Part 44

130 17 2
                                    

ထို မျက်လုံးများနှင့် အကြည့်ခံရခြင်းက အနာပေါ် အနာဆင့်ပြီး အချက်ပေါင်းများစွာ အရိုက်ခံနေရသလို။ ဒါ ပထမဆုံး အခုလိုဖြစ်တာ မဟုတ်သော်လည်း ပထမဆုံးအကြိမ်နှင့်မခြား၊ ရှက်နေမိသည်။ သူဒီလူကြီး၏ အနားမှာ နေရတာ ပိုက်ဆံရတာကလွဲပြီး ဘာကောင်းကျိုးမှမရှိ။ အမြဲလိုလို စိတ်ဆင်းရဲသောက ရောက်နေရတာတောင် သူအခုချိန်ထိ ဒီနေရာ ဒီချိန်မှာ ဒီလိုမျိုးသည်းခံကပ်တွယ်နေနိုင်ခြင်းမှာ အဲဒီ့ လူ့မိစ္ဆာကြီးကို ချစ်နေမိသေးသောကြောင့်ဖြစ်သည်။ အချစ်ကြောင့်ဖြစ်တည်လာသော ချည်နှောင်မှုကြိုးတွေမှာ ဖြတ်ရတာ ခက်လွန်းပေသည်ကို။

"ဆရာဝန်ခေါ်လိုက်။"
Kin ၏ တစ်ချက်လွှတ်အမိန့်ကြောင့် ဘေးမှ အစေခံတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ သူတို့အတွက်လည်း ဒီအိမ်ကြီးမှာ အလုပ်လုပ်ရတာ မလွယ်ကူလှပါ။ သခင်မကြီးတစ်ယောက်ကလွဲပြီး ကျန်သော ယောကျ်ားသားလေးယောက်မှာ တောရိုင်းထဲက သတ္တဝါကြီးတွေလို ဒေါသကြီးပြီး ကြောက်ဖို့ကောင်းလှသည်။ သူတို့ဒေါသဖြစ်နေတဲ့အချိန် အမှားတစ်ခုလုပ်မိပါက ဘဝကြီးမှာ ဘာမှလုပ်စားလို့ မရလောက်တဲ့အထိ အပြစ်ပေးတတ်ကြသည်။ အဲဒါကြောင့်လဲ သူတို့မှာ အမြဲလိုလို အရိပ်ကဲ ကြည့်နေရပြီး သူတို့ဒေါသပေါက်ကွဲမည့်အချိန်ကို သတိထားနေရသည်။

ပြီးသည်နှင့် Kin သည် Shigure လက်ကို ဆွဲပြီး သူ၏ အခန်းထဲသို့ ဆွဲခေါ်လာခဲ့သည်။ Shigure ကလည်း အသက်မဲ့နေသော ပုံစံဖြင့် အသံတစ်သံ မထွက်ဘဲ Kin ဆွဲခေါ်ရာနောက်သို့ လိုက်လာခဲ့သည်။ Kin သည် Shigure အား အခန်းထဲက ထိုင်ခုံကြီးပေါ်မှာ ထိုင်စေပြီး ပစ္စည်းအချို့သွားရှာဖွေရင်း ပြန်လာခဲ့သည်။ သူ့လက်ထဲတွင် ရေဘူးနှင့် အဝတ်စ အပျော့နှစ်ခုပါလာသည်။ သူသည် ခုံတစ်ခုံကို Shigure နား ဆွဲကပ်ကာထိုင်ပြီး အဝတ်စတစ်ခုကို ရေစွတ်လိုက်သည်။ Shigure ၏ လက်လက်ပေါ်က သွေးများကို ဂရုတစိုက် ဖြည်းသက်စွာ သုတ်သင်ပေးနေသော အနှီလူသားမှာ အစောပိုင်းက ကြမ်းတမ်းသော အမူအရာများ လုပ်ခဲ့တာ သူမဟုတ်သကဲ့သို့ နူးညံ့သိမ်မွေ့လှသည်။ သိပ်ကို ချောမော ခန့်ညားလွန်းသည်။ အင်းပေါ့လေ။ ဒါသူအကျွမ်းကျင်ဆုံး အတတ်ပညာပဲကို။

Love me like you do(only Unicode)Where stories live. Discover now