ကားထဲမှာ အသက်ရှုသံသုံးခုက လွဲပြီး အခြားဘာသံမှ မရှိပါ။ driver ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်နေပြီး Arata ကတော့ မျက်စိမှိတ်လျက် လိုက်ပါလာသည်။ Rokumi သည် ခေါင်းခန်းမှာ ထိုင်ရင်း နောက်ခန်းက Arataကို နောက်ကြည့်မှန်ကနေ ခဏခဏ ကြည့်နေသည်။
မကြာခင် Arata၏ မျက်လုံးများ ပွင့်လာသည်။
"ခင်ဗျားအသက်ဘယ်လောက်ရှိပြီလဲ။"
"၂၈ပြည့်တော့ပါမယ်။"
သူ့ကို မေးမှန်းသိ၍ Rokumi သွက်လက်စွာပဲဖြေလိုက်သည်။
"နာမည်က။"
"Fumihito Rokumi ပါ။"
"ခင်ဗျားဆံပင်ကို အဲဒီလို ဆိုးဖို့ ဘယ်လို အကြံရလဲ။"
"အရောင်မဆိုးထားပါဘူး။"
"သဘာဝလို့ ပြောနေတာလား။"
"ဟုတ်ကဲ့။"
"ဘာဖြစ်လို့ ပြောင်းသွားတာလဲ။"
"အာဟာရ ချို့တဲ့မှုနဲ့ စိတ်ဖိစီးမှုကြောင့်ပါ။"
ထိုစကားကို ဘာမှမဖြစ်သလို မျက်နှာထားမျိုးနှင့် ပြောလိုက်သော်လည်း လက်သီးဆုပ်ထားမိသည်။
"....ဪ..။"
Arata ထိုမျှသာ အသံထွက်လာပြီး အလိုက်သိစွာဖြင့် ဘာမှ ဆက်မမေးတော့ပါ။
.
.
.
.
.
သူတို့ ကျောင်းရောက်တော့ Arataကို ချပေးပြီး ကျောင်းအပြင်ဘက်၌ စောင့်ပေးရသည်။ မိသားစု အရှိန်အဝါ အစွမ်းကြောင့် နေ့လည်စာ စားချိန်မှာ သူ့အနား သွားနေခွင့် ရှိသည်။ ဒီတော့ နေ့လည်စာစားချိန်မတိုင်မချင်း ကျောင်းနားမှာနေပြီး အချိန်ဖြုန်းရန်သာ Rokumi တတ်နိုင်သည်။ကျောင်းမှာ ကြီးမားလွန်းပြီး Tokyo တွင် အကောင်းဆုံး ကျောင်းတွေထဲကတစ်ခု ဖြစ်သည်။ ထို့အတွက်ကြောင့် Arataလို လူချမ်းသာသားသမီးများ စုစည်းရာလို့ ပြောလို့ရသည်။ သူကျောင်းတက်တုန်း ကာလကို Rokumi ပြန်အမှတ်ရမိသည်။ ကောင်းသော အမှတ်တရများတော့မဟုတ်။ အမြဲလိုလို အနိုင်ကျင့်ခံနေရပြီး ကုန်းကောက်စရာမရှိအောင် ဆင်းရဲခဲ့သောကြောင့် သာမန်ကျောင်းသားဘဝ မရခဲ့သည်ကိုသာ ထင်ထင်ရှားရှား မှတ်မိသည်။ ပြီးတော့...သူ။ Rokumi ဘဝ၏ ပထမဆုံး စိတ်ဒဏ်ရာ ဖြစ်လာစေမည့် 'သူ'။ ဪ၊ ပြီးတာတွေလည်း ပြီးခဲ့ပါပြီလေ။ သူ Arataကို မျက်ကွယ်ပြုလိုက်ချိန်မှာပဲ ကျောင်းသားတစ်ယောက်က Arataနားသို့ ကပ်လာသည်။
"သားကြီး၊ good morning ပါ။"
"Good morning။"
"အဝက ဘဲကြီးကို မင်းသိလား။ မင်းကို စိုက်ကြည့်နေတာလေ။"
"ငါ့ဘိုးတော်ကြီး ပို့လိုက်တဲ့ bodyguard အသစ်လေ။"
"နောက်တစ်ယောက်လား။ ဒါပေမဲ့ ဒီတစ်ယောက်ကတော့ မဆိုးပါဘူး။ ဆံပင်တွေပါ ဆိုးထားတာ။ ခေတ်မီတဲ့ စတိုင်နဲ့။"
"သူ့ဆံပင်က natural ကြီးတဲ့ကွ။ ဘာပဲပြောပြော၊ ဒီတစ်ယောက်လည်း သိပ်ခံမှာ မဟုတ်ပါဘူးကွာ။"
.
.
.
.
.
နေ့လည်ခင်း ထမင်းစားချိန် ရောက်ခါနီးတွင် Arataစားရန် သူ့အိမ်ကနေ Rokumi အား bento လာပို့ပေးသွားသည်။
YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...