Part 41

136 17 3
                                    

Kin က Rokumi အား မလွှတ်ဘဲ လက်ဖြင့် ထပ်ပြီး ထွေးပွေ့လိုက်သည်မို့ Rokumi ကျားပါးစပ်ထဲ ရောက်သွားသလို ကြောက်ကြောက်လန့်လန့်နှင့် တွန်းဖယ်လိုက်မိသည်။ စိတ်လှုပ်ရှားမှုကြောင့် Rokumi အသက်ရှုတွေမြန်လာပြီး ထိုနားမှာပဲ ကျောက်ရုပ်ကြီးတစ်ခုလို မတ်တတ်ရပ်နေမိသည်။ Kin ၏ မျက်လုံးများသည် Rokumi အခန်းကို ဝေ့ကြည့်ရင်း ကုတင်ပေါ်၌ အဆုံးသတ်သွားသည်။
"သူမင်းအခန်းမှာ ခဏခဏ လာအိပ်တယ်ဆို? အမှန်ပဲလား။"
Rokumi အားမွေးပြီး သူ့ကို ဘုကြည့်ပြန်ကြည့်လိုက်သည်။
"ကျွန်တော့်ဘာသာကျွန်တော် ဘယ်သူနဲ့ပဲအိပ်အိပ်၊ ခင်ဗျားနဲ့မဆိုင်ဘူးလို့ထင်ပါတယ်။"
Kin က မကျေနပ်ဟန်ဖြင့် Rokumi အား စိုက်ကြည့်ရင်း သူ၏ မေးရိုးတွေဟာလည်း ထင်းနေ၏။ အိမ်း၊ ညီအစ်ကိုတွေ မေးရိုးကျပုံချင်းတော့ တူသားဟု Rokumi တွေးလိုက်မိသည်။

"ငါ......ငါမင်းကို လိုက်ရှာခဲ့တယ်။...."
"ဆက်မပြောပါနဲ့။ ကျေးဇူးပြုပြီး။ အခု ကျွန်တော်တို့ကြားမှာ ဘာကိစ္စမှလည်း မရှိဘူး။ အဲဒါကြောင့် အခန်းရှေ့က ဖယ်ပေးပါ။"
Kin ခေါင်းငုံ့ပြီး ငြိမ်သက်သွားသော်လည်း အခန်းရှေ့က မထွက်သွားသေး။ အတန်ကြာမှ သူပြန်မော့ကြည့်ရင်းဆိုသည်။
"ငါ့ဆီပြန်လာခဲ့။"
Rokumi ခနဲ့ပြီး ရယ်ပစ်လိုက်ချင်မိသည်။ 'ပြန်လာခဲ့'တဲ့လား။ လူချမ်းသာတွေ မျက်လုံးထဲမှာ သူဟာ စျေးပေါလွန်းတဲ့ လူတစ်ယောက် ဖြစ်နေတာများလား။
"ငါမင်းကို တရားဝင်တွဲမယ်။ မင်းလိုချင်တာ မှန်သမျှ ပေးနိုင်တယ်။ အလုပ်လုပ်စရာ၊ ပင်ပန်းစရာ မလိုတဲ့ ဘဝမျိုး ပေးနိုင်တယ်။"
ညီအစ်ကိုနှစ်ယောက် dialogue တွေ အတူတူ ကျက်ထားကြတာများလား။ နှစ်ယောက်စလုံး ပါးစပ်က ထွက်တာတွေက အတူတူတွေ ဖြစ်နေသည်မို့ Rokumi ပြုံးလိုက်မိသည်။
"....ပထမဆုံးအနေနဲ့ ကျွန်တော်က ယောကျ်ားတစ်ယောက်ပါ။ အကောင်းတိုင်း ရှိနေတဲ့ ယောကျ်ားတစ်ယောက်။ ကိုယ်ထမင်းစားဖို့ ကိုယ့်ဘာသာကိုယ် ရှာစားနိုင်တယ်။ ဒုတိယအနေနဲ့ ခင်ဗျားရဲ့ သိက္ခာရှိ အသိုင်းအဝိုင်းကြီးက ဒီကိစ္စကို လက်ခံနိုင်မှာတဲ့လား။ တတိယအနေနဲ့က ကိစ္စတွေ အများကြီးဖြစ်၊ နှစ်တွေ အတော်ကြာမှ ပြန်တွေ့ပြီး ပထမဆုံး ပြောတဲ့ စကားက တောင်းပန်စကား မဟုတ်ဘဲ သူများသူစိမ်းနဲ့ ကျွန်တော့်ကို စွပ်စွပ်စွဲစွဲ ပြောတဲ့ စကား။ ခင်ဗျားပြောကြည့်။ ကျွန်တော် ခင်ဗျားကို ပြန်လက်ခံမယ်လို့ ဘယ်အချက်ကို ကြည့်ပြီး တွေးနေရတာလဲ။"
Kin ဟာ တစ်စုံတစ်ခုကို ချက်ချင်း ပြန်ပြောလိုက်ချင်သော်လည်း စကားလုံးတို့ဟာ နှုတ်ခမ်းဝတွင် တစ်စို့နေပြီး မထွက်လာသဖြင့် သူခေါင်းကိုသာ ငိုက်ချကာ အားယူလိုက်သည်။
"တောင်းပန်ပါတယ်။"
Rokumi မျက်ခုံးများ တွန့်ချိုးသွားသည်။ ဒီလူကြီးက သူ့ကို တောင်းပန်တယ်တဲ့လား။
"ငါလွန်သွားတာပါ။ မင်းမကျေနပ်ရင် ငါ့ကို ထိုးလို့ ရိုက်လို့ရတယ်။ ပြီးရင်တော့ ငါဆီ ပြန်လာခဲ့ပါ။"
Rokumi သူ့ကို ကြည့်ပြီး ကြောင်ရပ်နေမိသည်။ အခုဖြစ်နေတာတွေက အစစ်ဟုတ်မှဟုတ်ရဲ့လားလို့ သံသယ ဝင်မိသည်။ သူ့လိုလူက မိမိအားတကယ်ကြီး တောင်းပန်နေသည်တဲ့လေ။
'သူတောင်းပန်တာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ ဘာအရေးလဲ။ ငါက သူ့ကို ပြန်ခွင့်လွှတ်မှာမှ မဟုတ်ဘဲ။'
သူ တံခါးကို ဆွဲပိတ်မလို့ လုပ်တော့ ထိုလူကြီးက တားထားပြန်သည်။
"မင်း Medusa ကို ကြိုက်နေတာတော့ မဟုတ်ပါဘူးနော်။"
"......ကျွန်တော် ပြောပြီးသွားပြီ။ ကျွန်တော့်ဘာသာကျွန်တော် ဘယ်လိုပဲ ဖြစ်နေဖြစ်နေ၊ ခင်ဗျားနဲ့ မဆိုင်ပါဘူးဆို။"
"အဲဒီကောင်က မင်းကို တကယ်ကြိုက်တာ မဟုတ်ဘူး။"
"ခင်ဗျားက သူ့အကြောင်း ဘာသိလို့လဲ။"
Rokumi မသိလိုက်ဘာသာနှင့် Medusa ဘက်က ကာပြောပေးနေမိသည်။
"မင်းကရော၊ သူ့အကြောင်း ဘာသိလို့လဲ။"
သို့ပေမဲ့ Kin ၏ အမေးက Rokumi အား စကားမဲ့သွားစေသည်။
"မင်းတို့နှစ်ယောက် ထောင်ထဲမှာ စတွေ့ခဲ့တာလို့ ငါကြားထားတယ်။ အဲဒီလက်ငါးချောင်း မပြည့်တဲ့နှစ်ကလေးအတွင်းမှာ မင်းသူ့အကြောင်း ဘယ်လောက်သိခဲ့လို့လဲ။ သူ့ရဲ့ အတိတ်၊ သူ့နောက်ခံမိသားစု၊ သူ့ရည်ရွယ်ချက်။...ဘာတွေသိလဲ ပြောကြည့်စမ်းပါ။"
"......."
"သူက မင်းထင်နေသလောက် မရိုးရှင်းဘူး Rokumi။ ခေါင်းမမာဘဲ ငါပြောတာ နားထောင်ပြီး ငါ့ဆီပြန်လာခဲ့ပေးပါ။ သူလိုလူမျိုးက မင်းကို တကယ်ချစ်မှာ မဟုတ်ဘူး။"
Kin ၏ စကားလုံးတို့က Rokumi ၏ နှလုံးသားအား နာကျင်စေသည်။ ဘာအကြောင်းကြောင့်လဲ မသိပေမဲ့ပေါ့။
"ခင်ဗျားကရော......သူ့အစ်ကိုဖြစ်တဲ့ခင်ဗျားကရော....ကျွန်တော့်ကို တကယ်ချစ်မယ်လို့ ဘယ်ဘုရားသခင်က အာမခံပေးနိုင်လို့လဲ။"
"......."
"နောက်ဆုံးတော့ အတူတူတွေပဲကို။"
".....ကောင်းကောင်းပြောလို့မရရင်တော့ ပြောမနေတော့ဘူး။"

အနားပိုပို တိုးလာသော Kin ကြောင့် Rokumi မှာ နောက်ပြန်ပြန်ဆုတ်ရင်း အခန်းထဲသို့ နှစ်ယောက်သား ရောက်လာကြသည်။ အမှန်တိုင်းပြောရရင် Rokumi ကြောက်သည်။ Kin က သူ့ထက်လူကောင်ပိုကြီးသလို၊ အရှိန်အဝါကအစ သားရဲကြီးတစ်ကောင်လို ဆွဲဆုတ်ပစ်ချင်နေသည့် အရှိန်အဝါမျိုးဖြစ်နေတာမို့ မိမိဘက်က စပြီး မလှုပ်ရှားရဲ။ 'ကယ်ကြပါဦး'လို့ အော်ရအောင်လည်း ယောကျ်ားသိက္ခာကြီးက ပိတ်ဆို့နေကာ သူ့မှာ လွတ်လမ်းမရှိအောင်ကို ဖြစ်နေတော့သည်။

အခြားတစ်ဖက်မှာတော့ Kinသည် Rokumi အခုဖြစ်နေသော ပုံစံကို ကြည့်ရင်း လွန်စွာ အသည်းယားနေမိသည်။ ကြောက်နေသော်လည်း မကြောက်ဟန်ဆောင်နေသော အနှီလူသားမှာ သူ့စိတ်ကို စွနေသလို ဖြစ်နေသည်ကို သိမည်မထင်။ စိတ်ရှိတိုင်းသာ ဝုန်းဒိုင်းကြဲလိုက်ရရင် အရိုးတခြားအသားတခြား ဖြစ်သွားရင်တောင် ဘယ်သူမှ သိလိုက်ကြမည်မဟုတ်။ ဒါပေမဲ့ မလုပ်ရက်ပါ။ သူ့နှလုံးသားနဲ့ ချစ်ခဲ့မိတဲ့ ပထမဆုံးလူသားဖြစ်နေတာကို။ ထိုလူသားကို မျက်နှာတစ်ချက် မညှိုးစေဘဲ သူ့ဘေးနားမှာ ထားဖို့ကသာ သူ့ဆန္ဒအစစ်အမှန်ဖြစ်သည်။ အခုလောလောဆယ်တော့ သူ Rokumi ကို ပွဲကြမ်းချင်နေသည်။ ရိုးရိုးတန်းတန်း ပွဲကြမ်းချင်တာ မဟုတ်ဘဲ ကုတင်ပေါ်မှာ ကြမ်းချင်နေတာဖြစ်သည်။

To be continue..........

Love me like you do(only Unicode)Where stories live. Discover now