Part 47

116 18 2
                                    

Arataကလည်း ဆိုးသာဆိုးပေမဲ့ ယုတ်မာသော စိတ်ဓာတ်မရှိသည့်အတွက် Medusa သူ့ကိုလည်း အလွတ်ပေးသည်။ ဒါပေမဲ့ Kin ကတော့ တကယ့်ကို အသားထဲကလောက်ပင်။ အဆင့်အတန်းမြင့်သည့် မိသားစုက မွေးဖွားလာပြီး အဖေရော၊ အမေရောက မြင့်မြတ်တဲ့လူတွေ ဖြစ်ပါလျက်နှင့် အောက်တန်းကျသော သူ့ကို Medusa တကယ် ရွံမိသည်။ သူ မိမိအမေကို သတ်သည့် ကိစ္စကို သိတုန်းက Medusa ဒေါသတွေ ထိန်းမရဖြစ်ပြီး အဲဒီကောင်ကို သတ်ဖို့ လုပ်ခဲ့ပေမဲ့ ကံကြမ္မာက Kin ဘက် ပါနေသောကြောင့် အစီစဉ်က မအောင်မြင်ခဲ့ပေ။ အဲဒီကိစ္စအကြောင်း သူ့အဖေ သိသွားပေမဲ့ Medusa ကို ဘာအပြစ်မှ မပြောခဲ့ပါ။ အကြောင်းရင်းကတော့ သိသာလှသည်။ Medusa ၏ အမေကို Kin သတ်လိုက်တာ အဲဒီလူကြီးလည်း သိသည်ဆိုတဲ့ သဘောပင်။ ထိုအချက်က Medusa အား အဲဒီမိသားစုကို ပိုမိုမုန်းတီးစေဖို့ တွန်းအားပေးခဲ့သည်။
.
.
.
.
.
Medusa ကလပ်ထဲဝင်ပြီး သီးသန့်အခန်းတွေထဲက အတွင်းကျဆုံး အခန်းထဲသို့ ချီတက်လာခဲ့သည်။ အသံလုံ နံရံတွေ တပ်ထားသော ထိုအခန်းတွေမှာ အပြင်လောကကြီးနှင့် လုံးလုံး မသက်ဆိုင်သလိုမျိုး တိတ်ဆိတ်ငြိမ်သက်လို့နေသည်။ သူဝင်ရမည့် တံခါးအရှေ့တွင်တော့ ဝတ်စုံအပြည့်နှင့် အသက်ငယ်ငယ် ကောင်လေးတစ်ယောက် ရပ်နေသည်။ သူက Medusa ကို မြင်သည်နှင့် ကပျာကယာ ဦးညွှတ်လိုက်သည်။
"အစ်ကိုကြီး၊ မင်္ဂလာပါ။"
Medusa ကတော့ သူ့ကို ပြန်မဖြေဘဲ အထဲသို့သာ တန်းဝင်သွားသည်။

ခမ်းနားသော အနက်ရောင် တံခါးနှစ်ချပ် နောက်တွင်တော့ လူအနည်းငယ်သာ ရှိနေသည်။ အားလုံးက အစောပိုင်းက ကောင်လေးအတိုင်း သူ့ကို အရိုအသေ ပြုလိုက်ကြသည်။ ဒါပေမဲ့ Medusa ရဲ့ အကြည့်တွေကတော့ ဆိုဖာပေါ်တွင် တုန်ယင်စွာ ထိုင်နေသော အသုံးသုံးဆယ်ကျော် လူပေါ်မှာသာ။

ထိုလူသည် အရိုးပေါ်အရေတင် ဖြစ်နေပြီး သူ၏ အဝတ်အစားများဟာလည်း စုတ်ပြတ်လို့နေသည်။ သန့်ရှင်းသပ်ရပ်မှု မရှိသော မျက်နှာပေါ်တွင် မုတ်ဆိတ်မွှေးနှင့် နှုတ်ခမ်းမွှေးတို့ ဟိုတစ်စဒီတစ်စ တွေ့နေရသည်။
"သူက....."
"သူက အစ်ကိုလေးNana နဲ့ အတူတူ ဆေးသုံးခဲ့တဲ့ လူတွေထဲက တစ်ယောက်ပါ။"
"ညီလေး၊ အစ်ကိုကြီး ဘာမှ မသိပါဘူး။ လွှတ်ပေးပါကွာ။ တကယ်ဘာမှ မသိပါဘူး။"
ထိုလူက တောင်းပန်ခယရင်း Medusa ၏ ခြေထောက်နား ရောက်လာပေမဲ့ Medusa ကတော့ သူ့ကို အေးစက်သော အကြည့်တွေဖြင့်သာ တုန့်ပြန်သည်။
"ခင်ဗျား ဘာမှ မသိဘူးဆိုတာ သေချာရဲ့လား။"
အခန်းထဲတွင် ထိုအမျိုးသား၏ ပြင်းထန်သော အသက်ရှုသံသာ ကြားနေရသည်။ ထိုလူက အကြိမ်ပေါင်းများစွာ ခေါင်းညိမ့်ပြလိုက်သည်။
"ဘယ်လိုလုပ်မလဲ။ ကျွန်တော်က ဘာမှမသိဘူးဆိုတဲ့လူတွေကို ပင်လယ်ထဲ မျှောနေကျနော်။"
"မ....မလုပ်ပါနဲ့။ တောင်းပန်ပါတယ်။"

Love me like you do(only Unicode)Donde viven las historias. Descúbrelo ahora