"Shigure....."
"ကျေးဇူးပြုပြီးတော့။"
သူသည် Rokumi ၏ ပခုံးကို မှီနေရာကနေ ခေါင်းထောင်လာပြီး နှုတ်ခမ်းကို လှမ်းနမ်းဖို့ ကြိုးစားသောအခါ Rokumi က သူ့ပခုံးတွေကို တွန်းပြီး တားလိုက်သည်။
"ဘာဖြစ်လို့လဲ။ မလုပ်ချင်ဘူးလား။ ဒါမှမဟုတ် ငါ့ကို စိတ်မကျေနပ်လို့လား။ ဒါမှမဟုတ် အပေါ်မှာ နေရတာ သဘောမကျလို့လား။ ဒါဆိုလည်း ငါ အပေါ်မှာနေ...."
"Shigure၊ မင်း တကယ်လုပ်ချင်စိတ်ရှိတာ ဟုတ်လို့လား။"
"ဟမ်?"
"ဟိုနေ့က ငါတို့ဖြစ်ပြီးတော့ မင်းငိုနေတယ်။ တကယ်လုပ်ချင်တာရော ဟုတ်ရဲ့လား Shigure။"
"....."
"စိတ်မပါဘဲ အဲဒီလိုတွေ လုပ်တာက အခုအတွက်ရော နောင်အတွက်ရော မကောင်းဘူးနော်။"
"ငါမသိဘူး။ ငါမသိချင်ဘူး။ ငါသိတာ အဲဒီလို လုပ်နေတဲ့ အချိန်မှာ ငါသူ့ကို သတိမရဘူး။ ငါ.....သူ့ကို ခဏလောက်ဖြစ်ဖြစ် မေ့ထားချင်တယ်။"
Shigure ခေါင်းငုတ်သွားပြီးနောက် မျက်ရည်တစ်စက် ပေါက်ခနဲ ကျလာသည်။
"ကျေးဇူးပြုပြီး Rokumi ရယ်။ ငါ့ကို ကူညီပေးပါ။"
မျက်ရည်တွေနဲ့ ပြောနေသော Shigure အား Rokumi ဆက်ပြီး ငြင်းဖို့ငှါ မတတ်နိုင်တော့ပေ။
"ကောင်းပါပြီ။"
Rokumi ၏ ခွင့်ပြုချက်ကို ရသည်နှင့် Shigure သည် Rokumi ဘေး၌ ထိုင်နေရာမှ ပေါင်ပေါ်သို့ တက်ခွထိုင်လိုက်ပြီး သူ့အလုပ်ကို စတင်ဖို့ လုပ်လေသည်။ဒါပေမဲ့ ထိုအချိန်မှာပဲ အခန်းတံခါးက ဝုန်းခနဲ ပွင့်သွားပြီး အထဲသို့ ဝင်လာသော Medusa ကို တွေ့လိုက်ရသည်။ Medusa တင်မက Arata နှင့် Kin ပါ အသီးသီး ဝင်လာကြသည်။ သူတို့သုံးယောက်စလုံးသည် တောင်တက်တောင်ဆင်း ဆယ်ခေါက်လောက် လုပ်လာကြသည့် ပုံစံမျိုးနှင့်၊ Rokumi တို့ ဖြစ်နေပုံကို တွေ့သောအခါ လွန်စွာ အံ့အားသင့်သွားကြသည်။ Medusa က ဒီတိုင်း အဖြူထည် အံ့ဩမှုများနှင့် ကြည့်နေပြီး Kin ကတော့ မကျေနပ်သည့် ပုံစံမျိုးဖြင့် မျက်ခုံးများ တွန့်ချိုးနေသည်။ Arataကတော့ မျက်နှာကြီး နီရဲပြီး အပြင်ပဲ ပြန်ထွက်ရတေ့မလို၊ ဆက်ပဲ ကြည့်နေရတော့မလို ဖြစ်နေ၏။
အထဲသို့ လူတွေ ရောက်လာသည်နှင့် Shigure သည် Rokumi ကိုယ်ပေါ်က ပြန်ဆင်းလိုက်သည်။
"ဒါတွေက ဘယ်လိုတွေ ဖြစ်နေကြတာလဲ။"
Kin က ရန်လိုစွာနှင့် ရှေ့တိုးလာတော့ Rokumi က သူနဲ့ Shigure ကြား ဝင်ရပ်လိုက်သည်။
"နောက်ဆုတ်။ မင်းနဲ့ ငါတို့နဲ့ ဘာမှ မဆိုင်တော့ဘူး။ သူက မင်းရဲ့ အလုပ်သမား မဟုတ်တော့ဘူး။ သူ့ဘာသာ ဘယ်လိုနေနေ မင်းနဲ့ ဘာမှ မဆိုင်ဘူး။"
Rokumi ၏ စကားကြောင့် Kin ဘာမှ ဆက်မပြောနိုင်ဘဲ ဒီတိုင်းသာ အာစေးမိနေမိသည်။
YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...