အိပ်စက်ခြင်းက နီးလာတာနဲ့အမျှ သူ့အတွေးတွေဟာလည်း မျောချင်သလို မျောပါပြီး လေယူသလို ယိမ်းနေကြသည်။ ဖြူဖြူစင်စင် တောက်တောက်ပပ ပြုံးပြနေသည့် ဆယ်ကျော်သက်ကောင်လေးတစ်ယောက် သူ့အတွေးတွေကို ဖုံးလွှမ်းထားသည်။ ပုလဲလုံးတွေလို သွယ်တန်းဖြူဖွေးနေသော သွားလှလှလေးတွေပေါ်အောင် ပြုံးပြတတ်သူ။ ခန္ဓာကိုယ်ကြီးမားသလောက် ကလေးဆန်ပြီး ချစ်စရာကောင်းသည်။ ထိုလူသားအား မေ့ပျောက်နိုင်အောင် Rokumi ၏အသိစိတ်က အမြဲကြိုးစားနေခဲ့ပေမဲ့ သူ့မသိစိတ်ကတော့ နှစ်ရာချီနေသော သစ်ပင်ကြီးကဲ့သို့ ထိုကောင်လေးဆီမှာပဲ အတွေးများ အမြစ်တွယ်နေခဲ့သည်။
".......ကျွန်တော် တောင်းပန်ပါတယ်အဖိုး။"
Rokumi အိပ်မပျာ်ခင် ထိုစကားဟာ သူ့နှုတ်ဖျားမှ နောက်ဆုံးအနေဖြင့် ထွက်လာခဲ့သည်။နောက်နေ့မနက် မိုးလင်းလို့ မျက်လုံးပွင့်သည်နှင့် Rokumi ၏ ခန္ဓာကိုယ်တစ်ခုလုံး လေးလံပြီး နှာတွေလည်း အဆက်မပြတ် စီးနေခဲ့သည်။ မလှုပ်ချင်ပေမဲ့လည်း ကြိုးစားထရင်းနှင့်သာ Arataကို ကျောင်းပို့ဖို့ ပြင်ဆင်ရသည်။ စားချင်သောက်ချင်စိတ် မရှိ၍ မနက်စာလည်း သူမစားခဲ့ပါ။
.
.
.
.
.
"Arata။"
"......"
"Arata။"
"......"
"Arata!"
"အေ၊ အင်း။ ပြော။"
"ဟိုလူကြီးကိုရော ဒီနေ့ ဘယ်လိုလုပ်ဖို့ တွေးထားလဲ။"
"အဲဒါ...."
Arata ဘာပြန်ပြောရမလဲ စဉ်းစားနေမိသည်။ သူRokumi အကြောင်းတွေးနေမိတာမှန်ပေမဲ့ ဒုက္ခပေးဖို့ဆိုတာတော့မဟုတ်။ မနေ့ညက ဖြစ်ခဲ့တာတွေကို ပြန်တွေးနေမိခြင်းသာ။
"ငါတို့နည်းသစ်တွေ စဉ်းစားကြမလား။ ဒါမှမဟုတ် အင်အားသုံးပြီးတော့ပဲ ကြောက်အောင် ခြောက်လိုက်ရမလား။"
"နေစမ်းပါဦးကွာ။ ငါ....."
သူရုတ်တရက်ကြီး Rokumi ကို နှင်ထုတ်ချင်စိတ်မရှိတော့ပါ။ သူ့လို လူတစ်ယောက် အနားမှာ ရှိတာလည်း မဆိုးပါဘူးဟု ခံစားနေရသည်။ ဒါပေမဲ့ ဒီတိုင်းထုတ်ပြောဖို့ကလည်း မဖြစ်။
"ငါသူ့ကို အချိန်ဆွဲပြီး ကစားချင်သေးတယ်။ မဟုတ်ရင် ပျင်းစရာကြီး ဖြစ်သွားမှာပေါ့။"
"အင်း။ ဟုတ်ပါပြီ။ ဒါဆို ဘာလုပ်ချင်တာလဲ။"
"အရင်တစ်ခေါက်ကလိုပဲ ပြန်လုပ်ထားလိုက်။"
"ဘာ? လုပ်ပြီးသားကြီးကို။"
"လုပ်ပြီးသားမို့လို့ ပြန်လုပ်ခိုင်းတာပေါ့။ ၂ခေါက်ပြန်လုပ်မယ်လို့ သူထင်ထားမှာ မဟုတ်ဘူး။"
"ဟုတ်တော့ဟုတ်သားပဲ။ ကောင်းပြီလေ။"
.
.
.
.
.
နေ့လည်ခင်း ရောက်တော့ Rokumi အခြေနေ ပိုဆိုးလာသည်။ ကိုယ်ခြစ်ခြစ်တောက်အောင်ပူပြီး ခေါင်းတွေလည်း ကိုက်လာသည်။ ဒါပေမဲ့ သည်းခံနိုင်သေးသည့်အတွက် သူဆက်သည်းခံပြီး အလုပ်လုပ်ရမည်။ နေ့လည်စာခေါင်းလောင်းထိုးချိန်တွင် bento ဆွဲပြီး Arata၏ အခန်းသို့ တက်လာခဲ့သည်။
YOU ARE READING
Love me like you do(only Unicode)
RandomRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...