Medusa သည်ကား သူ့အပြုမူကြောင့် ဖြစ်သွားတဲ့ Rokumi ပုံကို ကြည့်ပြီး ဒေါသမီးတွေ ရေနဲ့အငြိမ်းခံလိုက်ရသလို ဖြစ်သွားကာ သူလွန်သွားမှန်း နားလည်လိုက်သည်။
"ငါတောင်းပန်ပါတယ်။ မရည်ရွယ်ပဲ အော်လိုက်မိတာပါ။ လန့်သွားလားဟင်။ တောင်းပန်ပါတယ်။"
သူပဲအော်၊ သူပဲ အပြစ်တင်၊ သူပဲ တောင်းပန်ပြီး အခု သူပဲ မျက်ရည်ကျရပြန်သည်။ Rokumi မှာ သူ့ရှေ့က ပုတ်သင်ညိုလို အရောင်မျိုးစုံ ပြောင်းနေသော လူအား ပြန်ချော့ပေးရမလို ဖြစ်နေပြီပင်။
"ဘာလို့ ငိုနေတာလဲ။ ငါ ဘာပြောရသေးလို့လဲ။"
"......မင်းငါ့ကို မုန်းသွားမှာ အရမ်းကြောက်တာပဲ။"
ကလေးတစ်ယောက်လို နှာတရှုံ့ရှုံ့နဲ့ ပြောနေသော Medusa ကြောင့် Rokumi သနားစိတ် ဝင်မိသည်။
"ငါ့မှာ မင်းပဲ ရှိတော့တာ။ ဘာမှ မကျန်တော့ဘူး။ အမေလည်း မရှိတော့ဘူး။ အဖေလည်း မရှိတော့ဘူး။ Nana လည်း မရှိတော့ဘူး။ မင်းသာ ထပ်ထွက်သွားရင် ငါရူးသွားလိမ့်မယ်။"
Nana မရှိတော့ဘူးတဲ့လား။........Rokumi သည် Medusa အား ပွေ့ဖက်ပေးပြီး သူ့ကျောကို ခပ်ဖွဖွ ပုတ်ပေးနေသည်။
"ငါ ဘယ်မှ မသွားဘူး။ မငိုနဲ့တော့။ ကလေးလည်း မဟုတ်တော့တာကို ဘာမဟုတ်တာလေးနဲ့ ငိုနေတယ်။ မရှက်ဘူးလား။"
"အင်း။....မငိုတော့ဘူး။"ထိုပုံစံအတိုင်း မိနစ်အနည်းငယ် ချော့ပြီးချိန်မှာတော့ Medusa စိတ်ငြိမ်သွားပြီဖြစ်ရာ သူလည်း မေးခွန်းတွေ စမေးဖြစ်တော့သည်။
"Nana ဘာဖြစ်သွားတာလဲ။"
"....."
"မပြောချင်လည်း ရပါတယ်။"
"....သူ ဆေးရုံမှာ ရှိနေတဲ့ အချိန်မှာပဲ သူ့ကို လူတစ်ယောက် နှုတ်ပိတ်ဖို့ လာလုပ်ကြံသွားတယ်။"
Rokumi ခေါင်းထဲ ပူထူသွားသလို ရင်ထဲ၌လည်း လှပ်ခနဲ ဖြစ်သွားရသည်။
"Kinလား။"
Medusa ခေါင်းခါပြမှ Rokumi စိတ်အေးသွားရသည်။ မဟုတ်ရင်တော့ မတွေးရဲစရာ။
"သူ့ကို သတ်ချင်နေတာ နောက်တစ်ကြောင်းရှိတယ်။....မဟုတ်ဘူး။ အခုဆို နှစ်ကြောင်းပေါ့။"
"....Nana ကို ဘယ်သူ သတ်သွားတာလဲ သိလား။"
"မသိဘူး။ ဘာသက်သေမှလည်း မရှိဘူး။ ဒါပေမဲ့ သူ့ကို ဆေးသုံးခိုင်းခဲ့တဲ့ အကောင်ပဲ နေမှာပေါ့။ ဘယ်လောက်တောင် ယုတ်မာထားလို့ လူကို လက်စဖျောက်လိုက်တာလဲ မသိဘူး။ သေချာပေါက်ကို လက်စားချေပစ်ရမယ်။"
"ဒါဆိုရင် Kin ကို လက်စားချေချင်တယ်ဆိုတာကရော။ ဘာလို့လဲ။"
".....ငါ့အမေအကြောင်း မင်းကို ပြောပြဖူးတာ မှတ်မိလား။"
"အင်း။"
Medusa ၏ အမေအကြောင်း မှတ်မိဖို့ Rokumi အချိန်သိပ်မယူလိုက်ရ။ ဘာလို့လဲဆိုတော့Medusa၏ အမေ ဆုံးသွားတာ သမာရိုးကျနည်းကြောင့် မဟုတ်ဘဲ ကားaccident တစ်ခုကြောင့် ဖြစ်ကာ တရားခံသည် အမှုကနေ ကွင်းလုံးကျွတ် လွတ်သွားခဲ့သည်။ အကြောင်းသည်ကား Medusa နှင့် သူ့အမေမှာ အမေတစ်ခု သားတစ်ခုသာ ရှိသောကြောင့် ကူညီမည့်လူ ဘယ်သူမှ မရှိသည့်အပြင် ရှိသမျှ ပိုက်ဆံတွေ အကုန်လုံးကလည်း တရားရုံး မရောက်ခင် ဆေးရုံမှာပဲ ကုန်သွားသောကြောင့် ဖြစ်သည်။ငယ်ရွယ်သေးသော Medusa မှာ နောက်ဆုံးတွင် အကူညီ ကင်းမဲ့စွာဖြင့် အရှိတရားကို မကျေမနပ် လက်ခံလိုက်ရသည်။
"အဲဒါ ရိုးရိုး accident မဟုတ်ဘူး။"
"မင်းပြောချင်တာ...."
"တမင် ဝင်တိုက်လိုက်ကြတာ။ တရားခံကတော့ ဖအေတူ မအေကွဲဖြစ်တဲ့ ငါ့အစ်ကိုကြီး Kin ပေါ့လေ။"
Rokumi ခေါင်းကိုက်ချင်သလို ခံစားလာရသည်။ ရုတ်တရက်ကြီး အရာအားလုံးဟာ ရှုပ်ထွေးသော အသွင်သို့ ပြောင်းလဲသွားပြီး သူပါ ထိုဝဲဂယက်ကြီးထဲ ဆွဲစုပ်ခံလိုက်ရသလိုပင်။
"ဘာလို့.....သူက ဘာလို့ အဲဒီလိုမျိုး....."
မတွေးတတ်တော့ပေ။ တစ်ခါတုန်းက သူ့အပေါ် အရမ်းကြင်နာခဲ့ပြီး လူကြီးလူကောင်းဆန်သော လူတစ်ယောက်က အသက်၁၂နှစ်အရွယ်ကလေးတစ်ယောက်၏ အပြစ်မဲ့မိခင်ကို သတ်ပြီး အခုလို အေးအေးချမ်းချမ်း နေနိုင်သည်တဲ့လေ။
"သူက အရမ်း အန္တရာယ်များတဲ့လူတစ်ယောက်။ သူနဲ့ ဝေးဝေးမှာ နေပါနော် Rokumi။ ငါမင်းကို နောက်တစ်ကြိမ် သူ့ကြောင့် ဒုက္ခ မရောက်စေချင်တော့ဘူး။"
"ငါနားလည်ပါတယ်။ ဒါပေမဲ့ မင်း Arataကိုတော့ ဘာမှ မလုပ်ပါဘူးနော်။"
"ငါတို့ စကားဝိုင်းထဲမှာ ဘာလို့ သူ့အကြောင်း ပါလာရပြန်တာလဲ။"
"သူ့မှာ အပြစ်မရှိဘူး။ ကလေးသာသာပဲ ရှိသေးတာ။"
"ငါသိပါတယ်။ အဲဒီစောက်လေးက ဘဝင်လေဟပ်နေပြီး ဖူးဖူးမှုတ်ခံထားရလို့ ဆိုးနေရုံပဲ ရှိတာ။သူ့အစ်ကိုလိုတော့ မဟုတ်ပါဘူး။"
"......မင်းထောင်ထဲက ထွက်ဖို့...အဲဒီလို လုပ်သွားခဲ့တာ Nana ကြောင့်လား။"
".....အင်း။"
ထိုဝန်ခံစကားကို ကြားရတော့ Rokumi ရင်ထဲ နားလည်ပေးနိုင်သည့်ဆိုသော ခံစားချက်ထက် ခံပြင်းသော ခံစားချက်သာ ပိုနေသည်။ မဖြစ်သင့်ဘူးဆိုတာ ဦးနှောက်က သိနေပေမဲ့လည်း 'သူက ငါ့ကို Nana ရဲ့ အသက်မရှိတဲ့ ခန္ဓာကိုယ်လောက်တောင် တန်ဖိုးမထားပါလား'ဆိုသည့် အသိကြီးကို ဖယ်ရှားလို့မရ။ ကိုယ့်အတ္တကြောင့် ဖြစ်ပေါ်လောသော ထိုအတွေးကြောင့် Rokumi သည် မိမိကိုယ်ကို စိတ်ပျက်မိသည်။
"ဒါပေမဲ့ ဆင်ခြေ မဟုတ်ပါဘူး။ ငါမကောင်းတာ ငါသိပါတယ်။"
"ဒီကိစ္စကို ထပ်မပြောနဲ့တော့။ ငါသိပြီ။"
"ဟိုလေ.....Rokumi....မင်း.....သူ့အပေါ်မှာ ဘာခံစားချက်မှတော့ မရှိတော့ပါဘူးနော်။"
"မရှိတော့ဘူး။ ဘယ်သူ့အပေါ်မှာမှ ခံစားချက် မရှိတော့တာမို့ မင်းစိတ်ချလို့ ရပါတယ်။"
Rokumi ၏ စကားအပေါ် Medusa ပျော်ရမလား၊ ဝမ်းနည်းရမလားပင် မပြောတတ်တော့ပါ။ တစ်ခုကွဲဖူးတဲ့ မှန်တစ်ချပ်ကို ကော်ကပ်ပြီး သုံးရင်တောင် ပုံမှန်အခြေနေ မဖြစ်နိုင်တော့ပါ။ နှစ်ခါကွဲခဲ့ဖူးတဲ့ မှန်ဆိုရင်တော့......အခုဟာက တိတ်နဲ့တောင် ပြန်ဆက်၍ မရသော နှလုံးသား ဖြစ်နေသည်ကို။To be continue.......
KAMU SEDANG MEMBACA
Love me like you do(only Unicode)
AcakRokumiဟာ ပိုက်ဆံဆိုတာကို အသက်လို့ သဘောထားပြီး ရှင်သန်နေတဲ့ လူရွယ်တစ်ယောက်။ သူက အချစ်ဆိုတာကြီးကို ရွံမုန်းပြီး ယုံကြည်မှုဆိုတာကို မျက်ကွယ်ပြုထားသူ။ ဒါပေမဲ့ ကံကြမ္မာကြီးက သူ့ဘဝထဲကို ပြန်ဆုံရမယ်လို့ မထင်မှတ်ထားတဲ့ လူတွေနဲ့ ပြန်တွေဆုံစေပြီး အကျီစယ်ကြီး...