစောပိုင်းက သူနှင့် တိုက်မိမလိုဖြစ်ခဲ့သော ကားပိုင်ရှင် ဖြစ်နေသည်။
"ခင်ဗျား....."
"ပိုက်ဆံ ပြန်အမ်းစရာမလိုပါဘူး။ ကြယ်ငါးလုံးပေးရင် တော်ပါပြီ။"
ထိုအမျိုးသားသည် Rokumi လက်ကို ဆွဲပြီး ချက်ချင်း အပြင်သို့ ဆွဲခေါ်သွားသည်။

"လွှတ်ပါဗျ။"
ကားနားရောက်မှ Kin သည် Rokumi လက်အား လွှတ်ပေးလိုက်သည်။
"ခင်ဗျား ဘာလို့ အခုလို လုပ်လိုက်ရတာလဲ။"
"ကျေးဇူးပြန်ဆပ်တာလေ။"
"မလိုပါဘူး။ အခု ကျွန်တော့်ကို ဘယ်သူက ပစ္စည်းဖိုး ရှင်းပေးတော့မှာလဲ။"
"ကိုယ်ရှင်းပေးပါ့မယ်။"
"ဟမ်?"
"အဲဒါမတိုင်ခင် ကိုယ်နဲ့ ထမင်းလိုက်စားပေးလို့ ရမလား။"
သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက ဒီလို စခဲ့တာပင်။

ထမင်းသာ မကြာခဏ အတူစားဖို့ လာခေါ်သော ထိုလူထူးဆန်းကြီးနဲ့ ပတ်သက်လို့ Rokumi သိတာဆို၍ သူ၏ ဖုန်းနံပါတ်ပင်ဖြစ်သည်။ နာမည်လည်း မသိရသလို ဘယ်နေရာမှာ နေလဲလည်း မသိရ။ သူက ချမ်းသာပြီး Rokumi အပေါ် ရက်ရောကာ ကြင်နာတတ်တဲ့နေရာမှာ နှစ်ယောက်မရှိနိုင်သည့် လူကြီးလူကောင်းတစ်ယောက်ပင်။ လိင်တူချင်း စိတ်ဝင်စားသည့် မှီးကောင်ပေါက်အရွယ် တစ်ယောက်အနေနဲ့ သူ ထိုလူကြီးကို သဘောကျခဲ့မိပါသည်။ သူ၏ အဖိုးကလည်း မကန့်ကွက်ခဲ့ပါ။ သူ့မြေးလေး စိတ်ချမ်းသာပြီး ဘယ်သူ့ကိုမှ မထိခိုက်စေတာဆ်ိုရင် ရပြီလို့ ပြောခဲ့သည်။

Love me like you do(only Unicode)Where stories live. Discover now