Part 10

188 21 0
                                    

လောကမှာ အယူမရှိဘဲ အပေးချည်းပဲရှိသော ကိစ္စက မဖြစ်နိုင်။
"နောက်နေ့ဆို ခင်ဗျားအတွက်ပါ bento လုပ်ခိုင်းရမယ်။"
"ရပါတယ်။ မလိုပါ...."
"ခင်ဗျားကို မမေးဘူး။"

နေ့လည်ခင်း ကျောင်းပြန်တက်လို့ ထမင်းဆိပ်တက်ချိန်မှာတော့ Arata မကြာခဏ သန်းဝေလေသည်။ စာသင်နေရတာ တရားနာနေရသလို၊ အကျိုးရှိသော်လည်း စိတ်ဝင်စားဖို့မကောင်းဘဲ ပျင်းရိဖွယ်အတိ။ သန်းဝေခြင်းနှင့် Rokumi အား လှမ်းကြည့်ခြင်းကိုသာ မကြာခဏ လုပ်နေမိသည်။ မခံနိုင်သည့်အဆုံးတွင် သူ ထရပ်လိုက်သည်။
"သန့်စင်ခန်း သွားလိုက်ပါဦးမယ်။"
Arata ထတော့ Rokumi လည်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်လာရသည်။

Arata က သန့်စင်ခန်းဘက်သို့ သွားနေခြင်းမဟုတ်။ ဆန့်ကျင်ဖက် လမ်းကိုသာ အေးအေးလူလူ လျှောက်လာခဲ့သည်။ လူသွားလူလာ အတော်နည်းသော အခန်းတစ်ခုရှေ့တွင် သူရပ်လိုက်ပြီး Rokumi ဘက်သို့ လှည့်ကြည့်သည်။
"ခင်ဗျားဆေးလိပ်သောက်တတ်လား။"
Rokumi ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ Arataသည် သူ့အိတ်ထဲက ဆေးကရက်ဘူးထဲက တစ်လိပ်ထုတ်ပြီး Rokumi ကို ပေးလိုက်သည်။ Rokumi လည်း ထိုအရာကို ယူပြီး ပါးစပ်တွင် တေ့ထားသည်။ သူ့တွင် မီးခြစ်မရှိ၍ Arataကို စောင့်နေမိခြင်းသာ။ Arata က ငွေရောင်မီးခြစ်လေးတစ်လုံးထုတ်ပြီး မီးခြစ်လိုက်ကာ Rokumi ဘက်သို့ အရင်ထိုးပေးသည်မို့ Rokumi လည်း အရင်မီးညှိလိုက်သည်။ မျက်လုံးတို့ကို မှေးစဉ်းထားစဉ် ဝါကြင့်ကြင့် မီးအရောင်က Rokumi ၏ မျက်နှာပေါ်သို့ ဟပ်နေသည်။ ထိုပုံစံကို ကြည့်ပြီး Arata၏ ပါးတွေ နီရဲလာသည်။ ယောကျ်ားတစ်ယောက် ဒီလောက် ဆွဲဆောင်နိုင်နေတာ ဖြစ်သင့်ရဲ့လားဟု အော်ဟစ်လိုက်ချင်သည်။ Rokumi မီးညှိလို့ ပြီးချိန်တွင် Arataသည် လက်ထဲက မီးခြစ်ကို ပြန်သိမ်းပြီး Rokumiနှုတ်ခမ်းက ဆေးလိပ်မီးကနေတစ်ဆင့် မီးညှိလိုက်သည်။ Rokumi သက်သောင့်သက်သာမရှိ။ ထိုကဲ့သို့ ကီစီကလီ ပုံစံမျိုးကို သူလုံးလုံး သဘောမကျပါ။ အဲဒါကြောင့် မျက်လွှာချထားမိသည်။ သူ့မျက်လုံး ပြန်ဖွင့်ချိန်တွင် ထိုကိစ္စက ပြီးနှင့်ပြီးဖြစ်သည်။

"ခင်ဗျား ဘယ်အရွယ်တည်းက ဆေးလိပ်သောက်တတ်တာလဲ။"
Arataက တံခါးကို မှီလျက် ဆေးလိပ်ဖွာပြီး မေးလိုက်သည်။
"......အလယ်တန်းကျောင်းသားအရွယ်လောက်တည်းကပါ။"
Arata သီးချင်သလို ဖြစ်သွားသည်။ အလယ်တန်းကျောင်းသားအရွယ်တဲ့။ ကလေးသာသာ အရွယ်လေးကလေ။
"ဘယ်လိုလုပ်....."
"ဘာရယ်တော့ မဟုတ်ပါဘူး....။"
Rokumi သည် ဘာမှ မရှိသော နံရံအလွတ်ကြီးအား ရီဝေစွာ ကြည့်နေသည်။
"ဘယ်လို အရသာ ရှိလဲ သိချင်လို့ပါ။"
Rokumi ကြည့်ရတာ တကယ့်အကြောင်းရင်းအစစ်ကို မပြောပြချင်လို့ ဖုံးကွယ်ထားပုံပေါ်သည်။ သူ့ဆံပင်အကြောင်း မေးတော့လည်း ထိုသို့ ပုံစံမျိုးပင်။
"ယဉ်ယဉ်ကျေးကျေး ပြောစရာ မလိုပါဘူး။ ခင်ဗျားက ကျွန်တော့်ထက် အသက်ကြီးတာပဲကို။ မင်းနဲ့ငါနဲ့ ပြောလို့ရပါတယ်။"
"ဒါပေမဲ့...."
"ကျွန်တော် ရတယ်ဆိုရင် ရတယ်။ စိတ်ပူစရာ မလိုဘူး။ နော်။"
".....ကောင်းပါပြီ။"
"....."
"...."
"ခေါ်ကြည့်ပါလား။ Arataလို့။"
"......"
"......"
"Arata။"
Arata မနေနိုင်စွာ ပြုံးလိုက်မိသည်။ ထင်သည့်အတိုင်း သူ့ရှေ့က ပုဂ္ဂိုလ်၏ နှုတ်ကနေ သူ့နာမည်ခေါ်သံ ကြားရုံနှင့်တင် သူ့ကို ပျော်ရွှင်ကြည်နူးစေသည်။
"ဟုတ်ပြီ။ နောက်ဆို အဲဒီလိုပဲ ခေါ်ပါ။"
"ဟုတ်ကဲ့။"
.
.
.
.
.
ထိုရက်အပိုင်းတွင် နေရထိုင်ရတာဟာ အခက်အခဲ လုံးဝ မရှိသလို Rokumiခံစားရသည်။ Arata က သူ့အား ကောင်းကောင်းမွန်မွန်ဆက်ဆံပေးသည့်အပြင် Rokumi အတွက်လည်း အားလပ်ချိန်အများအပြားပေးသည်။ ပြောရမည်ဆိုလျှင် Rokumi ဟာ Arata၏ ပစားပေးခံထားရသော နောက်လိုက်လေးတစ်ယောက်လို ဖြစ်နေတော့သည်။ ဒါဟာလည်း အဆိုးကြီးတော့မဟုတ်။ အနည်းဆုံးတော့ ကြောင်နဲ့ကြွက်လို ပြေးလိုက်နေရသော ဆက်ဆံရေးကြီး မဟုတ်တော့။ ထိုနေရာကြီးမှာ နေရသည့် ခဏတာ အချိန်လေးတွင်ပဲ Rokumi သည် Shigure နှင့် မိတ်ဆွေဖြစ်လာခဲ့သည်။

Shigure က စစ်မှန်သည်။ ရိုးသားသည်။ ကြင်နာတတ်သည်။ ထို့ပြင် လူမှုဆက်ဆံရေးလည်း ကျွမ်းကျွမ်းကျင်ကျင်ရှိသည်။ ပြောရမယ်ဆိုရင်ဖြင့်၊ Rokumi နှင့် လုံးဝ ဆန့်ကျင်ဘက်ပုံစံပင်။ သူ့လက်အောက်က လူများပင် သူ့ကွယ်ရာတွင် မဟုတ်မမှန်အတင်းအဖျင်းအစား ကောင်းကြောင်းများကိုပဲ ရွေးချယ်ပြောကြသည်။ ဒီတော့ သူ့လိုလူမျိုးနှင့် မိတ်ဆွေဖြစ်ရတာ ဆိုးကျိုးမရှိလောက်ဘူးဟု Rokumi ထင်သည်။ ထို့ပြင် Shigure ၏ အပြောစွမ်းရည်က လူတစ်ဖက်သားကို တိမ်ပေါ်မျောနေသယောင်ကို သက်သောင့်သက်သာ ရှိစေလှသည်။ ထို့ကြောင့် Rokumi မှာ သူနဲ့အတူတူရှိနေတိုင်း စိတ်လက်ပေါ့ပါးလန်းဆန်းရသည်။ များသောအားဖြင့် သူတို့နှစ်ယောက်သည် ဘဝအကြောင်းများကဲ့သို့ လေးလေးပင်ပင်များကို မပြောတတ်ဘဲ တေးသီချင်းများအကြောင်း၊ စာအုပ်များအကြောင်း၊ ခရီးဝေးများအကြောင်း၊ စသဖြင့် ပေါ့ပေါ့ပါးပါးများသာ ပြောလေ့ရှိကြသဖြင့် Rokumi သည် သူနှင့် ဘာအပူအပင်မှ မရှိဘဲ စကားပြောနိုင်သည်။ ငယ်သူငယ်ချင်းတစ်ယောက် ရထားသလိုပင်။သူ၏ လိင်စိတ်တိန်းညွှတ်မှုကို Shigure သိသွားသော အခါတွင်လည်း ထိုကဲ့သို့ ရင်းရင်းနှီးနှီး ရှိနေဦးမည်ဟု Rokumi မျှော်လင့်မိသည်။

ပြီးတော့ Arata။ သူသည် Shigure ပြောသလို စိတ်ထားဖြူစင်သည့် ကလေးတစ်ယောက်.....ကလေးဆိုးတစ်ယောက်လို့ ပြောလျှင် ပိုမှန်လိမ့်မည်။ အလိုလိုက်အကြိုက်ဆောင်ခံထားရသည့် ကလေးဆိုးကြီးတစ်ယောက်။ လိုချင်တာမရရင် စိတ်ဆိုးသည်။ ဂျီလည်းကျတတ်သည်။ ဒါပေမဲ့ အခုနောက်ပိုင်း Rokumi တစ်ခုခု ဝင်ပြောလိုက်လျှင် အရစ်တက်ချင်တဲ့ပုံစံဖြစ်နေပေမဲ့ နောက်ဆုံးတော့လည်း နားထောင်သည်။ အခုလို နားထောင်ပြန်တော့လည်း ချစ်ဖို့ကောင်းသည်ဟု တွေးမိပြန်သည်။ ဘာဖြစ်လို့ ဒီလိုလိမ္မာသည့်ကလေးတစ်ယောက်ကို မိဘတွေက အလိုလိုက်ပြီး ဖျက်စီးထားလည်း Rokumi တကယ်ပင် နားမလည်ပါ။

To be continue.......

Love me like you do(only Unicode)Onde histórias criam vida. Descubra agora