Part 61

127 21 0
                                    

တစ်လခန့်အကြာ

ပြတင်းပေါက်က တိုးဝင်လာသော ခပ်အေးအေး လေများကြောင့် Rokumi အိပ်ရာက နိုးလာခဲ့သည်။ သူ့ဘဝကြီးက ပေါ့ပါးသွားပြီမို့ အိပ်ရာနိုးတာနဲ့ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ထွန်းလို့လာသည်။ ချည်နှောင်ခြင်းတွေ မရှိတဲ့ ဘဝက တကယ့်ကို လွတ်လပ်လွန်းလှပါသည်။ ရန်ဖန်ရန်ခါ လွမ်းမိတာကလွဲရင် Rokumi ခေါင်းထဲတွင် အချစ်နှင့် ပတ်သက်ပြီး ဘာဆိုဘာမှ မရှိတော့ပါ။

ဘေးနားက နာရီကို ကြည့်မိတော့ ၈နာရီတောင် ကျော်လို့နေပြီဖြစ်သည်။ ညတုန်းက ၇နာရီ နှိုးစက် ပေးထားသော်လည်း နှိုးစက် ခိုးပိတ်သွားခဲ့ပြီဖြစ်သော Shigure အကြောင်း တွေးမိရင်း Rokumi ပြုံးမိပြန်သည်။
"မင်းကတော့ ငါ့ကို အကျင့်တွေ ဖျက်နေတာပဲ Shigure ရဲ့။"

Shigure။ Shigure နဲ့ Rokumi ကြားက ဆက်ဆံရေးက လွန်ခဲ့တဲ့ တစ်လအတွင်း အလျင်အမြန် တိုးတက်နေပြီဖြစ်သည်။ ဒဏ်ရာချင်းတူသော သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် နားလည်နိုင်သည်။ နှစ်သိမ့်ပေးနိုင်သည်။ အမှန်တိုင်းပြောရရင် သူတို့နှစ်ယောက်စလုံး အဆင့်တက်ချင်ရင်တောင် တက်လို့ရနေပြီဖြစ်သည်။ နှစ်ယောက်စလုံး အရက်မူးနေသော ညတစ်ညက နှစ်ယောက်သား မဖြစ်သင့်တာတွေလည်း ဖြစ်ခဲ့ပြီးပြီဖြစ်သည်။ ခံစားချက်မပါ၊ ဒီတိုင်း လိင်ပိုင်းဆိုင်ရာ လိုအပ်ချက်အရ လုပ်ခဲ့မိခြင်းမှန်း နှစ်ယောက်စလုံး နားလည် သဘောပေါက်ကြသည်။ Shigure က ဦးဆောင်တာမှန်ပေမဲ့ Rokumi လည်း စိတ်မပါတာတော့ မဟုတ်ခဲ့ပေ။(ဦးဆောင်တယ်ပဲ ပြောတာ။ Rokumiက အပေါ်ကနော်။ မှားနေမှာစိုးလို့။) ဒါပေမဲ့ နောက်တစ်နေ့မနက်မှာတော့ Shigure ခိုးငိုနေခဲ့ကြောင့် Rokumi မတော်မဆ တွေ့ခဲ့သည်။ သူ Kin ကို မေ့မရမှန်းလည်း Rokumi သိသည်။ အဲဒါကြောင့်လည်း မိမိနဲ့ အိပ်ခဲ့တာမှန်းလည်း သိပါတယ်။ ဒါပေမဲ့ ဒေါသမထွက်မိဘဲ ကရုဏာပဲ သက်မိသည်။ သူကိုယ်တိုင်ကတော့ သိပ်ပြီး မခံစားရတော့ပါ။ လွန်ခဲ့တဲ့နှစ်တွေတုန်းက သူ တော်တော်လေး ခံစားကြေကွဲပြီးသွားပြီ ဖြစ်လို့ အခုတော့ အနာဟောင်းကြီးအသွင် ဖြစ်လို့နေပြီဖြစ်သည်။ နေရင်းထိုင်ရင်းနဲ့တော့ မနာနေတော့ပေမဲ့ အခါအခွင့်သင့်ရင်တော့ တဆစ်ဆစ် ဖြစ်နေတုန်းပင်။ Shigure ကတော့ မတူဘူး။ သူက မနေ့တစ်နေ့ကမှ Kin နဲ့ စခွဲရတာမို့ တော်တော်လေး ခံစားရပေဦးမည်။ ဒါတွေက အတင်းအကြပ်ကြီး မခံစားခိုင်းလို့ မရတာမို့ အချိန်အတန်ကြာသည်အထိ ဒီတိုင်း လွှတ်ထားပေးဖို့ပဲ Rokumi ဆုံးဖြတ်ခဲ့သည်။

Love me like you do(only Unicode)Onde histórias criam vida. Descubra agora