Part 15

172 23 0
                                    

Medusa ၏ လက်တစ်ဖက်က သူ့ပခုံးပေါ် ရောက်လာသည်အထိ Rokumi တုတ်တုတ် မလှုပ်ရဲခဲ့ပါ။ Medusa နှင့် ပတ်သက်ပြီး ခံစားချက်တွေ အကုန် စွန့်ပစ်ခဲ့ပြီဖြစ်ရာ ခန္ဓာကိုယ်ချင်းယှက်နွယ်ဖို့ဆိုတာတော့ သေချာပေါက် Rokumi အတွက် အနုတ်သဘောဆောင်နေသော အရာပင်။
"ရတယ်မဟုတ်လား။"
"ရမလား။ ငါတို့အခုမှ ပြန်တွေ့တာကို မင်းက ဒီလောက်တောင် ထန်နေတာ မရှက်တတ်ဘူးလား။"
"......."
Medusa သည် တံတွေးမျိုချပြီး Rokumi ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ ပြီးနောက် သူပြောသည်။
"ငါပြောတဲ့အတိုင်း လုပ်ပေး။ ဟိုကောင်ကို မင်း gayဆိုတာ မသိချင်စေဘူးဆိုရင်ပေါ့။"
ထိုလေသံသေးသေးလေးက Rokumi ၏ ခေါင်းထဲသို့ မိုးကြိုးပစ်ချသလို ဝင်ရောက်လာသည်။
"မင်း ဘာပြောချင်တာလဲ။"
"ငါဘာပြောချင်တာလဲ မင်းသိပါတယ်။"
".....မင်းငါ့ကို ခြိမ်းခြောက်နေတာပဲ။"
"....."
Medusa ခေါင်းငုံ့လိုက်သည်။ Rokumi ကတော့ သူ့ကို ကြည့်ပြီး နာနာကျင်ကျင်နှင့် ရယ်လိုက်မိသည်။
"လောကကြီးမှာလေ ခြိမ်းခြောက်တာကို တောင်းပန်တဲ့ မျက်နှာထားနဲ့ ပြောတတ်တာ မင်းပဲရှိတယ်။ ငါတကယ်ပဲ ကြာလေကြာလေ ငါ့ကိုယ်ငါ စိတ်ပျက်မိတယ်။ ဘာလို့ မင်းလိုကောင်ကို လက်ခံပေးခဲ့ပါလိမ့်လို့။ ဘာလို့ ကာကွယ်ပေးမိခဲ့ပါလိမ့်လို။ အဲဒီနေ့က မင်းကို ဒီတိုင်း သေအောင် ထားထားခဲ့ရမှာ။ အခုတော့ကြည့်ပါဦး။......စောက်ကျိုးတွေ နည်းကုန်ပြီ။"
"......"
"....."
"ကောင်းပြီလေ။ မြန်မြန်လုပ်ပြီး မြန်မြန်ပြီးတာပေါ့။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အတင်းလုပ်မှာဆိုတော့လည်း ငါ့ကို ပိုက်ဆံပေးတာ ပိုမကောင်းဘူးလား။ နှစ်ယောက်စလုံးအတွက် အကျိုးရှိတာပေါ့။"
Rokumi က သွေးအေးအေးနှင့်ပဲ ပြောလိုက်သည်။ သွေးယိုနေသော နှလုံးသားကို မျက်ကွယ်ပြုပြီး အရှက်သိက္ခာကို နင်းချေကာ ပြောလိုက်ရတဲ့ ထိုစကားက သူတို့နှစ်ယောက်စလုံးအတွက် ဆေးခါးကြီးသာ။
"......ကောင်းပါပြီ။"
(ဖတ်ရတာတစ်မျိုးကြီးဖြစ်နေမယ်ဆိုပေမဲ့ Medusa က တကယ်ကို personality နှစ်ခွယှဉ်တွဲနေတာပါ။)

Rokumi သည် တုန်တုန်ယင်ယင်နှင့်ပဲ အဝတ်အစားတွေကို ချွတ်ပစ်ကာ ကုတင်ပေါ်တွင် မျက်လုံးစုံမှိတ်၍ လှဲပေးထားသည်။
"မီးပိတ်ပေးပါ။"
Rokumi ၏ တောင်းဆိုချက်ကို Medusa လိုက်လျောပေးသည်။ ဘာပဲပြောပြော၊ ဒီလိုအခြေနေကြီးမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး လုပ်ရတာ သေချာပေါက်ကို တစ်မျိုးကြီး ဖြစ်နေလိမ့်မည်။ အခန်းထဲတွင် သူတို့နှစ်ယောက်၏ အသက်ရှုသံသာ ထွက်ပေါ်နေသည်။ Rokumi သည်ကား တုန်ယင်နေခြင်းကို ရပ်တန့်ရန် လက်သီးဆုပ်ပြီး အံကြိတ်ထားမိသည်။
'ပြီးသွားမှာပါ။ ခဏလေးနဲ့ ပြီးသွားမှာပါ။ ခဏလေးသည်းခံနေရုံပဲ။....ပိုက်ဆံအတွက်....ပိုက်ဆံအတွက်...'
ဘယ်လောက်ပဲ ပြင်ဆင်ထားပါစေ၊ Medusa ၏ လက်ချောင်းတွေ သူ့ရင်ဘက်ပေါ်သို့ ကျရောက်လာချိန်တွင် သူ့နှလုံးသားဟာ ဗုံတီးနေသလို မြည်လာပြီး အသက်ရှူသံဟာလည်းပြင်းထန်လာသည်။ နှစ်နဲ့ချီပြီး ဘယ်သူ့မှ ထိတွေ့ခဲ့ခြင်း မရှိခဲ့သော ထိုနေရာများသည် အေးစက်သော အထိအတွေ့များကို တုံ့ပြန်ရင်း ထောင်မတ်လာခဲ့သည်။ (Nippleကို ပြောတာနော်။ အောက်ဖက်မဟုတ်ဘူး။ 🤫) Medusa ၏ လက်များက အောက်ဖက်သို့ ရွေ့လျားဦးတည်လာစဉ် Rokumi ခါးဘယ်ဘက်လောက်က ဓားဒဏ်ရာကို သွားစမ်းမိသည်။ ထိုဒဏ်ရာအကြောင်း သူကောင်းကောင်းသိသည်။ သေမလိုရှင်မလို ဖြစ်နေသော ရှုပ်ထွေးလှသည့် လူအုပ်ကြီးကြားထဲတွင် မိမိအသက်ကို ဦးတည်ပြီး ထိုးခဲ့တဲ့ ဓားသွားအား Rokumi ဝင်ကာပေးခဲ့စဉ်တုန်းက ရရှိခဲ့တဲ့ ဒဏ်ရာ။ သူတို့နှစ်ယောက် ရင်ကြားစေ့ဖို့ ပထမဆုံး ခြေလှမ်းဖြစ်ခဲ့သလို၊ Rokumi ၏ အကြီးမားဆုံး ပေးဆပ်မှုတွေထဲက တစ်ခု ဖြစ်သော ကမ္ဗည်း။ Medusa ၏ လက်တွေ ရုတ်ချည်းဆိုသလို တန့်သွားသည်။ အမှောင်ထဲက Rokumi ၏ မျက်နှာကို မှန်းဆပြီး နမ်းကြည့်တော့ ပါးပြင်ပေါ်က စိုစွတ်နေသော မျက်ရည်စတွေက သူ့နှုတ်ခမ်းပေါ် ကပ်ပါလာခဲ့သည်။

'ငါ ဘာတွေ လုပ်နေမိတာလဲ။'
Medusa သည် ဘေးကစောင်ကို Rokumi တစ်ကိုယ်လုံးအား လုံခြုံစွာ ပတ်နှံလိုက်ပြီး ကလေးလေးတစ်ယောက် အရုပ်ဖက်ထားသလို Rokumi ကို သူ့ပေါ်ပေါ်သို့ တင်ပြီး အနောက်ကနေ ထွေးဖက်ထားပါတော့သည်။
".....တောင်းပန်ပါတယ်။ မင်းသူနဲ့ကျတော့ ပြုံးနေပြီးတော့ ငါ့မျက်နှာတွေ့မှ အဲဒီလို ဖြစ်သွားတာကြီးကို မုန်းလို့ပါ။ မရည်ရွယ်ပါဘူး။ တောင်းပန်ပါတယ်။ ခွင့်လွှတ်ပါနော်။ တောင်းပန်ပါတယ်။"
မိမိအား အစိမ်းလိုက်ဝါးစားမတန် အစွယ်တဖြီးဖြီး ဖြစ်နေပြီးမှ သူမဟုတ်သော ကလေးလေးလို မိမိကို ချော့မြူနေသည်ကား သေချာပေါက်ကို ကိုးယိုးကားယား နိုင်လှသည်။ သို့ပေမဲ့အနှီလူ၏ ရင်းနှီးမှုရှိသော ကိုယ်သင်းရနံ့က မိမိကို သက်သောင့်သက်သာ ရှိစေလှပြီး လှုပ်ရှားနေသော စိတ်ကို ရေပြင်လေးလို ငြိမ်သက်လာစေသည်။ ထိုအခြေအနေတိုင်းပဲ ဘယ်လောက်ကြာကြာ နေဖြစ်ခဲ့သည်မသိ၊ Rokumi နောက်ဆုံးမှတ်မိသော အရာသည်ကား Medusa ၏ တောင်းပန်သည်ဆိုသော စကားလုံးများသာဖြစ်သည်။

သူနိုးလာခဲ့ချိန်တွင်ကား မနက်နေထွက်လို့ အချိန်လွန်ကာ တံခါးခေါက်သံလည်း ကြားနေရသည်။ Rokumi တစ်ယောက် လန့်လန့်နှင့် ထကြည့်လိုက်ရာ သူနှင့် တစ်ကုတင်တည်းတွင် လှဲနေသော Medusa သည်လည်း မျက်နှာကို ပွတ်သပ်ရင်း နိုးလာနေပြီဖြစ်သည်။ ကြည့်ရတာ မနေ့ညတည်းက အတူတူ အိပ်ပျော်သွားပုံပေါ်သည်။
"အစ်ကို၊ ကျွန်တော်တို့ ကျောင်းနောက်ကျတော့မယ်နော်။"
တံခါးမှ ကြားနေရသော Arata၏ အသံက သူတို့နှစ်ယောက်စလုံးကို မြူဝေနေသော အိပ်မက်က နိုးထသလို အသိဝင်သွားစေသည်။ Medusa က ငေါက်ခနဲ ထလိုက်ပြီး Rokumi ကတော့ Arataကို ပြန်ဖြေလိုက်သည်။
"ခဏလေးပဲစောင့်။ ငါအဝတ်လဲနေလို့။ သိပ်မကြာခင် ပြီးတော့မယ်။"

To be continue........

Love me like you do(only Unicode)Where stories live. Discover now