Part 32

136 17 1
                                    

ညလယ် ၁နာရီကျော်လောက်တွင် Shigure ပင်ပင်ပန်းပန်း နိုးလာသည်။ လည်ပင်းနှင့် သူ့အောက်ပိုင်းက ပြင်းထန်စွာ နာကျင်နေသလို ပေါက်ပြဲနေသော နှုတ်ခမ်းနှင့် ရင်ဘက်ကလည်း ပူစပ်စပ် နာကျင်နေသည်။ သူ့မျက်လုံးတွေ ဖွင့်ဖို့တောင် တော်တော် အားယူလိုက်ရပြီး အေးစက်နေသော ခန္ဓာကိုယ် အောက်ပိုင်းကြောင့် သူဟာ ကုတင်ပေါ်တွင် အဝတ်ဗလာဖြင့် လှဲနေကြောင်း သိလိုက်ရသည်။ ကိစ္စတွေ ပြီးသွားသည်နှင့် Kin သည် သူ့ကို စောင်လေးတောင် မခြုံပေးဘဲ ဒီတိုင်း ပစ်ထားတာ အကျင့်ရနေသည်မို့ ထူးထူးခြားခြားတော့ မခံစားနေတော့ပါ။ ဘာပဲပြောပြော သူဟာ Kin ဆိုသော ပြီးပြည့်စုံသည့် လူတစ်ယောက်အတွက်တော့ စိတ်ဖြေစရာ အရုပ်တစ်ရုပ်ထက် မပို။ ဒေါသတွေကို ဖြေဖျောက်ပေးရသည်။ နာကြင်မှုတွေကို ဖြေဖျောက်ပေးရသည်။ လွမ်းဆွတ်မှုတွေကို ဖြေဖျောက်ပေးရသည်။

အမှောင်ခန်းထဲ၌ မျက်လုံးကစားကြည့်တော့ ကုတင် ညာဘက်တွင် သူ့ကို ကျောပေးပြီး ထိုင်နေသော Kin ကို တွေ့ရသည်။ မွှန်ထွန်နေသော ဆေးလိပ် အငွေ့တွေအရ သူ ဆေးလိပ်ထိုင်သောက်နေတာ အတော်ကြာပြီဟု မှန်းမိသည်။ Kin သည် စိတ်ညစ်တိုင်း Shigure အပေါ် ပေါက်ကွဲကာ အခုလိုပဲ ဆေးလိပ်ထိုင်သောက်နေတတ်သည်။ ကုတ်ရာခြစ်ရာ တစ်ခုတောင် မရှိသော Kin ၏ နောက်ကျောကို ကြည့်ရင်း Shigure ရင်ထဲ၌ လှိုက်တက်ဝမ်းနည်းလာမိသည်။ နောက်ဆုံးတော့ Kin အချိန်ကြာကြီး ရှာဖွေခဲ့ရသော အချစ်စစ်ဆိုသူမှာ သူ့သူငယ်ချင်းအရင်းကြီး Rokumi ဖြစ်နေခဲ့တာကို။ ကံကြမ္မာကြီးက ရက်စက်တာပဲလား။ ဒါမှမဟုတ်၊ သူ့ကို 'မင်းက ဒါနဲ့တန်တာပဲ။ မတန်မရာမှန်းနေလို့ ရမလား'ဆိုပြီး လှောင်ရယ်ပြုနေသလို။ နှစ်တွေ အများကြီး သိုလှောင်ခဲ့ရသော သူ့ခံစားချက်တွေကတော့ ရည်ရွယ်ထားတဲ့လူ မသိခင် ဆေးလိပ်အငွေ့တွေလိုပဲ ဘယ်တုန်းကမှ မရှိခဲ့ဖူးသလို လေထဲစိမ့်ဝင်ပျောက်ကွယ်သွားကြမည်သာ။ သူတစ်ခါမှ လက်သည်းအရှည် မထားခဲ့ဖူးဘူး။ Kin ဆိုတဲ့ လူကြီးရဲ့ ကျောကို ကုပ်မိပြီး သွေးထွက်သွားမှာစိုးလို့။ ကိုယ်က ဂရုစိုက်ပေးပြီး ပေးဆပ်လွန်းတော့ ကိုယ့်အချစ်က စျေးပေါသွားသလားပဲ။

Love me like you do(only Unicode)Donde viven las historias. Descúbrelo ahora