"အဖိုး..."
ထိုခေါ်သံတစ်ခုနှင့်အတူ Rokumi နိုးလာခဲ့သည်။ ခေါင်းက နာကျင်မှု မပို့တစ်စို့နှင့်အတူ မျက်လုံးမြင်ကွင်းထဲသို့ ဝင်လာသူမှာ သပ်ရပ်သန့်ရှင်းလှသော Shigure သာ ဖြစ်သည်။
"နိုးလာပြီလား။"
သူက ဟန်ဆောင်မှုကင်းမဲ့လှသော စိုးရိမ်သည့် မျက်နှာထားဖြင့် Rokumi ကို မေးသည်။ Rokumi က ထဖို့ကြိုးစားတော့ သူက Rokumi အား ကူညီပေးသည်။
"ကျေးဇူးပါ။"
"ရပါတယ်။"
Rokumi ဘေးပတ်လည်ကို ကြည့်ကြည့်တော့ အလုပ်သမားတန်းလျားထဲက သူနေတဲ့နေရာမဟုတ်ဘဲ အကောင်းစားပစ္စည်းတွေနဲ့ အကောင်းစားအခန်း ဖြစ်နေမှန်း တွေ့ရသည်။
"နေလို့ကောင်းရဲ့လား။ ခေါင်းက ဘယ်လိုနေသေးလဲ။"
"ကျွန်တော် အဆင်ပြေပါတယ်။ ဒါနဲ့၊ သခင်လေးရော။"
"Fumihitoရဲ့ ကျေးဇူးကြောင့် ဘေးကင်းခဲ့ပါတယ်။"
'တော်သေးတာပေါ့။' "ဒီနေရာက ဘယ်လိုဖြစ်လို့....."
"သခင်လေးကို Fumihito-kun ကယ်ပေးတာ နှစ်ခါ ရှိပြီတဲ့။ မထင်ရပေမဲ့ သခင်လေးက စိတ်ထားဖြူစင်ပြီး ကျေးဇူးသိတတ်ပါတယ်။ သူက Fumihito-kunကို ကျေးဇူးအရမ်းတင်နေတာ။ အလုပ်သမားတန်းလျားကနေ အိမ်တော်ထဲမှာ နေခွင့်ပေးထားတာ အဲဒါကြောင့်ပါ။ ဒဏ်ရာတွေ အပြည့်အဝ မကောင်းမချင်း Fumihito-kun ဒီမှာပဲ နားနားနေနေ နေလို့ရပါတယ်။"
"သခင်လေးရော....."
"သခင်လေးလည်း ကျောင်းခဏ နားထားပါတယ်။ မကြာခဏဆိုသလို Fumihito-kunကို လာကြည့်နေပါသေးတယ်။ သူတော်တော် စိုးရိမ်နေတဲ့ပုံ......"ဒေါက်....ဒေါက်
တံခါးခေါက်သံနှစ်ချက် ပါးပါးလေး ကြားလိုက်ရသဖြင့် Shigure သည် ထိုင်နေရာကနေ ထဖွင့်ပေးလိုက်သည်။
"သခင်လေး။"
ထိုနာမ်စားကြောင့် Rokumi ဟနေသော တံခါးဖက်သို့ လှမ်းကြည့်လိုက်မိသည်။ Rokumi ၏ နဖူးပေါ်သို့ ဆံစများ ပွယောင်းစွာ ကျနေသော မျက်နှာလေးကို ကြည့်ပြီး Arata ရင်တွေ အတိုင်းအဆမဲ့ ခုန်လာသလို သူ၏ မျက်နှာဟာလည်း နီရဲလာသဖြင့် အကြည့်လွှဲလိုက်တော့သည်။
"သခင်လေးတို့နှစ်ယောက် စကားပြောပါဦး။ ကျွန်တော် Fumihito-kun အတွက် စားစရာတစ်ခုခု သွားလုပ်လိုက်ဦးမယ်။"
"အင်း။"
Shigure အလိုက်သိစွာနှင့် တံခါးပိတ်ကာ ထွက်သွားပြီးနောက် Arata Rokumi ဘေးတွင် နေရာဝင်ယူသည်။
YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...