Part 52

180 19 1
                                    

ထိုစကားလုံးတို့ကို ခန္ဓာကိုယ်က နောက်ဆုံးလက်ကျန်အင်အားများသုံးပြီး ပြောလိုက်ရသော Shigure သည် ခဏတွင်းချင်းဆိုသလို ပြိုလဲကျသွားတော့သည်။
"Shigure!"
Kin သည် Shigure ဆီသို့ အပြေးလာပြီး ပေါ့ပါးနေသော ထိုခန္ဓာကိုယ်လေးကို ဆွဲမလိုက်သည်။
"တစ်ယောက်ယောက် လာကြစမ်း!"
Natsume အိမ်တော်ကြီးထဲမှာ ထိုနေ့က အတော်လေး အလုပ်ရှုပ်ခဲ့ကြသည်။ အိမ်ထဲက ရူးသွပ်ပူလောင်မှုတွေနဲ့ အပြိုင် အပြင်က နေမင်းကြီးကလည်း လင်းနေအောင် ထိန်သာနေပါတော့သည်။
.
.
.
.
.
"ဟူး! လေက လက်ဆတ်နေတာပဲ။"
ပင်လယ်ကမ်းခြေနားမှာ ကားရပ်ရင်း သူတို့သူငယ်ချင်းတွေ သောင်ပေါ်သို့ ဆင်းလျှောက်လာခဲ့ကြသည်။ ပင်လယ် အနံ့အသက်ပါသော လေအေးလေးသည် မြို့ပြကြီးပေါ်က လေထုနှင့် ကွာသည်ဆိုတာတော့ Rokumi ဝန်ခံရမည်။ သူတစ်ခါမှ ပင်လယ်ဆီ မရောက်ဖူးပါ။ မအားတာရော၊ ခရီးထွက်ဖို့ ငွေမရှိတာတွေပါ ပေါင်းပြီးတော့ပေါ့။ မိုးကုပ်စက်ဝိုင်းကို ထိတွေ့နေသည့် အပြာရောင် ပင်လယ်ပြင်ကြီးက ဒီလောက် အံ့ဩဖို့ ကောင်းမယ်လို့ Rokumi မထင်ခဲ့ပါ။ ပုဂ္ဂလိဂပိုင် ကမ်းခြေမို့ အနီးအနားတွင်လည်း ဘယ်သူမှ မရှိကြပေ။ သက်သောင့်သက်သာ ရှိလှသော ပတ်ဝန်းကျင်ကြောင့် Rokumi သည် မသိလိုက်ဘာသာ ပြုံးလိုက်မိသည်။ ခရီးထွက်ရတာလည်း မဆိုးပါဘူးဆိုတဲ့ အတွေးနဲ့ အတူပေါ့။

"ငါတို့ ဘယ်နားလောက် တည်းကြမလဲ။"
Chimon က မေးသည်။
"Campထိုးကြမလား။"
"မဆိုးဘူးပဲ။ လေကွယ်တဲ့နားမှာ ထိုးကြတာပေါ့။"
Rokumi က ဦးဆောင်ပြီး သူတို့တွေ campထိုးဖို့ နေရာ လိုက်ရှာပေးသည်။ ၁၀မိနစ်လောက် အကြာတွင်တော့ အုန်းပင်တွေ နားလောက်တွင် သူတို့ စတင် စခန်းချကြသည်။ ညဘက်ကျရင် လေက ပိုတိုက်ပြီး ပိုအေးမည်မို့ အပင်အကာအကွယ်နားတွင် နေလိုက်တာ အကောင်းဆုံး ဖြစ်သည်။ တဲ ၃ခုကို Rokumi တစ်ယောက်တည်း ထိုးနေရသဖြင့် Arataဝင်ကူပေးသည်။ Arata ကူပေးတော့ ကျန်သော သူငယ်ချင်းများကလည်း ဝင်ကူရတော့သည်။

"ကဲ၊ အခု ပြဿနာက တစ်ခုပဲ ရှိတော့တယ်။ ငါတို့တွေ လူဘယ်လိုခွဲပြီး နေကြမလဲ။"
"ငါ အစ်ကိုနဲ့ နေလိုက်မယ်။"
Arataက ဦးစွာ အော်လိုက်သည်မို့ Rokumi က မနေတတ် ဖြစ်သွားသလို၊ ကျန်သော လူများကလည်း ခပ်ပြုံးပြုံး ဖြစ်သွားကြသည်။
"ဘယ်သူမှ နေရာ မလုပါဘူးကွာ။"
"ငါက...ဒီတိုင်း ပြောတာပါ။"
"အေးပါကွာ။"

Love me like you do(only Unicode)Where stories live. Discover now