ဘာဖြစ်လို့ ဆင်းရဲခြင်း ချမ်းသာခြင်းဟာ လူတစ်ယောက်ရဲ့ ဘဝကို ခြယ်လှယ်နိုင်ရတာလဲ။
ပိုက်ဆံမရှိတဲ့ လူတစ်ယောက်က လူ့လောကမှာ မရှင်သန်နိုင်ဘူးလား။ ရှင်သန်ခွင့်မရှိတော့ဘူးလား။
ဒီမေးခွန်းရဲ့ အဖြေကို ကျွန်တော့်လို လူဆင်းရဲတစ်ယောက်က သိခွင့် မရှိခဲ့ပါဘူး။
ကျွန်တော် သိခဲ့ရတဲ့ တစ်ခုတည်းသောအဖြေက လူဆင်းရဲတွေဟာ အမြဲတမ်း ညီမျှခြင်းရဲ့ တစ်ဖက်တစ်ချက်က ပေးဆပ်သူတွေ အနေနဲ့ အမြဲနေရတယ် ဆိုတာကိုပါပဲ။.
.
.
.
.
"ထောင်သားB408၊ ဒီနေ့ကစပြီး မင်း ဒီထဲမှာ နေရမယ်။ အခန်းဖော်နဲ့ သင့်မြတ်အောင် နေပါ။
သူ၏ ခြေထိပ် လက်ထိပ်များ ဖြုတ်ပေးနေစဉ် အသီးသီးသော အခန်းတို့မှ ထောင်သားများက ဆူညံစွာ အော်ပြောနေကြသည်။
"အချောလေး၊ ကိုယ့်ဆီကို လာခဲ့ပါ။"
"တူတူ ပျော်ရအောင်လေ။"
"မင်းကြည့်ရတာ အရသာရှိမယ့်ပုံပဲ။"
"သူ့တင်ပါးလေးတွေကို ကိုင်ကြည့်ချင်လိုက်တာကွာ။"
သံတံခါးတွေ ပွင့်သွားပြီးနောက် အထဲသို့ တွန်းသွင်းခံလိုက်ရသည်။အခန်းထဲတွင် အလင်းရောင် မှိန်မှိန်သာ ရှိပြီး အတော်အတန်ကျယ်သည်။ နံရံတစ်ဖက်တွင် သံတိုင်များ အခိုင်အမာ တပ်ထားသော သံပြူတင်းပေါက် ကျဉ်းကျဉ်းလေးရှိသည်။ညာဘက်ခြမ်းတွင် နှစ်ထပ်ကုတင်တစ်ခုရှိပြီး ဘယ်ဘက်တွင်တော့ ဘေစင်နှင့် ရေအိမ်တစ်ခုရှိသည်။ ဘေစင်ကား ဆပ်ပြာရှိသော်ငြား မှန်မရှိပါ။
သူမလှုပ်မယှက်ဘဲ ရပ်နေစဉ် နှစ်ထပ်ကုတင် အောက်ထပ်တွင် ထိုင်နေသောလူက ထိတ်လန့်စရာမျက်ဝန်းများဖြင့် ဆိုးဆိုးရွားရွား စိုက်ကြည့်နေခဲ့သည်။ သူသည် မိမိထက် လူကောင်ကြီးပြီး ခွန်အားဗလကြီးမည့်ပုံပေါ်သည်။ ထို့ကြောင့်ပင် ပြဿနာ မရှိချင်သောကြောင့် အလိုက်တသိ မျက်လွှာချလိုက်ပြီး သံတိုင်နားက ထောင့်မှာပဲ ထိုင်ချလိုက်သည်။ ပြဿနာတောထဲ ရောက်နေချိန်တွင် နောက်ထပ် နောက်ထပ် ပြဿနာ မရှာတော့ဘူးဟု ဆုံးဖြတ်ပြီးဖြစ်သည်။
သူ့ဘက်က ဘာမှမလုပ်သေးသော်လည်း တစ်ဖက်လူက စတင်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ သူ့ဆီလျှောက်လာသော ခြေလှမ်းများကို တွေ့ရသောအခါ သူသည် သက်ပြင်းချမိသည်။ သူ့ဘဝတစ်လျှောက်လုံးတွင် သူက ပြဿနာ ရှာခဲ့ခြင်းမဟုတ်ဘဲ ပြဿနာကသာ သူ့ကို မီးမောင်းထိုးပြီး ရှာခဲ့ပါသည်။
YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...