"ချက်ချင်းကြီးပါပဲလား။"
Rokumi က ရယ်သံစွတ်ပြီးပြောတော့ Arata၏ ရင်ဘက်တစ်ခုလုံးမှာ နွေဦးက နေရောင်ခြည်လေးအောက်မှာ ရပ်နေရသလို နွေးထွေးသွားကာ အပူမီးတွေလည်း ငြိမ်းသွားသလို ခံစားရသည်။
"ကျွန်တော် သဘောကျတဲ့လူတစ်ယောက် ရှိတယ်လေ။"
Arata က ရုတ်တရက်ကြီး သူ့ခံစားချက်ကိုထုတ်ပြောတော့ Rokumi အံ့ဩသွားသည်။ ဒီကလေးလေးက အလွယ်တကူ ငြိတွယ်တတ်မှန်း သိပေမဲ့ အခုလို ကိစ္စကို သူ့လို သိတာ မကြာသေးသော လူတစ်ယောက်ကို ပြောပြတယ်ဆိုတော့ နည်းနည်းတော့ တစ်မျိုးကြီး ဖြစ်နေသည်။
"အစ်ကို၊......လိင်တူကြိုက်တာတွေကို မုန်းလားဟင်။"
Rokumi ၏ လက်ထိပ်တွေ အနည်းငယ် တုန်ယင်သွားသည့်တိုင် သူ့မျက်နှာပေါ်မှာတော့ ဘယ်လို ခံစားချက်မျိုးမှ ထင်မနေခဲ့ပါ။
".....မမုန်းပါဘူး။ ဘာဖြစ်လို့လဲ။"
"တော်သေးတာပေါ့။....ဘာမှတော့ မဟုတ်ပါဘူး။ ဒီတိုင်းပဲ မေးကြည့်တာပါ။ ဒါနဲ့လေ ကျွန်တော် တစ်ခုလောက် အကူညီတောင်းလို့ရလား။"
"ကူညီနိုင်တာဆိုရင်တော့ ရပါတယ်။"
"ဟိုလေ၊....အစ်ကို အရင်က ရည်းစားတွေပါ ထားဖူးလား။"
"အကြံဉာဏ် တောင်းချင်တာ မဟုတ်လား။"
"အင်း။"
Arata ၏ နားရွက်တွေ ရဲနေတာကို ကြည့်ပြီး Rokumi ပြုံးမိသည်။ လူငယ်ဘဝက တကယ်ကို ပျော်စရာအတိပါပဲလား။
"ငါက ရည်းစားမထားခဲ့ဖူးလို့ စိတ်တော့မကောင်းပါဘူး။"
ထိုစကားကို ကြားရတော့ Arata သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကာ ထိုပျော်ရွှင်မှုကြီးသည် သူ့မျက်နှာပေါ်တွင် ထိန်းမရအောင် ပေါ်လာတော့သည်။ သူချစ်ရသော လူ၏ ပထမဆုံး၊ အချစ်ဦးဆိုသည့် ဂုဏ်ပုဒ်ကြီးကို ဆွတ်ခူးနိုင်တော့မည့်အကြောင်းတွေးရင်း အပျော်လုံး ဆို့လာတော့သည်။ ဒါပေမဲ့ သနားစရာကောင်းသော ထိုကောင်လေးအတွက် Rokumi ၏ 'ပထမ'တွေဟာ Rokumi ကြုံတွေ့ခဲ့ရသော လူတွေကြောင့် အကုန်လုံးနီးပါး မရှိတော့ဘူးဆိုတာပင်။ သို့ပေမဲ့ Rokumi လိမ်ပြောခြင်းမဟုတ်။ ထိုလူသားတွေဟာ Rokumi နဲ့ ချစ်သူရည်းစားအဆင့်သို့ တရားဝင်မရောက်ခင် စားလို့အီသွားသော မုန့်တစ်ထုတ်နှယ် လွှတ်ပစ်ခဲ့ကြတာတွေချည်းပဲ။ ကြာလာတော့လည်း အချစ်ကိုပဲ စိတ်ကုန်လာမိသလို ဘယ်သူ့ကိုမှ လွယ်လွယ်နဲ့ ထပ်မချစ်မိဖို့ Rokumi ၏ နှလုံးသားဟာ မာကြောလာခဲ့သည်။
ČTEŠ
Love me like you do(only Unicode)
NezařaditelnéRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...